စူရဟ်များအားလုံး

စူရဟ် 96

The Clot

سُورَةُ العَلَقِ

Al-Alaq · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱقْرَأْ بِٱسْمِ رَبِّكَ ٱلَّذِى خَلَقَ

    စကားအသုံးအနှုန်း: Iqra bismi rab bikal lazee khalaq

    (အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

  2. 2

    خَلَقَ ٱلْإِنسَٰنَ مِنْ عَلَقٍ

    စကားအသုံးအနှုန်း: Khalaqal insaana min 'alaq

    ထိုအရှင်မြတ်သည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏။

  3. 3

    ٱقْرَأْ وَرَبُّكَ ٱلْأَكْرَمُ

    စကားအသုံးအနှုန်း: Iqra wa rab bukal akram

    (အို-နဗီတမန်တော်) အသင်သည် ဖတ်ပါ လေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

  4. 4

    ٱلَّذِى عَلَّمَ بِٱلْقَلَمِ

    စကားအသုံးအနှုန်း: Al lazee 'allama bil qalam

    အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

  5. 5

    عَلَّمَ ٱلْإِنسَٰنَ مَا لَمْ يَعْلَمْ

    စကားအသုံးအနှုန်း: 'Al lamal insaana ma lam y'alam

    ထိုအရှင်မြတ်သည် လူသားတို့အား ၎င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း။

  6. 6

    كَلَّآ إِنَّ ٱلْإِنسَٰنَ لَيَطْغَىٰٓ

    စကားအသုံးအနှုန်း: Kallaa innal insaana layatghaa

    မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။

  7. 7

    أَن رَّءَاهُ ٱسْتَغْنَىٰٓ

    စကားအသုံးအနှုန်း: Ar-ra aahus taghnaa

    ၎င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။

  8. 8

    إِنَّ إِلَىٰ رَبِّكَ ٱلرُّجْعَىٰٓ

    စကားအသုံးအနှုန်း: Innna ilaa rabbikar ruj'aa

    ဧကန်မလွဲ(အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်အထံတော်သို့သာလျှင် ဖြစ်သည်။

  9. 9

    أَرَءَيْتَ ٱلَّذِى يَنْهَىٰ

    စကားအသုံးအနှုန်း: Ara-aital lazee yanhaa

    (အို-နဗီတမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။

  10. 10

    عَبْدًا إِذَا صَلَّىٰٓ

    စကားအသုံးအနှုန်း: 'Abdan iza sallaa

    (အလ္လာဟ်အရှင်မြတ်၏) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာတ်ဝတ်ပြုသောအခါဝယ်။

  11. 11

    أَرَءَيْتَ إِن كَانَ عَلَى ٱلْهُدَىٰٓ

    စကားအသုံးအနှုန်း: Ara-aita in kana 'alal hudaa

    (အို-နဗီတမန်တော်) အသင်သည် (ထိုလူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် တရားလမ်းမှန်ပေါ်၌ရှိခဲ့မူ။

  12. 12

    أَوْ أَمَرَ بِٱلتَّقْوَىٰٓ

    စကားအသုံးအနှုန်း: Au amara bit taqwaa

    သို့တည်းမဟုတ် ၎င်းသည် (ပြစ်မှုများမှ) ကြဉ်ရှောင်ရန် အမိန့်ပေးခဲ့မူ (မကောင်းပါလော)။

  13. 13

    أَرَءَيْتَ إِن كَذَّبَ وَتَوَلَّىٰٓ

    စကားအသုံးအနှုန်း: Ara-aita in kaz zaba wa ta walla

    (အို-နဗီတမန်တော်) အသင်သည်(ထိုသူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ပြီးနောက် (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) မျက်နှာလွှဲဖယ်ခဲ့သော် (မည်သူအကျိုးယုတ်အံ့နည်း)။

  14. 14

    أَلَمْ يَعْلَم بِأَنَّ ٱللَّهَ يَرَىٰ

    စကားအသုံးအနှုန်း: Alam y'alam bi-an nal lahaa yaraa

    အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။

  15. 15

    كَلَّا لَئِن لَّمْ يَنتَهِ لَنَسْفَعًۢا بِٱلنَّاصِيَةِ

    စကားအသုံးအနှုန်း: Kalla la illam yantahi la nasfa'am bin nasiyah

    မှတ်ယူလော့၊ အကယ်၍ ထိုသူသည် (မိမိ အပြုအမူကို) မရပ်စဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်း၏) ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။

  16. 16

    نَاصِيَةٍۢ كَٰذِبَةٍ خَاطِئَةٍۢ

    စကားအသုံးအနှုန်း: Nasiyatin kazi batin khaatiyah

    (ထိုဦးစွန်းကား) မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော ဦးစွန်းပင်။

  17. 17

    فَلْيَدْعُ نَادِيَهُۥ

    စကားအသုံးအနှုန်း: Fal yad'u naadiyah

    သို့ဖြစ်ပေရာ ၎င်းသည် မိမိ၏အခြွေအရံများကို ခေါ်ယူစေ။

  18. 18

    سَنَدْعُ ٱلزَّبَانِيَةَ

    စကားအသုံးအနှုန်း: Sanad 'uz zabaaniyah

    ယခုပင် ငါအရှင်မြတ်သည်လည်း ငရဲစောင့် ကောင်းကင်တမန်တို့ကို ခေါ်ယူတော်မူမည်။

  19. 19

    كَلَّا لَا تُطِعْهُ وَٱسْجُدْ وَٱقْتَرِب ۩

    စကားအသုံးအနှုန်း: Kalla; la tuti'hu wasjud waqtarib

    အလျှင်းမဟုတ်၊ (အို-နဗီတမန်တော်) အသင်သည် ၎င်း၏စကားကို မလိုက်နာလေနှင့်၊ ထို့ပြင် အသင်သည်(အလ္လာဟ်အရှင်မြတ်အား) "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ၎င်းပြင် အသင်သည် (ဝတ်ပြုခြင်းအားဖြင့် ထိုအရှင်မြတ်အပါးတော်သို့) ချဉ်းကပ်ပါလေ။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Clot — Islam Word