စူရဟ်များအားလုံး

စူရဟ် 84

The Sundering

سُورَةُ الانشِقَاقِ

Al-Inshiqaaq · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا ٱلسَّمَآءُ ٱنشَقَّتْ

    စကားအသုံးအနှုန်း: Izas samaaa'un shaqqat

    အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားပေမည်။

  2. 2

    وَأَذِنَتْ لِرَبِّهَا وَحُقَّتْ

    စကားအသုံးအနှုန်း: Wa azinat li Rabbihaa wa huqqat

    ၎င်းပြင် ထိုမိုးကောင်းကင်သည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံပေမည်။စင်စစ် ယင်းမိုးကောင်းကင်သည် (ယင်းသို့ နာခံရန်သာ)ထိုက်တန်ပေသည်။

  3. 3

    وَإِذَا ٱلْأَرْضُ مُدَّتْ

    စကားအသုံးအနှုန်း: Wa izal ardu muddat

    ထို့ပြင် အကြင်အခါဝယ် ပထဝီမြေသည် ဆွဲဖြန့်ခြင်းကို ခံရပေမည်။

  4. 4

    وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ

    စကားအသုံးအနှုန်း: Wa alqat maa feehaa wa takhallat

    ၎င်းပြင် ယင်းပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာဝတ္ထုများကို (အပြင်သို့ အန်)ထုတ်ပြီးလျှင် ဗလာချည်း ဖြစ်သွားပေမည်။

  5. 5

    وَأَذِنَتْ لِرَبِّهَا وَحُقَّتْ

    စကားအသုံးအနှုန်း: Wa azinat li Rabbihaa wa huqqat

    ထို့ပြင် ယင်းပထဝီမြေသည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံစေမည်။ စင်စစ် ယင်းပထဝီမြေသည် ယင်းသို့ နာခံရန်သာ ထိုက်တန်ပေသည်။

  6. 6

    يَٰٓأَيُّهَا ٱلْإِنسَٰنُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًۭا فَمُلَٰقِيهِ

    စကားအသုံးအနှုန်း: Yaaa ayyuhal insaanu innaka kaadihun ilaa Rabbika kad han famulaaqeeh

    အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။

  7. 7

    فَأَمَّا مَنْ أُوتِىَ كِتَٰبَهُۥ بِيَمِينِهِۦ

    စကားအသုံးအနှုန်း: Fa ammaa man ootiya kitaabahoo biyameenih

    မည်သို့ပင်ဖြစ်စေ ထိုအခါ မိမိမှတ်တမ်းကို မိမိလက်ယာဘက်လက်ထဲ၌ ပေးခြင်းကို ခံရသောသူသည်

  8. 8

    فَسَوْفَ يُحَاسَبُ حِسَابًۭا يَسِيرًۭا

    စကားအသုံးအနှုန်း: Fasawfa yuhaasabu hi saabai yaseeraa

    ထိုသူသည် လွယ်ကူသော စစ်ဆေးမှုကို စစ်ဆေးခြင်း ခံရပေမည်။

  9. 9

    وَيَنقَلِبُ إِلَىٰٓ أَهْلِهِۦ مَسْرُورًۭا

    စကားအသုံးအနှုန်း: Wa yanqalibu ilaaa ahlihee masrooraa

    ၎င်းပြင် ထိုသူသည် မိမိ အိမ်သူအိမ်သား အပေါင်းအဖော်တို့ထံမှ ဝမ်းမြောက်စွာ ပြန်လာပေမည်။

  10. 10

    وَأَمَّا مَنْ أُوتِىَ كِتَٰبَهُۥ وَرَآءَ ظَهْرِهِۦ

    စကားအသုံးအနှုန်း: Wa ammaa man ootiya kitaabahoo waraaa'a zahrih

    သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ မိမိမှတ်တမ်းကို မိမိနောက်ကျောဘက်မှပေးခြင်းကို ခံရသောသူသည်

