စူရဟ်များအားလုံး

စူရဟ် 83

The Defrauding

سُورَةُ المُطَفِّفِينَ

Al-Mutaffifin · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَيْلٌۭ لِّلْمُطَفِّفِينَ

    စကားအသုံးအနှုန်း: Wailul lil mutaffifeen

    အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။

  2. 2

    ٱلَّذِينَ إِذَا ٱكْتَالُوا۟ عَلَى ٱلنَّاسِ يَسْتَوْفُونَ

    စကားအသုံးအနှုန်း: Allazeena izak taaloo 'alan naasi yastawfoon

    အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။

  3. 3

    وَإِذَا كَالُوهُمْ أَو وَّزَنُوهُمْ يُخْسِرُونَ

    စကားအသုံးအနှုန်း: Wa izaa kaaloohum aw wazanoohum yukhsiroon

    သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။

  4. 4

    أَلَا يَظُنُّ أُو۟لَٰٓئِكَ أَنَّهُم مَّبْعُوثُونَ

    စကားအသုံးအနှုန်း: Alaa yazunnu ulaaa'ika annahum mab'oosoon

    ၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။

  5. 5

    لِيَوْمٍ عَظِيمٍۢ

    စကားအသုံးအနှုန်း: Li Yawmin 'Azeem

    ကြီးကျယ်လှစွာသောနေ့တွင်။

  6. 6

    يَوْمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلْعَٰلَمِينَ

    စကားအသုံးအနှုန်း: Yawma yaqoomun naasu li Rabbil 'aalameen

    အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။

  7. 7

    كَلَّآ إِنَّ كِتَٰبَ ٱلْفُجَّارِ لَفِى سِجِّينٍۢ

    စကားအသုံးအနှုန်း: Kallaaa inna kitaabal fujjaari lafee Sijjeen

    အလျှင်းမဟုတ်၊ ဧကန်စင်စစ် ဒုစရိုက် ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် "စစ်ဂျ်ဂျီန်" ၌ရှိ၏။

  8. 8

    وَمَآ أَدْرَىٰكَ مَا سِجِّينٌۭ

    စကားအသုံးအနှုန်း: Wa maa adraaka maa Sijjeen

    စစ်ဂျ်ဂျီန်"သည် မည်သည့်အရာဖြစ်ကြောင်း အသင် သိပါသလော။

  9. 9

    كِتَٰبٌۭ مَّرْقُومٌۭ

    စကားအသုံးအနှုန်း: Kitaabum marqoom

    (ယင်း"စစ်ဂျ်ဂျီန်"မှာ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင် ဖြစ်ချေသည်။

  10. 10

    وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ

    စကားအသုံးအနှုန်း: Wailuny yawma'izil lil mukazzibeen

    ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသောသူတို့သည် ပျက်စီးကြရပေမည်။

  11. 11

    ٱلَّذِينَ يُكَذِّبُونَ بِيَوْمِ ٱلدِّينِ

    စကားအသုံးအနှုန်း: Allazeena yukazziboona bi yawmid deen

    အကြင် သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

  12. 12

    وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ

    စကားအသုံးအနှုန်း: Wa maa yukazzibu biheee illaa kullu mu'tadin aseem

    စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်သူ၊ အလွန် ပြစ်မှုထင်ရှားသော သူသည်သာလျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိ၏။

  13. 13

    إِذَا تُتْلَىٰ عَلَيْهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلْأَوَّلِينَ

    စကားအသုံးအနှုန်း: Izaa tutlaa'alaihi aayaatunaa qaala asaateerul awwaleen

    ၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားသောအခါ "ဤသည် ရှေးလူဟောင်းတို့၏ပုံပြင်များသာ ဖြစ်ကြသည်"ဟု ၎င်းက ပြောဆိုလေ့ရှိ၏။

  14. 14

    كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُوا۟ يَكْسِبُونَ

    စကားအသုံးအနှုန်း: Kallaa bal raana 'alaa quloobihim maa kaanoo yaksiboon

    အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည် ၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။

