သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِّسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلتِّينِ وَٱلزَّيْتُونِ
စကားအသုံးအနှုန်း: Wat teeni waz zaitoon
(ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
- 2
وَطُورِ سِينِينَ
စကားအသုံးအနှုန်း: Wa toori sineen
ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။
- 3
وَهَٰذَا ٱلْبَلَدِ ٱلْأَمِينِ
စကားအသုံးအနှုန်း: Wa haazal balad-il ameen
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။
- 4
لَقَدْ خَلَقْنَا ٱلْإِنسَٰنَ فِىٓ أَحْسَنِ تَقْوِيمٍۢ
စကားအသုံးအနှုန်း: Laqad khalaqnal insaana fee ahsani taqweem
ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။
- 5
ثُمَّ رَدَدْنَٰهُ أَسْفَلَ سَٰفِلِينَ
စကားအသုံးအနှုန်း: Thumma ra dad naahu asfala saafileen
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။
- 6
إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ فَلَهُمْ أَجْرٌ غَيْرُ مَمْنُونٍۢ
စကားအသုံးအနှုန်း: Ill-lal lazeena aamanoo wa 'amilus saalihaati; falahum ajrun ghairu mamnoon
သို့ရာတွင် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့မှာကား မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။
- 7
فَمَا يُكَذِّبُكَ بَعْدُ بِٱلدِّينِ
စကားအသုံးအနှုန်း: Fama yu kaz zibuka b'adu bid deen
သို့ပါလျက် (ဤသည်တို့ကိုသိရှိပြီး)နောက်တွင် အစားပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သည့်အရာက လှုံ့ဆော်သနည်း။
- 8
أَلَيْسَ ٱللَّهُ بِأَحْكَمِ ٱلْحَٰكِمِينَ
စကားအသုံးအနှုန်း: Alai sal laahu bi-ahkamil haakimeen
အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် မဟုတ်လော။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။