သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلسَّمَآءِ وَٱلطَّارِقِ
စကားအသုံးအနှုန်း: Wassamaaa'i wattaariq
(ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
- 2
وَمَآ أَدْرَىٰكَ مَا ٱلطَّارِقُ
စကားအသုံးအနှုန်း: Wa maaa adraaka mattaariq
စင်စစ် ညဉ့်အချိန်၌လာသောအရာကား မည်သည့်အရာနည်းဟု အသင် သိပါသလော။
- 3
ٱلنَّجْمُ ٱلثَّاقِبُ
စကားအသုံးအနှုန်း: Annajmus saaqib
ယင်းသည် (ထွင်းဖောက်)လင်းဝင်းတောက်ပသော ကြယ်တာရာပင်။
- 4
إِن كُلُّ نَفْسٍۢ لَّمَّا عَلَيْهَا حَافِظٌۭ
စကားအသုံးအနှုန်း: In kullu nafsil lammaa 'alaihaa haafiz
လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။
- 5
فَلْيَنظُرِ ٱلْإِنسَٰنُ مِمَّ خُلِقَ
စကားအသုံးအနှုန်း: Fal yanzuril insaanu mimma khuliq
သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။
- 6
خُلِقَ مِن مَّآءٍۢ دَافِقٍۢ
စကားအသုံးအနှုန်း: Khuliqa mim maaa'in daafiq
ထိုလူသားသည် ပန်း၍ထွက်သောအရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။
- 7
يَخْرُجُ مِنۢ بَيْنِ ٱلصُّلْبِ وَٱلتَّرَآئِبِ
စကားအသုံးအနှုန်း: Yakhruju mim bainissulbi wat taraaa'ib
ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။
- 8
إِنَّهُۥ عَلَىٰ رَجْعِهِۦ لَقَادِرٌۭ
စကားအသုံးအနှုန်း: Innahoo 'alaa raj'ihee laqaadir
ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
- 9
يَوْمَ تُبْلَى ٱلسَّرَآئِرُ
စကားအသုံးအနှုန်း: Yawma tublas saraaa'ir
လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။
- 10
فَمَا لَهُۥ مِن قُوَّةٍۢ وَلَا نَاصِرٍۢ
စကားအသုံးအနှုန်း: Famaa lahoo min quwwatinw wa laa naasir
ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။
- 11
وَٱلسَّمَآءِ ذَاتِ ٱلرَّجْعِ
စကားအသုံးအနှုန်း: Wassamaaa'i zaatir raj'
(ငါအရှင်မြတ်သည်) မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။
- 12
وَٱلْأَرْضِ ذَاتِ ٱلصَّدْعِ
စကားအသုံးအနှုန်း: Wal ardi zaatis sad'
၎င်းပြင် (ငါအရှင်မြတ်သည်) (သီးနှံထွက်ချိန်တွင်) အက်ကွဲသောပထဝီမြေကို သက်သေထူတော်မူ၏။
- 13
إِنَّهُۥ لَقَوْلٌۭ فَصْلٌۭ
စကားအသုံးအနှုန်း: Innahoo laqawlun fasl
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အပြီးအပြတ်စကားပင် ဖြစ်ပေသည်။ (တိကျ ပြတ်သားသော အဆုံးအဖြတ်ပင် ဖြစ်ပေသည်။)
- 14
وَمَا هُوَ بِٱلْهَزْلِ
စကားအသုံးအနှုန်း: Wa maa huwa bil hazl
၎င်းပြင် ထိုစကားသည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် ကရော်ကမည် ပြောဆိုသောစကား မဟုတ်ပြီ။
- 15
إِنَّهُمْ يَكِيدُونَ كَيْدًۭا
စကားအသုံးအနှုန်း: Innahum yakeedoona kaidaa
ဧကန်စင်စစ် ထို("ကာဖိရ်"သွေဖည်ငြင်းပယ်သော)သူတို့သည် အကြံအစည် အမျိုးမျိုးကို ကြံစည်လျက် ရှိကြကုန်၏။
- 16
وَأَكِيدُ كَيْدًۭا
စကားအသုံးအနှုန်း: Wa akeedu kaidaa
ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျက် ရှိတော်မူ၏။
- 17
فَمَهِّلِ ٱلْكَٰفِرِينَ أَمْهِلْهُمْ رُوَيْدًۢا
စကားအသုံးအနှုန်း: Famahhilil kaafireena amhilhum ruwaidaa
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား ရွှေ့ဆိုင်းခွင့်ပေးပါလေ။ အသင်သည် ၎င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။ (ခေတ္တ လန်စမ်းထားပါလေ။)
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။