သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلَّيْلِ إِذَا يَغْشَىٰ
စကားအသုံးအနှုန်း: Wallaili izaa yaghshaa
(ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။
- 2
وَٱلنَّهَارِ إِذَا تَجَلَّىٰ
စကားအသုံးအနှုန်း: Wannahaari izaa tajalla
၎င်းပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။
- 3
وَمَا خَلَقَ ٱلذَّكَرَ وَٱلْأُنثَىٰٓ
စကားအသုံးအနှုန်း: Wa maa khalaqaz zakara wal unthaa
ထို့ပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ကို သက်သေထူတော်မူ၏။
- 4
إِنَّ سَعْيَكُمْ لَشَتَّىٰ
စကားအသုံးအနှုန်း: Inna sa'yakum lashattaa
ဧကန်စင်စစ် အသင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။
- 5
فَأَمَّا مَنْ أَعْطَىٰ وَٱتَّقَىٰ
စကားအသုံးအနှုန်း: Fa ammaa man a'taa wattaqaa
သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၎င်းပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့လေ၏။
- 6
وَصَدَّقَ بِٱلْحُسْنَىٰ
စကားအသုံးအနှုန်း: Wa saddaqa bil husnaa
ထိုမှတစ်ပါး ထိုလူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။
- 7
فَسَنُيَسِّرُهُۥ لِلْيُسْرَىٰ
စကားအသုံးအနှုန်း: Fasanu yassiruhoo lilyusraa
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူသည်။
- 8
وَأَمَّا مَنۢ بَخِلَ وَٱسْتَغْنَىٰ
စကားအသုံးအနှုန်း: Wa ammaa mam bakhila wastaghnaa
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။
- 9
وَكَذَّبَ بِٱلْحُسْنَىٰ
စကားအသုံးအနှုန်း: Wa kazzaba bil husnaa
ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။
- 10
فَسَنُيَسِّرُهُۥ لِلْعُسْرَىٰ
စကားအသုံးအနှုန်း: Fasanu yassiruhoo lil'usraa
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။
- 11
وَمَا يُغْنِى عَنْهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ
စကားအသုံးအနှုန်း: Wa maa yughnee 'anhu maaluhooo izaa taraddaa
၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။
- 12
إِنَّ عَلَيْنَا لَلْهُدَىٰ
စကားအသုံးအနှုန်း: Inna 'alainaa lal hudaa
ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
- 13
وَإِنَّ لَنَا لَلْءَاخِرَةَ وَٱلْأُولَىٰ
စကားအသုံးအနှုန်း: Wa inna lanaa lal Aakhirata wal oolaa
ထို့ပြင် ဧကန်မလွဲ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက် လောကကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။
- 14
فَأَنذَرْتُكُمْ نَارًۭا تَلَظَّىٰ
စကားအသုံးအနှုန်း: Fa anzartukum naaran talazzaa
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်တို့အား ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ)မီးနှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။
- 15
لَا يَصْلَىٰهَآ إِلَّا ٱلْأَشْقَى
စကားအသုံးအနှုန်း: Laa yaslaahaaa illal ashqaa
ထို(ငရဲ)မီးထဲသို့ အလွန်အကြောင်းမလှသောသူ၊ ယုတ်မာသောသူသာလျှင် လားရမည်ဖြစ်၏။
- 16
ٱلَّذِى كَذَّبَ وَتَوَلَّىٰ
စကားအသုံးအနှုန်း: Allazee kazzaba wa tawallaa
အကြင်(အကြောင်းမလှသော)သူသည် (နဗီတမန်တော်မြတ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကာ(အီမာန်သက်ဝင် ယုံကြည်ခြင်းမှလည်း) မျက်နှာလွှဲခဲ့၏။
- 17
وَسَيُجَنَّبُهَا ٱلْأَتْقَى
စကားအသုံးအနှုန်း: Wa sa yujannnabuhal atqaa
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ ခန့်ညားသောသူမှာမူကား ထို(ငရဲ) မီးမှကင်းဝေးစေခြင်း ကိုခံရပေမည်။
- 18
ٱلَّذِى يُؤْتِى مَالَهُۥ يَتَزَكَّىٰ
စကားအသုံးအနှုန်း: Allazee yu'tee maalahoo yatazakkaa
အကြင် (ကြောက်ရွံ့ရိုသေခန့်ညားသော)သူသည် မိမိ သန့်ရှင်းစင်ကြယ်အံ့သောငှာ မိမိ ဥစ္စာပစ္စည်းကိုပေးကမ်းလှူဒါန်း၏။
- 19
وَمَا لِأَحَدٍ عِندَهُۥ مِن نِّعْمَةٍۢ تُجْزَىٰٓ
စကားအသုံးအနှုန်း: Wa maa li ahadin 'indahoo min ni'matin tujzaaa
၎င်း၏အပေါ်၌ ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်၏ ကျေးဇူးတစ်စုံတစ်ရာမျှပင် မရှိပေ။
- 20
إِلَّا ٱبْتِغَآءَ وَجْهِ رَبِّهِ ٱلْأَعْلَىٰ
စကားအသုံးအနှုန်း: Illab tighaaa'a wajhi rabbihil a 'laa
မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရယူရန် (ပေးကမ်း လှူဒါန်းခြင်း)သာဖြစ်၏။
- 21
وَلَسَوْفَ يَرْضَىٰ
စကားအသုံးအနှုန်း: Wa lasawfa yardaa
စင်စစ် ထိုသူသည် မကြာမြင့်မီ အမှန်ပင် ကျေနပ်သွားမည် ဖြစ်သတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။