  15. 15

    كَلَّآ إِنَّهُمْ عَن رَّبِّهِمْ يَوْمَئِذٍۢ لَّمَحْجُوبُونَ

    စကားအသုံးအနှုန်း: Kallaaa innahum 'ar Rabbihim yawma'izil lamah jooboon

    အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။

  16. 16

    ثُمَّ إِنَّهُمْ لَصَالُوا۟ ٱلْجَحِيمِ

    စကားအသုံးအနှုန်း: Summa innahum lasaa lul jaheem

    ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။

  17. 17

    ثُمَّ يُقَالُ هَٰذَا ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ

    စကားအသုံးအနှုန်း: Summa yuqaalu haazal lazee kuntum bihee tukazziboon

    ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။

  18. 18

    كَلَّآ إِنَّ كِتَٰبَ ٱلْأَبْرَارِ لَفِى عِلِّيِّينَ

    စကားအသုံးအနှုန်း: Kallaaa inna kitaabal abraari lafee'Illiyyeen

    အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။

  19. 19

    وَمَآ أَدْرَىٰكَ مَا عِلِّيُّونَ

    စကားအသုံးအနှုန်း: Wa maaa adraaka maa 'Illiyyoon

    သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။

  20. 20

    كِتَٰبٌۭ مَّرْقُومٌۭ

    စကားအသုံးအနှုန်း: Kitaabum marqoom

    (ယင်း "အစ်လ်လီယီန်" ကား) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်ပင်။

  21. 21

    يَشْهَدُهُ ٱلْمُقَرَّبُونَ

    စကားအသုံးအနှုန်း: Yashhadu hul muqarra boon

    ယင်း မှတ်တမ်းစာအုပ်ကို အပါးတော်၌ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြပေမည်။

  22. 22

    إِنَّ ٱلْأَبْرَارَ لَفِى نَعِيمٍ

    စကားအသုံးအနှုန်း: Innal abraara lafee Na'eem

    ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရသုခ၌ ရှိကြပေမည်။

  23. 23

    عَلَى ٱلْأَرَآئِكِ يَنظُرُونَ

    စကားအသုံးအနှုန်း: 'Alal araaa'iki yanzuroon

    ၎င်းတို့သည် သလွန်များထက်ဝယ် စံမြန်းကာ ရှုစားကြလျက် ရှိကြပေမည်။

  24. 24

    تَعْرِفُ فِى وُجُوهِهِمْ نَضْرَةَ ٱلنَّعِيمِ

    စကားအသုံးအနှုန်း: Ta'rifu fee wujoohihim nadratan na'eem

    အသင်သည် ၎င်းတို့၏ မျက်နှာများတွင် ငြိမ်းချမ်းမှု၏စိုပြည်ခြင်းကို (မြင်သောအခါ) ခွဲခြား၍ သိနိုင်ပေမည်။

  25. 25

    يُسْقَوْنَ مِن رَّحِيقٍۢ مَّخْتُومٍ

    စကားအသုံးအနှုန်း: Yusqawna mir raheeqim makhtoom

    ၎င်းတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင်သန့်ရှင်းသော) အရက်အစစ် တိုက်ကျွေးခြင်းကို ခံကြရပေမည်။

  26. 26

    خِتَٰمُهُۥ مِسْكٌۭ ۚ وَفِى ذَٰلِكَ فَلْيَتَنَافَسِ ٱلْمُتَنَٰفِسُونَ

    စကားအသုံးအနှုန်း: Khitaamuhoo misk; wa fee zaalika falyatanaafasil Mutanaafisoon

    ထိုအရက်၏တံဆိပ်မှာ ကတိုးဖြစ်၏။ စင်စစ်သော်ကား ပြိင်ဆိုင်သူတို့သည် (လိုလားသူတို့) ဤသည်ကိုပင် အပြိင်အဆိုင် ရယူထိုက်ကြပေသည်။(လိုလားအပ်ကြပေသည်)။

