စူရဟ်များအားလုံး

စူရဟ် 93

The Morning Hours

سُورَةُ الضُّحَىٰ

Ad-Dhuhaa · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلضُّحَىٰ

    စကားအသုံးအနှုန်း: Wad duhaa

    (ငါအရှင်မြတ်သည်) နေတက်ချိန် (နေ၏အလင်းရောင်)ကို သက်သေထူတော်မူ၏။

  2. 2

    وَٱلَّيْلِ إِذَا سَجَىٰ

    စကားအသုံးအနှုန်း: Wal laili iza sajaa

    ၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

  3. 3

    مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ

    စကားအသုံးအနှုန်း: Ma wad da'aka rabbuka wa ma qalaa

    အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အသင့်ကို စွန့်ပစ်၍ထားတော်မူသည် လည်းမဟုတ်၊(အသင့်အား) မုန်းတီးတော်မူသည်လည်း မဟုတ်ပေ။

  4. 4

    وَلَلْءَاخِرَةُ خَيْرٌۭ لَّكَ مِنَ ٱلْأُولَىٰ

    စကားအသုံးအနှုန်း: Walal-aakhiratu khairul laka minal-oola

    စင်စစ်သော်ကား အသင့်အဖို့ တမလွန်ဘဝသည် မျက်မှောက်လောကီဘဝထက် သာလွန် ကောင်းမြတ်လှ၏။

  5. 5

    وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰٓ

    စကားအသုံးအနှုန်း: Wa la sawfa y'uteeka rabbuka fatarda

    ၎င်းပြင် မကြာမြင့်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင် နှစ်သိမ့် ကျေနပ်လောက်အောင် အမှန်ပင် ချီးမြှင့်ပေးသနား တော်မူပေမည်။

  6. 6

    أَلَمْ يَجِدْكَ يَتِيمًۭا فَـَٔاوَىٰ

    စကားအသုံးအနှုန်း: Alam ya jidka yateeman fa aawaa

    ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူခဲ့၍ ခိုကိုးရာပေးတော်မူခဲ့သည် မဟုတ်လော။

  7. 7

    وَوَجَدَكَ ضَآلًّۭا فَهَدَىٰ

    စကားအသုံးအနှုန်း: Wa wa jadaka daal lan fahada

    ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းမပေါက်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ လမ်းညွှန်တော်မူခဲ့၏။

  8. 8

    وَوَجَدَكَ عَآئِلًۭا فَأَغْنَىٰ

    စကားအသုံးအနှုန်း: Wa wa jadaka 'aa-ilan fa aghnaa

    ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ် တွေ့ရှိတော်မူခဲ့ရာ ဥစ္စာပစ္စည်းကြွယ်ဝ စေတော်မူခဲ့၏။

  9. 9

    فَأَمَّا ٱلْيَتِيمَ فَلَا تَقْهَرْ

    စကားအသုံးအနှုန်း: Fa am mal yateema fala taqhar

    သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိဘမဲ့ကလေးသူငယ်အား ဖိနှိပ်(ကြိမ်းမောင်း) ခြင်းကို မပြုပါလေနှင့်။

  10. 10

    وَأَمَّا ٱلسَّآئِلَ فَلَا تَنْهَرْ

    စကားအသုံးအနှုန်း: Wa am mas saa-ila fala tanhar

    ထိုနည်းတူစွာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် သူတောင်းစားအား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုပါလေနှင့်။

  11. 11

    وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ

    စကားအသုံးအနှုန်း: Wa amma bi ni'mati rabbika fahad dith

    ထိုမှတစ်ပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို ထုတ်ဖေါ်ပြောကြား၍ နေပါလေ။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Morning Hours — Islam Word