စူရဟ်များအားလုံး

စူရဟ် 85

The Mansions of the Stars

سُورَةُ البُرُوجِ

Al-Burooj · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلسَّمَآءِ ذَاتِ ٱلْبُرُوجِ

    စကားအသုံးအနှုန်း: Wassamaaa'i zaatil burooj

    (ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။

  2. 2

    وَٱلْيَوْمِ ٱلْمَوْعُودِ

    စကားအသုံးအနှုန်း: Wal yawmil maw'ood

    ၎င်းပြင် ချိန်းချက်ပြီးဖြစ်သောနေ့ကို သက်သေထူတော်မူ၏။

  3. 3

    وَشَاهِدٍۢ وَمَشْهُودٍۢ

    စကားအသုံးအနှုန်း: Wa shaahidinw wa mashhood

    ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

  4. 4

    قُتِلَ أَصْحَٰبُ ٱلْأُخْدُودِ

    စကားအသုံးအနှုန်း: Qutila as haabul ukhdood

    ကျင်းရှင်(တွင်းရှင်) ကျုံးတို့သည် ပျက်စီးခဲ့ကြရလေသည်။

  5. 5

    ٱلنَّارِ ذَاتِ ٱلْوَقُودِ

    စကားအသုံးအနှုန်း: Annaari zaatil waqood

    ထင်းများစွာ (လောင်စာများစွာ)ရှိသော မီးရှင်တို့သည်။

  6. 6

    إِذْ هُمْ عَلَيْهَا قُعُودٌۭ

    စကားအသုံးအနှုန်း: Iz hum 'alaihaa qu'ood

    အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။

  7. 7

    وَهُمْ عَلَىٰ مَا يَفْعَلُونَ بِٱلْمُؤْمِنِينَ شُهُودٌۭ

    စကားအသုံးအနှုန်း: Wa hum 'alaa maa yaf'aloona bilmu 'mineena shuhood

    ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။

  8. 8

    وَمَا نَقَمُوا۟ مِنْهُمْ إِلَّآ أَن يُؤْمِنُوا۟ بِٱللَّهِ ٱلْعَزِيزِ ٱلْحَمِيدِ

    စကားအသုံးအနှုန်း: Wa maa naqamoo minhum illaaa aiyu'minoo billaahil 'azeezil Hameed

    စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။

  9. 9

    ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ

    စကားအသုံးအနှုန်း: Allazee lahoo mulkus samaawaati wal ard; wallaahu 'alaa kulli shai 'in Shaheed

    မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။

  10. 10

    إِنَّ ٱلَّذِينَ فَتَنُوا۟ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ ثُمَّ لَمْ يَتُوبُوا۟ فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ ٱلْحَرِيقِ

    စကားအသုံးအနှုန်း: Innal lazeena fatanul mu'mineena wal mu'minaati summa lam yatooboo falahum 'azaabu Jahannama wa lahum 'azaabul hareeq

    ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။

  11. 11

    إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُمْ جَنَّٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ ۚ ذَٰلِكَ ٱلْفَوْزُ ٱلْكَبِيرُ

    စကားအသုံးအနှုန်း: Innal lazeena aamanoo wa 'amilus saalihaati lahum Jannaatun tajree min tahtihal anhaar; zaalikal fawzul kabeer

    ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။

  12. 12

    إِنَّ بَطْشَ رَبِّكَ لَشَدِيدٌ

    စကားအသုံးအနှုန်း: Inna batsha Rabbika lashadeed

    မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။

  13. 13

    إِنَّهُۥ هُوَ يُبْدِئُ وَيُعِيدُ

    စကားအသုံးအနှုန်း: Innahoo Huwa yubdi'u wa yu'eed

    ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။

  14. 14

    وَهُوَ ٱلْغَفُورُ ٱلْوَدُودُ

    စကားအသုံးအနှုန်း: Wa Huwal Ghafoorul Wadood

    ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။

  15. 15

    ذُو ٱلْعَرْشِ ٱلْمَجِيدُ

    စကားအသုံးအနှုန်း: Zul 'Arshil Majeed

    အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။

  16. 16

    فَعَّالٌۭ لِّمَا يُرِيدُ

    စကားအသုံးအနှုန်း: Fa' 'aalul limaa yureed

    မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။

  17. 17

    هَلْ أَتَىٰكَ حَدِيثُ ٱلْجُنُودِ

    စကားအသုံးအနှုန်း: Hal ataaka hadeesul junood

    (အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။

  18. 18

    فِرْعَوْنَ وَثَمُودَ

    စကားအသုံးအနှုန်း: Fir'awna wa Samood

    ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။

  19. 19

    بَلِ ٱلَّذِينَ كَفَرُوا۟ فِى تَكْذِيبٍۢ

    စကားအသုံးအနှုန်း: Balil lazeena kafaroo fee takzeeb

    ထိုမျှမကသေးပေ၊ စင်စစ်မှာကား ကာဖိရ် သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် (ကုရ်အာန်ကျမ်းမြတ်ကိုပင်) မဟုတ်မမှန်ဟူ၍ ပြောဆိုငြင်းပယ်လျက် ရှိကြသေး၏။

  20. 20

    وَٱللَّهُ مِن وَرَآئِهِم مُّحِيطٌۢ

    စကားအသုံးအနှုန်း: Wallaahu minw waraaa'ihim muheet

    စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလျက် ရှိတော်မူ၏။

  21. 21

    بَلْ هُوَ قُرْءَانٌۭ مَّجِيدٌۭ

    စကားအသုံးအနှုန်း: Bal huwa Quraanum Majeed

    ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ဤသည် အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

  22. 22

    فِى لَوْحٍۢ مَّحْفُوظٍۭ

    စကားအသုံးအနှုန်း: Fee Lawhim Mahfooz

    လုံခြုံစွာ ထိန်းသိမ်း၍ထားသည့် သင်ပုန်း၌ရေးမှတ်ပြီးဖြစ်သော။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။