စူရဟ်များအားလုံး

စူရဟ် 90

The City

سُورَةُ البَلَدِ

Al-Balad · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لَآ أُقْسِمُ بِهَٰذَا ٱلْبَلَدِ

    စကားအသုံးအနှုန်း: Laaa uqsimu bihaazal balad

    ငါအရှင်မြတ်သည် ဤ(မက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။

  2. 2

    وَأَنتَ حِلٌّۢ بِهَٰذَا ٱلْبَلَدِ

    စကားအသုံးအနှုန်း: Wa anta hillum bihaazal balad

    စင်စစ် အသင်သည် ဤ(မက္ကဟ်)မြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။

  3. 3

    وَوَالِدٍۢ وَمَا وَلَدَ

    စကားအသုံးအနှုန်း: Wa waalidinw wa maa walad

    ၎င်းပြင် (ငါအရှင်မြတ်သည်) ဖခင်ကိုလည်းကောင်း၊ ထိုဖခင်က မွေးဖွားသည့်(သားသမီး)ကို လည်းကောင်း၊ သက်သေထူတော်မူ၏။

  4. 4

    لَقَدْ خَلَقْنَا ٱلْإِنسَٰنَ فِى كَبَدٍ

    စကားအသုံးအနှုန်း: Laqad khalaqnal insaana fee kabad

    မုချဧကန် ငါအရှင်မြတ်သည် လူကို(ကြီးကျယ်သော) ပင်ပန်းမှု၌ (ပင်ပန်းသောဘဝ၌) ဖန်ဆင်းတော်မူခဲ့၏။

  5. 5

    أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌۭ

    စကားအသုံးအနှုန်း: Ayahsabu al-lai yaqdira 'alaihi ahad

    ထိုလူသည် မိမိအပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် အလျှင်းတတ်စွမ်းနိုင်မည် မဟုတ်ဟု ထင်မှတ်လေသလော။

  6. 6

    يَقُولُ أَهْلَكْتُ مَالًۭا لُّبَدًا

    စကားအသုံးအနှုန်း: Yaqoolu ahlaktu maalal lubadaa

    ၎င်းက ကျွန်ုပ်သည် မြောက်မြားစွာသော ပစ္စည်းဥစ္စာကို သုံးဖြုန်းခဲ့သည်ဟု (ဝါကြွား)ပြောဆိုလေ၏။

  7. 7

    أَيَحْسَبُ أَن لَّمْ يَرَهُۥٓ أَحَدٌ

    စကားအသုံးအနှုန်း: Ayahsabu al lam yarahooo ahad

    ၎င်းသည် မိမိအား မည်သူတစ်ဦးတစ်ယောက်မျှပင် မြင်ခဲ့သည် မဟုတ်ဟူ၍ ထင်မှတ်လေသလော။

  8. 8

    أَلَمْ نَجْعَل لَّهُۥ عَيْنَيْنِ

    စကားအသုံးအနှုန်း: Alam naj'al lahoo 'aynayn

    ငါအရှင်မြတ်သည် ၎င်းအား မျက်စိနှစ်လုံးကိုပြုလုပ်၍ ပေးသနားတော်မူခဲ့သည် မဟုတ်ပါလော။

  9. 9

    وَلِسَانًۭا وَشَفَتَيْنِ

    စကားအသုံးအနှုန်း: Wa lisaananw wa shafatayn

    ထို့ပြင် လျှာတစ်ခုကိုလည်းကောင်း၊ နှုတ်ခမ်းနှစ်ခုကိုလည်းကောင်း၊ (ပြုလုပ်ပေးသနားတော်မမူခဲ့ ပါသလော)။

  10. 10

    وَهَدَيْنَٰهُ ٱلنَّجْدَيْنِ

    စကားအသုံးအနှုန်း: Wa hadaynaahun najdayn

    ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား (အကောင်းအဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသတည်း။

  11. 11

    فَلَا ٱقْتَحَمَ ٱلْعَقَبَةَ

    စကားအသုံးအနှုန်း: Falaq tahamal-'aqabah

    သို့ပါလျက် ထိုလူသားသည် တောင်ကြား လမ်းကိုဖြတ်ကူးခဲ့သည် မဟုတ်ပေ။

  12. 12

    وَمَآ أَدْرَىٰكَ مَا ٱلْعَقَبَةُ

    စကားအသုံးအနှုန်း: Wa maaa adraaka mal'aqabah

    စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင် သိပါသလော။

  13. 13

    فَكُّ رَقَبَةٍ

    စကားအသုံးအနှုန်း: Fakku raqabah

    ကျွန် တစ်ဦးတစ်ယောက်အား (ကျွန်ဘဝမှ)လွတ်မြောက်စေခြင်းပင်။

  14. 14

    أَوْ إِطْعَٰمٌۭ فِى يَوْمٍۢ ذِى مَسْغَبَةٍۢ

    စကားအသုံးအနှုန်း: Aw it'aamun fee yawmin zee masghabah

    သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။

  15. 15

    يَتِيمًۭا ذَا مَقْرَبَةٍ

    စကားအသုံးအနှုန်း: Yateeman zaa maqrabah

    ဆွေမျိုးနီးစပ်ဖြစ်သော ဘမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။

  16. 16

    أَوْ مِسْكِينًۭا ذَا مَتْرَبَةٍۢ

    စကားအသုံးအနှုန်း: Aw miskeenan zaa matrabah

    မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။

  17. 17

    ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُوا۟ وَتَوَاصَوْا۟ بِٱلصَّبْرِ وَتَوَاصَوْا۟ بِٱلْمَرْحَمَةِ

    စကားအသုံးအနှုန်း: Summa kaana minal lazeena aamanoo wa tawaasaw bissabri wa tawaasaw bilmarhamah

    ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အချင်းချင်း တစ်ဦး ကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ ထိုနည်းတူစွာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကရုဏာတရားထားရှိကြရန်လည်း လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။

  18. 18

    أُو۟لَٰٓئِكَ أَصْحَٰبُ ٱلْمَيْمَنَةِ

    စကားအသုံးအနှုန်း: Ulaaa'ika As-haabul maimanah

    ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။

  19. 19

    وَٱلَّذِينَ كَفَرُوا۟ بِـَٔايَٰتِنَا هُمْ أَصْحَٰبُ ٱلْمَشْـَٔمَةِ

    စကားအသုံးအနှုန်း: Wallazeena kafaroo bi aayaatinaa hum as-haabul Mash'amah

    သို့ရာတွင် အကြင်သူတို့သည် ငါအရှင်မြတ်၏အာယတ်တော်များကို သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား လက်ဝဲဘက်သားများပင် ဖြစ်ကြကုန်၏။

  20. 20

    عَلَيْهِمْ نَارٌۭ مُّؤْصَدَةٌۢ

    စကားအသုံးအနှုန်း: Alaihim naarum mu'sadah

    ၎င်းတို့အပေါ်၌ ပိတ်လှောင်ထားသော ဖုံးအုပ်ထားသော မီးသည် လွှမ်းခြုံလျက်ပင် ရှိချေအံ့သတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The City — Islam Word