  11. 11

    فَسَوْفَ يَدْعُوا۟ ثُبُورًۭا

    စကားအသုံးအနှုန်း: Fasawfa yad'oo subooraa

    အမှန်ပင် ထိုသူသည် သေခြင်းတရားကို ဟစ်ခေါ်ပေမည်။

  12. 12

    وَيَصْلَىٰ سَعِيرًا

    စကားအသုံးအနှုန်း: Wa yaslaa sa'eeraa

    ၎င်းပြင် ထိုသူသည် (ဂျဟန္နမ်ငရဲ၏)မီးတောက်မီးလျှံထဲသို့ ဝင်ရပေမည်။

  13. 13

    إِنَّهُۥ كَانَ فِىٓ أَهْلِهِۦ مَسْرُورًا

    စကားအသုံးအနှုန်း: Innahoo kaana feee ahlihee masrooraa

    ဧကန်စင်စစ် ထိုသူသည် မိမိအိမ်သူအိမ်သား အပေါင်းအဖော်တို့၌ ပျော်ရွှင်စွာရှိခဲ့ပေသည်။

  14. 14

    إِنَّهُۥ ظَنَّ أَن لَّن يَحُورَ

    စကားအသုံးအနှုန်း: Innahoo zanna al lai yahoor

    ဧကန်စင်စစ် ၎င်းသည် (မိမိအရှင်မြတ်အထံတော်သို့)အလျင်းပြန်သွားရမည် မဟုတ်ဟု ထင်မှတ်ခဲ့ပေသည်။

  15. 15

    بَلَىٰٓ إِنَّ رَبَّهُۥ كَانَ بِهِۦ بَصِيرًۭا

    စကားအသုံးအနှုန်း: Balaaa inna Rabbahoo kaana bihee baseeraa

    အဘယ်မှာလျှင် မဟုတ်ပါသနည်း၊ ဧကန်မလွဲ ၎င်း၏အရှင်မြတ်သည် ၎င်းအား ကောင်းစွာ ရှုမြင်လျက်ပင် ရှိတော်မူပေသတည်း။

  16. 16

    فَلَآ أُقْسِمُ بِٱلشَّفَقِ

    စကားအသုံးအနှုန်း: Falaaa uqsimu bishshafaq

    သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေဝင်ဆည်းဆာ (နေဝင်ပြီးနောက်ကျန်ရှိသော) ရောင်နီကို သက်သေထူတော်မူ၏။

  17. 17

    وَٱلَّيْلِ وَمَا وَسَقَ

    စကားအသုံးအနှုန်း: Wallaili wa maa wasaq

    ထို့ပြင်(ငါအရှင်မြတ်)သည် ညဉ့်ကိုလည်းကောင်း၊ ထိုညဉ့်က ဖုံးလွှမ်းသောအရာများကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။

  18. 18

    وَٱلْقَمَرِ إِذَا ٱتَّسَقَ

    စကားအသုံးအနှုန်း: Walqamari izat tasaq

    ၎င်းပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုလစန္ဒာသည် ပြည့်ဝန်းလေသည်။

  19. 19

    لَتَرْكَبُنَّ طَبَقًا عَن طَبَقٍۢ

    စကားအသုံးအနှုန်း: Latarkabunna tabaqan 'an tabaq

    အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရပေမည်။

  20. 20

    فَمَا لَهُمْ لَا يُؤْمِنُونَ

    စကားအသုံးအနှုန်း: Famaa lahum laa yu'minoon

    သို့ပါလျက် ၎င်းတို့သည် မည်သည့်အကြောင်းကြောင့် မယုံကြည်ကြပါသနည်း။

  21. 21

    وَإِذَا قُرِئَ عَلَيْهِمُ ٱلْقُرْءَانُ لَا يَسْجُدُونَ ۩

    စကားအသုံးအနှုန်း: Wa izaa quri'a 'alaihimul Quraanu laa yasjudoon

    ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။

  22. 22

    بَلِ ٱلَّذِينَ كَفَرُوا۟ يُكَذِّبُونَ

    စကားအသုံးအနှုန်း: Balil lazeena kafaroo yukazziboon

    ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။

  23. 23

    وَٱللَّهُ أَعْلَمُ بِمَا يُوعُونَ

    စကားအသုံးအနှုန်း: Wallaahu a'lamu bimaa yoo'oon

    စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

  24. 24

    فَبَشِّرْهُم بِعَذَابٍ أَلِيمٍ

    စကားအသုံးအနှုန်း: Fabashshirhum bi'azaabin aleem

    သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား ပြင်းပြနာကျင်ဖွယ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

  25. 25

    إِلَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍۭ

    စကားအသုံးအနှုန်း: Illal lazeena aamanoo wa 'amilus saalihaati lahum ajrun ghairu mamnoon

    သို့ရာတွင် "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့မှာမူကား အဆုံးမရှိသော အကျိုးကျေးဇူးသည် ရှိပေသတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Sundering — Islam Word