စူရဟ်များအားလုံး

စူရဟ် 81

The Overthrowing

سُورَةُ التَّكۡوِيرِ

At-Takwir · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا ٱلشَّمْسُ كُوِّرَتْ

    စကားအသုံးအနှုန်း: Izash shamsu kuwwirat

    နေသည် ခေါက်လိပ်ခြင်းကို ခံရသောအခါ၊(အလင်းရောင်မဲ့သွားသောအခါ)၊

  2. 2

    وَإِذَا ٱلنُّجُومُ ٱنكَدَرَتْ

    စကားအသုံးအနှုန်း: Wa izan nujoomun kadarat

    ထို့ပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ၊

  3. 3

    وَإِذَا ٱلْجِبَالُ سُيِّرَتْ

    စကားအသုံးအနှုန်း: Wa izal jibaalu suyyirat

    ၎င်းပြင် တောင်များသည် ရွေ့လျားခြင်းကို ခံကြရသောအခါ၊

  4. 4

    وَإِذَا ٱلْعِشَارُ عُطِّلَتْ

    စကားအသုံးအနှုန်း: Wa izal 'ishaaru 'uttilat

    ထိုမှတစ်ပါး ကိုယ်ဝန်ဆောင် ဆယ်လစေ့သော ကုလားအုတ်မများသည် (ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းကို ခံကြရသောအခါ၊

  5. 5

    وَإِذَا ٱلْوُحُوشُ حُشِرَتْ

    စကားအသုံးအနှုန်း: Wa izal wuhooshu hushirat

    ထို့ပြင် တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသောအခါ၊

  6. 6

    وَإِذَا ٱلْبِحَارُ سُجِّرَتْ

    စကားအသုံးအနှုန်း: Wa izal bihaaru sujjirat

    ထို့ပြင် ပင်လယ် သမုဒ္ဒရာများသည် ခြောက်ခန်း ဆူပွက်စေခြင်းကို ခံကြရသောအခါ၊

  7. 7

    وَإِذَا ٱلنُّفُوسُ زُوِّجَتْ

    စကားအသုံးအနှုန်း: Wa izan nufoosu zuwwijat

    ၎င်းပြင် အသက်ဇီဝိန်များ (လူများသည်) တွဲဖက်စုပေါင်းစေခြင်းကို ခံကြရသောအခါ၊

  8. 8

    وَإِذَا ٱلْمَوْءُۥدَةُ سُئِلَتْ

    စကားအသုံးအနှုန်း: Wa izal maw'oodatu su'ilat

    ၎င်းပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကို ခံရသောအခါ၊

  9. 9

    بِأَىِّ ذَنۢبٍۢ قُتِلَتْ

    စကားအသုံးအနှုန်း: Bi ayyi zambin qutilat

    ၎င်းပြင် မည်သည့်အပြစ်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း(ဟု)၊

  10. 10

    وَإِذَا ٱلصُّحُفُ نُشِرَتْ

    စကားအသုံးအနှုန်း: Wa izas suhufu nushirat

    ၎င်းပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသောအခါ၊

  11. 11

    وَإِذَا ٱلسَّمَآءُ كُشِطَتْ

    စကားအသုံးအနှုန်း: Wa izas samaaa'u kushitat

    ထို့ပြင် မိုးကောင်းကင်သည် အရေခွာခြင်းကို ခံရသောအခါ (ပွင့်စေခြင်းကို ခံရသောအခါ)၊

  12. 12

    وَإِذَا ٱلْجَحِيمُ سُعِّرَتْ

    စကားအသုံးအနှုန်း: Wa izal jaheemu su'-'irat

    ထို့ပြင် "ဂျဟန္နမ်" ငရဲသည် မီးမွှေးခြင်းကို ခံရသောအခါ။

  13. 13

    وَإِذَا ٱلْجَنَّةُ أُزْلِفَتْ

    စကားအသုံးအနှုန်း: Wa izal jannatu uzlifat

    ထိုမှတစ်ပါး "ဂျန္နတ်" သုခဘုံသည် အနီးသို့ ယူဆောင်လာခြင်းကို ခံရသောအခါ။

  14. 14

    عَلِمَتْ نَفْسٌۭ مَّآ أَحْضَرَتْ

    စကားအသုံးအနှုန်း: 'Alimat nafsum maaa ahdarat

    လူအသီးသီးတို့သည် မိမိတို့ ယူဆောင်ခဲ့ကြသည့် (ကောင်းမှု၊ မကောင်းမှု)တို့ကို သိသွားကြ အံ့သတည်း။

  15. 15

    فَلَآ أُقْسِمُ بِٱلْخُنَّسِ

    စကားအသုံးအနှုန်း: Falaaa uqsimu bil khunnas

    သို့ဖြစ်ပေရာ ငါ အရှင်မြတ်သည် အကြင် နောက်ဆုတ်တတ်သော နက္ခတ်တို့ကို သက်သေထူတော်မူ၏။

  16. 16

    ٱلْجَوَارِ ٱلْكُنَّسِ

    စကားအသုံးအနှုန်း: Al jawaaril kunnas

    ထိုနက္ခတ်များသည် ဖြောင့်မတ်စွာ သွားတတ်သော၊ ကွယ်ပျောက်၍ သွားတတ်သော နက္ခတ်များ ဖြစ်ကြကုန်၏။

