စူရဟ်များအားလုံး

စူရဟ် 82

The Cleaving

سُورَةُ الانفِطَارِ

Al-Infitaar · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا ٱلسَّمَآءُ ٱنفَطَرَتْ

    စကားအသုံးအနှုန်း: Izas samaaa'un fatarat

    မိုးကောင်းကင်သည် အက်ကွဲသောအခါ။

  2. 2

    وَإِذَا ٱلْكَوَاكِبُ ٱنتَثَرَتْ

    စကားအသုံးအနှုန်း: Wa izal kawaakibun tasarat

    ၎င်းပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။

  3. 3

    وَإِذَا ٱلْبِحَارُ فُجِّرَتْ

    စကားအသုံးအနှုန်း: Wa izal bihaaru fujjirat

    ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။

  4. 4

    وَإِذَا ٱلْقُبُورُ بُعْثِرَتْ

    စကားအသုံးအနှုန်း: Wa izal qubooru bu'sirat

    ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။

  5. 5

    عَلِمَتْ نَفْسٌۭ مَّا قَدَّمَتْ وَأَخَّرَتْ

    စကားအသုံးအနှုန်း: 'Alimat nafsum maa qaddamat wa akhkharat

    ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။

  6. 6

    يَٰٓأَيُّهَا ٱلْإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلْكَرِيمِ

    စကားအသုံးအနှုန်း: Yaaa ayyuhal insaaanu maa gharraka bi Rabbikal kareem

    အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။

  7. 7

    ٱلَّذِى خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ

    စကားအသုံးအနှုန်း: Allazee khalaqaka fasaw waaka fa'adalak

    အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။

  8. 8

    فِىٓ أَىِّ صُورَةٍۢ مَّا شَآءَ رَكَّبَكَ

    စကားအသုံးအနှုန်း: Feee ayye sooratim maa shaaa'a rakkabak

    မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်၌ အသင့်အား စီစဉ်ပြုလုပ် (ဖန်ဆင်း)တော်မူခဲ့၏။

  9. 9

    كَلَّا بَلْ تُكَذِّبُونَ بِٱلدِّينِ

    စကားအသုံးအနှုန်း: Kalla bal tukazziboona bid deen

    (မည်သည့်အကြောင်းမျှ) အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် အစားပေးခြင်းကိုပင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

  10. 10

    وَإِنَّ عَلَيْكُمْ لَحَٰفِظِينَ

    စကားအသုံးအနှုန်း: Wa inna 'alaikum lahaa fizeen

    စင်စစ်သော်ကား အသင်တို့အပေါ်၌ ကိုယ်စောင့်များသည် ဧကန်မလွဲ ရှိကြကုန်၏။

  11. 11

    كِرَامًۭا كَٰتِبِينَ

    စကားအသုံးအနှုန်း: Kiraaman kaatibeen

    (ငါအရှင်မြတ်အထံတော်၌) မြင့်မြတ်သူများ၊(အသင်တို့၏ ပြောဆိုပြုမူချက်တို့ကို) ရေးမှတ်သူများ။

  12. 12

    يَعْلَمُونَ مَا تَفْعَلُونَ

    စကားအသုံးအနှုန်း: Ya'lamoona ma taf'aloon

    ၎င်းတို့သည် အသင်တို့ ပြုလုပ်သမျှတို့ကို သိရှိကြကုန်သတည်း။

  13. 13

    إِنَّ ٱلْأَبْرَارَ لَفِى نَعِيمٍۢ

    စကားအသုံးအနှုန်း: Innal abraara lafee na'eem

    ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရသုခ၌ ရှိကြပေမည်။

  14. 14

    وَإِنَّ ٱلْفُجَّارَ لَفِى جَحِيمٍۢ

    စကားအသုံးအနှုန်း: Wa innal fujjaara lafee jaheem

    သို့ရာတွင် ဆိုးသွမ်းသူတို့မူကား ဧကန်မလွဲ 'ဂျဟန္နမ်' ငရဲ၌ပင် ရှိကြပေမည်။

  15. 15

    يَصْلَوْنَهَا يَوْمَ ٱلدِّينِ

    စကားအသုံးအနှုန်း: Yaslawnahaa Yawmad Deen

    ၎င်းတို့သည် ထို 'ဂျဟန္နမ်' ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။

  16. 16

    وَمَا هُمْ عَنْهَا بِغَآئِبِينَ

    စကားအသုံးအနှုန်း: Wa maa hum 'anhaa bighaaa 'ibeen

    ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။

  17. 17

    وَمَآ أَدْرَىٰكَ مَا يَوْمُ ٱلدِّينِ

    စကားအသုံးအနှုန်း: Wa maaa adraaka maa Yawmud Deen

    စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။

  18. 18

    ثُمَّ مَآ أَدْرَىٰكَ مَا يَوْمُ ٱلدِّينِ

    စကားအသုံးအနှုန်း: Summa maaa adraaka maa Yawmud Deen

    တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။

  19. 19

    يَوْمَ لَا تَمْلِكُ نَفْسٌۭ لِّنَفْسٍۢ شَيْـًۭٔا ۖ وَٱلْأَمْرُ يَوْمَئِذٍۢ لِّلَّهِ

    စကားအသုံးအနှုန်း: Yawma laa tamliku nafsul linafsin shai'anw walamru yawma'izil lillaah

    (ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Cleaving — Islam Word