သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَلَمْ نَشْرَحْ لَكَ صَدْرَكَ
စကားအသုံးအနှုန်း: Alam nashrah laka sadrak
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။
- 2
وَوَضَعْنَا عَنكَ وِزْرَكَ
စကားအသုံးအနှုန်း: Wa wa d'ana 'anka wizrak
၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် (မဟုတ်လော)။
- 3
ٱلَّذِىٓ أَنقَضَ ظَهْرَكَ
စကားအသုံးအနှုန်း: Allazee anqada zahrak
ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။
- 4
وَرَفَعْنَا لَكَ ذِكْرَكَ
စကားအသုံးအနှုန်း: Wa raf 'ana laka zikrak
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။
- 5
فَإِنَّ مَعَ ٱلْعُسْرِ يُسْرًا
စကားအသုံးအနှုန်း: Fa inna ma'al usri yusra
သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။
- 6
إِنَّ مَعَ ٱلْعُسْرِ يُسْرًۭا
စကားအသုံးအနှုန်း: Inna ma'al 'usri yusra
ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန်(ဒွန်တွဲလျက်ပင်) ရှိ၏။
- 7
فَإِذَا فَرَغْتَ فَٱنصَبْ
စကားအသုံးအနှုန်း: Fa iza faragh ta fansab
သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ(ဝတ်ပြုမှု၌) ကြိုးပမ်းအားထုတ်ပါလေ။
- 8
وَإِلَىٰ رَبِّكَ فَٱرْغَب
စကားအသုံးအနှုန်း: Wa ilaa rabbika far ghab
၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။