  17. 17

    وَٱلَّيْلِ إِذَا عَسْعَسَ

    စကားအသုံးအနှုန်း: Wallaili izaa 'as'as

    ၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကို(သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုညဉ့်သည် ရောက်ရှိလာ၏။(ကုန်လွန်သွား၏)။

  18. 18

    وَٱلصُّبْحِ إِذَا تَنَفَّسَ

    စကားအသုံးအနှုန်း: Wassubhi izaa tanaffas

    ၎င်းပြင် (ငါအရှင်မြတ်သည်)နံနက်ကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ယင်း နံနက်သည် လင်း၍လာလေ၏။

  19. 19

    إِنَّهُۥ لَقَوْلُ رَسُولٍۢ كَرِيمٍۢ

    စကားအသုံးအနှုန်း: Innahoo laqawlu rasoolin kareem

    ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် မြင့်မြတ်သော စေတမန်တစ်ပါး(ယူဆောင်လာသော)အာယတ်တော်ဖြစ်၏။

  20. 20

    ذِى قُوَّةٍ عِندَ ذِى ٱلْعَرْشِ مَكِينٍۢ

    စကားအသုံးအနှုန်း: Zee quwwatin 'inda zil 'arshi makeen

    (ထိုစေတမန်သည်) ခွန်အား ကြီးမားသူ၊ ‘အရ်ရှ်’ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ အပါးတော်၌ ဂုဏ်အသရေရှိသူဖြစ်ပေသည်။

  21. 21

    مُّطَاعٍۢ ثَمَّ أَمِينٍۢ

    စကားအသုံးအနှုန်း: Mutaa'in samma ameen

    (ထို့ပြင်) ထို(မိုးကောင်းကင်များ)၌ ဩဇာညောင်းသူ၊ ယုံကြည်စိတ်ချရသူ(လည်းဖြစ်ပေသည်)။

  22. 22

    وَمَا صَاحِبُكُم بِمَجْنُونٍۢ

    စကားအသုံးအနှုန်း: Wa maa saahibukum bimajnoon

    ၎င်းပြင် (ဤ)အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။

  23. 23

    وَلَقَدْ رَءَاهُ بِٱلْأُفُقِ ٱلْمُبِينِ

    စကားအသုံးအနှုန်း: Wa laqad ra aahu bilufuqil mubeen

    ၎င်းပြင် မလွဲဧကန် ထိုအသင်တို့၏ အဖေါ်သည် ရှင်းလင်းသော ‘အူဖွတ်က်’ မိုးကုပ်စက်ဝိုင်း၌ ၎င်းစေတမန်အား တွေ့မြင်ခဲ့ဖူးပေသည်။

  24. 24

    وَمَا هُوَ عَلَى ٱلْغَيْبِ بِضَنِينٍۢ

    စကားအသုံးအနှုန်း: Wa maa huwa 'alal ghaibi bidaneen

    ၎င်းပြင် ထိုအသင်တို့၏အဖေါ်ကား အကွယ်၌ရှိသောအရာများ(အနက်၊ အလ္လာဟ်အရှင်မြတ် အသိပေးတော်မူသောအရာများ)နှင့်စပ်လျဉ်း၍ စေးနဲသူလည်း မဟုတ်ပေ။

  25. 25

    وَمَا هُوَ بِقَوْلِ شَيْطَٰنٍۢ رَّجِيمٍۢ

    စကားအသုံးအနှုန်း: Wa maa huwa biqawli shaitaanir rajeem

    ထို့ပြင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။

  26. 26

    فَأَيْنَ تَذْهَبُونَ

    စကားအသုံးအနှုန်း: Fa ayna tazhaboon

    သို့ပါလျက် အသင်တို့သည် အဘယ်သို့ သွားနေကြသနည်း။

  27. 27

    إِنْ هُوَ إِلَّا ذِكْرٌۭ لِّلْعَٰلَمِينَ

    စကားအသုံးအနှုန်း: In huwa illaa zikrul lil'aalameen

    ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ချေသည်။

  28. 28

    لِمَن شَآءَ مِنكُمْ أَن يَسْتَقِيمَ

    စကားအသုံးအနှုန်း: Liman shaaa'a minkum ai yastaqeem

    (အထူးသဖြင့်) အသင်တို့အနက် ဖြောင့်မတ်စွာ သွားလိုသူ၏အဖို့။

  29. 29

    وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ

    စကားအသုံးအနှုန်း: Wa maa tashaaa'oona illaaa ai yashaaa 'al laahu Rabbul 'Aalameen

    စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေ မည်တကား။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Overthrowing — Islam Word