သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ هَلْ أَتَىٰكَ حَدِيثُ ٱلْغَٰشِيَةِ
စကားအသုံးအနှုန်း: Hal ataaka hadeesul ghaashiyah
(အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။
- 2
وُجُوهٌۭ يَوْمَئِذٍ خَٰشِعَةٌ
စကားအသုံးအနှုန်း: Wujoohuny yawma 'izin khaashi'ah
ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။
- 3
عَامِلَةٌۭ نَّاصِبَةٌۭ
စကားအသုံးအနှုန်း: 'Aamilatun naasibah
ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။
- 4
تَصْلَىٰ نَارًا حَامِيَةًۭ
စကားအသုံးအနှုန်း: Taslaa naaran haamiyah
၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။
- 5
تُسْقَىٰ مِنْ عَيْنٍ ءَانِيَةٍۢ
စကားအသုံးအနှုန်း: Tusqaa min 'aynin aaniyah
၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။
- 6
لَّيْسَ لَهُمْ طَعَامٌ إِلَّا مِن ضَرِيعٍۢ
စကားအသုံးအနှုန်း: Laisa lahum ta'aamun illaa min daree'
၎င်းတို့အဖို့ "ဿွာရီအ်" မည်သော ဆူးပင်မှတစ်ပါး အခြားအဟာရဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
- 7
لَّا يُسْمِنُ وَلَا يُغْنِى مِن جُوعٍۢ
စကားအသုံးအနှုန်း: Laa yusminu wa laa yughnee min joo'
ထိုဆူးပင်မှာ (၎င်းတို့အား)ဝဖြိုးစေမည်လည်းမဟုတ်ပေ။ ဆာလောင် မွတ်သိပ်ခြင်းမှ အဆာပြေ ရောင့်ရဲစေမည်လည်း မဟုတ်ပေတကား။
- 8
وُجُوهٌۭ يَوْمَئِذٍۢ نَّاعِمَةٌۭ
စကားအသုံးအနှုန်း: Wujoohuny yawma 'izin naa'imah
များစွာသော(သူတို့၏) မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြည်ရွှင်လန်းလျက်ပင် ရှိကြပေမည်။
- 9
لِّسَعْيِهَا رَاضِيَةٌۭ
စကားအသုံးအနှုန်း: Lisa'yihaa raadiyah
(၎င်းတို့သည်) မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်သက်ကျေနပ်လျက်ရှိကြပေမည်။
- 10
فِى جَنَّةٍ عَالِيَةٍۢ
စကားအသုံးအနှုန်း: Fee jannatin 'aaliyah
မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌ ရှိကြပေမည်။
- 11
لَّا تَسْمَعُ فِيهَا لَٰغِيَةًۭ
စကားအသုံးအနှုန်း: Laa tasma'u feehaa laaghiyah
၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားကို ကြားကြမည် မဟုတ်ပေ။
- 12
فِيهَا عَيْنٌۭ جَارِيَةٌۭ
စကားအသုံးအနှုန်း: Feehaa 'aynun jaariyah
ယင်းဂျန္နတ်သုခဘုံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။
- 13
فِيهَا سُرُرٌۭ مَّرْفُوعَةٌۭ
စကားအသုံးအနှုန်း: Feehaa sururum marfoo'ah
ယင်း ဂျန္နတ်သုခဘုံ၌ မြင့်စွင့်သော သလွန် များရှိကြပေသည်။
- 14
وَأَكْوَابٌۭ مَّوْضُوعَةٌۭ
စကားအသုံးအနှုန်း: Wa akwaabum mawdoo 'ah
၎င်းပြင် သောက်ရေဖလားများသည်လည်း စီထားလျက် ရှိကြပေသည်။
- 15
وَنَمَارِقُ مَصْفُوفَةٌۭ
စကားအသုံးအနှုန်း: Wa namaariqu masfoofah
ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ခင်းကျင်းထားလျက် ရှိကြပေသည်။
- 16
وَزَرَابِىُّ مَبْثُوثَةٌ
စကားအသုံးအနှုန်း: Wa zaraabiyyu mabsoosah
ထိုမှတစ်ပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။
- 17
أَفَلَا يَنظُرُونَ إِلَى ٱلْإِبِلِ كَيْفَ خُلِقَتْ
စကားအသုံးအနှုန်း: Afalaa yanzuroona ilalibili kaifa khuliqat
အသို့ပါနည်း ကုလားအုတ်များသည် အဘယ်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ၎င်းတို့သည် ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။
- 18
وَإِلَى ٱلسَّمَآءِ كَيْفَ رُفِعَتْ
စကားအသုံးအနှုန်း: Wa ilas samaaa'i kaifa rufi'at
ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်စွင့်စေခြင်းကို ခံခဲ့ရသည်ကိုလည်းကောင်း။
- 19
وَإِلَى ٱلْجِبَالِ كَيْفَ نُصِبَتْ
စကားအသုံးအနှုန်း: Wa ilal jibaali kaifa nusibat
ထို့အတူ တောင်များသည် အဘယ်ကဲ့သို့ စိုက်ထူခြင်းကို ခံခဲ့ကြရသည်ကိုလည်းကောင်း။
- 20
وَإِلَى ٱلْأَرْضِ كَيْفَ سُطِحَتْ
စကားအသုံးအနှုန်း: Wa ilal ardi kaifa sutihat
ထိုမှတစ်ပါး ပထဝီမြေသည် အဘယ်ကဲ့သို့ ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ (ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော)။
- 21
فَذَكِّرْ إِنَّمَآ أَنتَ مُذَكِّرٌۭ
စကားအသုံးအနှုန်း: Fazakkir innama anta Muzakkir
သို့ဖြစ်ပေရာ အသင်သည် ဆုံးမလျက် ရှိပါလေ။ အသင်သည် ဆုံးမသူတစ်ဦးမျှသာ ဖြစ်ပေသည်။
- 22
لَّسْتَ عَلَيْهِم بِمُصَيْطِرٍ
စကားအသုံးအနှုန်း: Lasta 'alaihim bimusaitir
အသင်သည် ၎င်းတို့အပေါ်၌ စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။
- 23
إِلَّا مَن تَوَلَّىٰ وَكَفَرَ
စကားအသုံးအနှုန်း: Illaa man tawallaa wa kafar
သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်လည်းကောင်း။
- 24
فَيُعَذِّبُهُ ٱللَّهُ ٱلْعَذَابَ ٱلْأَكْبَرَ
စကားအသုံးအနှုန်း: Fa yu'azzibuhul laahul 'azaabal akbar
အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်ပေသည်။
- 25
إِنَّ إِلَيْنَآ إِيَابَهُمْ
စကားအသုံးအနှုန်း: Innaa ilainaaa iyaabahum
ဧကန်မလွဲ ၎င်းတို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည် ဖြစ်ပေသည်။
- 26
ثُمَّ إِنَّ عَلَيْنَا حِسَابَهُم
စကားအသုံးအနှုန်း: Summa inna 'alainaa hisaabahum
ထို့နောက် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။