သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِّسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِنَّآ أَنزَلْنَٰهُ فِى لَيْلَةِ ٱلْقَدْرِ
စကားအသုံးအနှုန်း: Innaa anzalnaahu fee lailatil qadr
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်၌ ချပေးသနားတော်မူခဲ့၏။
- 2
وَمَآ أَدْرَىٰكَ مَا لَيْلَةُ ٱلْقَدْرِ
စကားအသုံးအနှုန်း: Wa maa adraaka ma lailatul qadr
စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်သည် အဘယ်နည်းဟု အသင် သိပါသလော။
- 3
لَيْلَةُ ٱلْقَدْرِ خَيْرٌۭ مِّنْ أَلْفِ شَهْرٍۢ
စကားအသုံးအနှုန်း: Lailatul qadri khairum min alfee shahr
လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သော ညဉ့်ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏၊
- 4
تَنَزَّلُ ٱلْمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذْنِ رَبِّهِم مِّن كُلِّ أَمْرٍۢ
စကားအသုံးအနှုန်း: Tanaz zalul malaa-ikatu war roohu feeha bi izni-rab bihim min kulli amr
ထိုညဉ့်၌ ကောင်းကင်တမန်များသည်လည်းကောင်း၊ ဂျစ်ဗ်ရိလ်သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။
- 5
سَلَٰمٌ هِىَ حَتَّىٰ مَطْلَعِ ٱلْفَجْرِ
စကားအသုံးအနှုန်း: Salaamun hiya hattaa mat la'il fajr
ထိုညဉ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသောညပင် ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။