  27. 27

    وَمِزَاجُهُۥ مِن تَسْنِيمٍ

    စကားအသုံးအနှုန်း: Wa mizaajuhoo min Tasneem

    ယင်းအရက်၏ ရောစပ်ရာမှာ "တတ်စ်နီမ်"မှဖြစ်၏။

  28. 28

    عَيْنًۭا يَشْرَبُ بِهَا ٱلْمُقَرَّبُونَ

    စကားအသုံးအနှုန်း: 'Ainaiy yashrabu bihal muqarraboon

    (ယင်း"တတ်စ်နီမ်"မှာ) စမ်းတစ်ခုပင် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်း"တတ်စ်နီမ်"မှပင် သောက်သုံး ကြကုန်သတည်း။

  29. 29

    إِنَّ ٱلَّذِينَ أَجْرَمُوا۟ كَانُوا۟ مِنَ ٱلَّذِينَ ءَامَنُوا۟ يَضْحَكُونَ

    စကားအသုံးအနှုန်း: Innal lazeena ajramoo kaanoo minal lazeena aamanoo yadhakoon

    ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။

  30. 30

    وَإِذَا مَرُّوا۟ بِهِمْ يَتَغَامَزُونَ

    စကားအသုံးအနှုန်း: Wa izaa marroo bihim yataghaamazoon

    ၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။

  31. 31

    وَإِذَا ٱنقَلَبُوٓا۟ إِلَىٰٓ أَهْلِهِمُ ٱنقَلَبُوا۟ فَكِهِينَ

    စကားအသုံးအနှုန်း: Wa izan qalabooo ilaaa ahlihimun qalaboo fakiheen

    ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။

  32. 32

    وَإِذَا رَأَوْهُمْ قَالُوٓا۟ إِنَّ هَٰٓؤُلَآءِ لَضَآلُّونَ

    စကားအသုံးအနှုန်း: Wa izaa ra awhum qaalooo inna haaa'ulaaa'i ladaaal loon

    ထိုမှတစ်ပါး ၎င်းတို့သည် ထိုသက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ "ဧကန်မလွဲ ဤသူ တို့သည်အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်"ဟု ပြောဆိုကြကုန်၏။

  33. 33

    وَمَآ أُرْسِلُوا۟ عَلَيْهِمْ حَٰفِظِينَ

    စကားအသုံးအနှုန်း: Wa maaa ursiloo 'alaihim haafizeen

    စင်စစ်သော်ကား ၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။

  34. 34

    فَٱلْيَوْمَ ٱلَّذِينَ ءَامَنُوا۟ مِنَ ٱلْكُفَّارِ يَضْحَكُونَ

    စကားအသုံးအနှုန်း: Fal yawmal lazeena aamanoo minal kuffaari yadhakoon

    သို့ဖြစ်ပေရာ ယနေ့သော်ကား "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့သည် "ကာဖိရ်" သွေဖည် ငြင်းပယ်သောသူတို့အပေါ်ဝယ် ရယ်ကြပေမည်။

  35. 35

    عَلَى ٱلْأَرَآئِكِ يَنظُرُونَ

    စကားအသုံးအနှုန်း: 'Alal araaa'iki yanzuroon

    ထိုသက်ဝင်ယုံကြည်သူတို့မှာ သလွန်များ ထက်ဝယ် စံမြန်းလျက်ကြည့်ရှုကြပေမည်။

  36. 36

    هَلْ ثُوِّبَ ٱلْكُفَّارُ مَا كَانُوا۟ يَفْعَلُونَ

    စကားအသုံးအနှုန်း: Hal suwwibal kuffaaru maa kaanoo yaf'aloon

    ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့ပြုလုပ်လေ့ရှိခဲ့ကြသော အပြုအမူတို့၏အကျိုး ပေးဆပ်ခြင်းကို ခံကြရပြီမဟုတ်လော။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။