စူရဟ်များအားလုံး

စူရဟ် 87

The Most High

سُورَةُ الأَعۡلَىٰ

Al-A'laa · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَبِّحِ ٱسْمَ رَبِّكَ ٱلْأَعْلَى

    စကားအသုံးအနှုန်း: Sabbihisma Rabbikal A'laa

    (အို-နဗီတမန်တော်) အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ အရှင်မြတ်၏နာမံတော် (သန့်ရှင်းစင်ကြယ်ကြောင်း)ကို ချီးမွမ်းမြွက်ဆိုပါလေ။

  2. 2

    ٱلَّذِى خَلَقَ فَسَوَّىٰ

    စကားအသုံးအနှုန်း: Allazee khalaqa fasawwaa

    အကြင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို)ဖန်ဆင်းတော်မူပြီးနောက် နေထားတကျဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။

  3. 3

    وَٱلَّذِى قَدَّرَ فَهَدَىٰ

    စကားအသုံးအနှုန်း: Wallazee qaddara fahadaa

    ၎င်းပြင် ထိုအရှင်မြတ်သည် တင်ရင်စီမံတော်မူပြီးနောက် လမ်းညွှန်တော်မူခဲ့၏။

  4. 4

    وَٱلَّذِىٓ أَخْرَجَ ٱلْمَرْعَىٰ

    စကားအသုံးအနှုန်း: Wallazeee akhrajal mar'aa

    ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြက်သစ်ပင်(ကောက်ပဲသီးနှံ)ကို ပေါက်ရောက်စေတော်မူခဲ့၏။

  5. 5

    فَجَعَلَهُۥ غُثَآءً أَحْوَىٰ

    စကားအသုံးအနှုန်း: Faja'alahoo ghusaaa'an ahwaa

    ထို့နောက် ထိုအရှင်မြတ်သည် ယင်းမြက်သစ်ပင်များကို (ဆွေးမြေ့)မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုး၊ ဖြစ်စေတော်မူခဲ့၏။

  6. 6

    سَنُقْرِئُكَ فَلَا تَنسَىٰٓ

    စကားအသုံးအနှုန်း: Sanuqri'uka falaa tansaaa

    (အို-နဗီတမန်တော်၊)မုချဧကန် ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်စေတော်မူမည်၊ သို့ဖြစ်လျှင် အသင်သည် မေ့လျော့မည် မဟုတ်တော့ပြီ။

  7. 7

    إِلَّا مَا شَآءَ ٱللَّهُ ۚ إِنَّهُۥ يَعْلَمُ ٱلْجَهْرَ وَمَا يَخْفَىٰ

    စကားအသုံးအနှုန်း: Illaa maa shaaa'al laah; innahoo ya'lamul jahra wa maa yakhfaa

    အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာ မှတပါး အခြားကို၊ ဧကန်မလွဲ ထိုအရှင်မြတ်သည် ထင်ရှားသိသာသော အရာကိုလည်းကောင်း၊ ဖုံးကွယ်လျက်ရှိသော အရာကိုလည်းကောင်း၊ သိရှိတော်မူ၏။

  8. 8

    وَنُيَسِّرُكَ لِلْيُسْرَىٰ

    စကားအသုံးအနှုန်း: Wa nu-yassiruka lilyusraa

    ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုသို့ ပို့ပေးတော်မူပေမည်။ (ငါအရှင်မြတ်သည် အသင့်အား လွယ်ကူသော ရှရီအတ်ကို (လိုက်နာကျင့်သုံးရန်) လွယ်ကူစေတော်မူမည်)။

  9. 9

    فَذَكِّرْ إِن نَّفَعَتِ ٱلذِّكْرَىٰ

    စကားအသုံးအနှုန်း: Fazakkir in nafa'atizzikraa

    သို့ဖြစ်ပေရာ အကယ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်စေလျှင် အသင်သည် ဆုံးမပါလေ။

  10. 10

    سَيَذَّكَّرُ مَن يَخْشَىٰ

    စကားအသုံးအနှုန်း: Sa yazzakkaru maiyakhshaa

    (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့သောသူသည် အမှန်ပင် တရားရပေလိမ့်မည်။

  11. 11

    وَيَتَجَنَّبُهَا ٱلْأَشْقَى

    စကားအသုံးအနှုန်း: Wa yatajannabuhal ashqaa

    သို့ရာတွင် အလွန် အကြောင်းမလှသောသူမှာမူကား ယင်းဆုံးမဩဝါဒမှ သွေဖည်၍ နေပေလိမ့်မည်။

  12. 12

    ٱلَّذِى يَصْلَى ٱلنَّارَ ٱلْكُبْرَىٰ

    စကားအသုံးအနှုန်း: Allazee yaslan Naaral kubraa

    အကြင် အကြောင်းမလှသောသူသည် အလွန်ကြီးကျယ်သော မီးထဲသို့ ဝင်ရောက်ရပေမည်။

  13. 13

    ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ

    စကားအသုံးအနှုန်း: Summa laa yamootu feehaa wa laa yahyaa

    ထို့နောက် ထိုသူသည် ယင်းမီးထဲ၌ သေဆုံးသွားမည်လည်းမဟုတ်ပေ၊ အသက်ရှင်၍နေမည်လည်း မဟုတ်ပေတကား။

  14. 14

    قَدْ أَفْلَحَ مَن تَزَكَّىٰ

    စကားအသုံးအနှုန်း: Qad aflaha man tazakkaa

    ဧကန်မလွဲ အကြင်သူသည် အောင်မြင်ခဲ့လေပြီ၊ ထိုသူသည် "အီမာန်" သက်ဝင်ယုံကြည်ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းခဲ့၏။

  15. 15

    وَذَكَرَ ٱسْمَ رَبِّهِۦ فَصَلَّىٰ

    စကားအသုံးအနှုန်း: Wa zakaras ma Rabbihee fasallaa

    ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို အောက်မေ့ တသပြီးနောက် "ဆွလာတ်" ဝတ်ပြုခဲ့၏။

  16. 16

    بَلْ تُؤْثِرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا

    စကားအသုံးအနှုန်း: Bal tu'siroonal hayaatad dunyaa

    ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား အသင်တို့သည် လောကီဘဝကိုပင် ဦးစားပေးနေကြကုန်၏။

  17. 17

    وَٱلْءَاخِرَةُ خَيْرٌۭ وَأَبْقَىٰٓ

    စကားအသုံးအနှုန်း: Wal Aakhiratu khairunw wa abqaa

    အမှန်သော်ကား တမလွန်ဘဝသည် ပိုမို၍ ကောင်းမြတ်သည့်ပြင် ပိုမို၍ပင် တည်မြဲပေသည်။

  18. 18

    إِنَّ هَٰذَا لَفِى ٱلصُّحُفِ ٱلْأُولَىٰ

    စကားအသုံးအနှုန်း: Inna haazaa lafis suhu fil oolaa

    ဧကန်စင်စစ် ဤသည် ရှေးဟောင်းကျမ်းများ၌လည်း လာရှိခဲ့ပေပြီ။

  19. 19

    صُحُفِ إِبْرَٰهِيمَ وَمُوسَىٰ

    စကားအသုံးအနှုန်း: Suhufi Ibraaheema wa Moosaa

    (နဗီတမန်တော်)အိဗ်ရာဟီမ်၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌လည်းကောင်း၊ (နဗီတမန်တော်)မူစာ၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌ လည်းကောင်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။