စူရဟ်များအားလုံး

စူရဟ် 91

The Sun

سُورَةُ الشَّمۡسِ

Ash-Shams · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلشَّمْسِ وَضُحَىٰهَا

    စကားအသုံးအနှုန်း: Wash shamsi wa duhaa haa

    (ငါ အရှင်မြတ်သည်) နေကိုလည်းကောင်း၊ ထိုနေ၏အလင်းရောင်၊ အလင်းရောင်တက်ချိန်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

  2. 2

    وَٱلْقَمَرِ إِذَا تَلَىٰهَا

    စကားအသုံးအနှုန်း: Wal qamari izaa talaa haa

    ထို့ပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုလစန္ဒာသည် ယင်းနေ၏နောက်မှလိုက်၏။

  3. 3

    وَٱلنَّهَارِ إِذَا جَلَّىٰهَا

    စကားအသုံးအနှုန်း: Wannahaari izaa jallaa haa

    ၎င်းပြင် (ငါအရှင်မြတ်သည်)နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် ယင်းနေကို လင်းဝင်းစေ၏။

  4. 4

    وَٱلَّيْلِ إِذَا يَغْشَىٰهَا

    စကားအသုံးအနှုန်း: Wallaili izaa yaghshaa haa

    ထို့ပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက် သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် ယင်းနေကို ဖုံးလွှမ်းလေ၏။

  5. 5

    وَٱلسَّمَآءِ وَمَا بَنَىٰهَا

    စကားအသုံးအနှုန်း: Wassamaaa'i wa maa banaahaa

    ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်ကို ပြုလုပ်ဖန်ဆင်း တော်မူသောအရှင်ကိုလည်းကောင်း၊ သက်သေ ထူတော်မူ၏။

  6. 6

    وَٱلْأَرْضِ وَمَا طَحَىٰهَا

    စကားအသုံးအနှုန်း: Wal ardi wa maa tahaahaa

    ထို့ပြင် (ငါအရှင်မြတ်သည်)ပထဝီမြေကို လည်းကောင်း၊ ထိုပထဝီမြေကို ဖြန့်ခင်းတော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

  7. 7

    وَنَفْسٍۢ وَمَا سَوَّىٰهَا

    စကားအသုံးအနှုန်း: Wa nafsinw wa maa sawwaahaa

    ထိုမှတစ်ပါး အသက်ဇီဝိန်ကိုလည်းကောင်း၊ ထိုအသက်ဇီဝိန်ကို စုံလင်အောင် ပြုလုပ်တော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

  8. 8

    فَأَلْهَمَهَا فُجُورَهَا وَتَقْوَىٰهَا

    စကားအသုံးအနှုန်း: Fa-alhamahaa fujoorahaa wa taqwaahaa

    တဖန် ထိုအရှင်မြတ်သည် ထိုအသက်ဇီဝိန်တွင်းဝယ် ထိုအသက်ဇီဝိန်၏ ပြစ်မှုဒုစရိုက်(၏အသိ) ကိုလည်းကောင်း၊ ကောင်းမှုသုစရိုက်(၏အသိ)ကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။

  9. 9

    قَدْ أَفْلَحَ مَن زَكَّىٰهَا

    စကားအသုံးအနှုန်း: Qad aflaha man zakkaahaa

    စင်စစ်ဧကန် ထိုအသက်ဇီဝိန်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။

  10. 10

    وَقَدْ خَابَ مَن دَسَّىٰهَا

    စကားအသုံးအနှုန်း: Wa qad khaaba man dassaahaa

    သို့ရာတွင် ထိုအသက်ဇီဝိန်ကို(ဒုစရိုက်မှုများတွင်) နစ်မြုပ်စေခဲ့သော သူသည် ပျက်စီးဆုံးရှုံးခဲ့ ချေပြီတကား။

  11. 11

    كَذَّبَتْ ثَمُودُ بِطَغْوَىٰهَآ

    စကားအသုံးအနှုန်း: Kazzabat Samoodu bi taghwaahaaa

    ဆမူဒ်" အမျိုးသားတို့သည် မိမိတို့၏ ဆိုးသွမ်းမှုကြောင့် (နဗီတမန်တော် ဆွာလစ်ဟ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။

  12. 12

    إِذِ ٱنۢبَعَثَ أَشْقَىٰهَا

    စကားအသုံးအနှုန်း: Izim ba'asa ashqaahaa

    အကြင်အခါဝယ် ၎င်းတို့အနက်မှ အယုတ်မာဆုံးသောသူသည် အရှိန်နှင့်ထွက်ပေါ်လာခဲ့၏။

  13. 13

    فَقَالَ لَهُمْ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقْيَٰهَا

    စကားအသုံးအနှုန်း: Faqaala lahum Rasoolul laahi naaqatal laahi wa suqiyaahaa

    ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။

  14. 14

    فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُم بِذَنۢبِهِمْ فَسَوَّىٰهَا

    စကားအသုံးအနှုန်း: Fakazzaboohu fa'aqaroohaa fadamdama 'alaihim Rabbuhum bizambihim fasaw waahaa

    သို့ရာတွင် ထို "ဆမူဒ်" အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏) ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ပြီးနောက် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ ၎င်းတို့၏ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးနှင့် သက်ဆိုင်စေတော်မူခဲ့၏။ (အားလုံးအပေါ်သို့ ပျံ့နှံ့သက်ရောက်စေတော်မူခဲ့လေသည်)။

  15. 15

    وَلَا يَخَافُ عُقْبَٰهَا

    စကားအသုံးအနှုန်း: Wa laa yakhaafu'uqbaahaa

    စင်စစ် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်၏နောက်ဆက်(ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု၊ ဒဏ်ပြန်မှု)ကို အလျင်းစိုးရိမ်တော်မူသည် မဟုတ်ပေတကား။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။