စူရဟ်များအားလုံး

စူရဟ် 80

He Frowned

سُورَةُ عَبَسَ

Abasa · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ عَبَسَ وَتَوَلَّىٰٓ

    စကားအသုံးအနှုန်း: 'Abasa wa tawallaa.

    ထို(နဗီတမန်တော်မြတ်)သည် မျက်မှောင်ကြုတ်ခဲ့သည့်ပြင် မျက်နှာလည်း လွှဲခဲ့လေသည်။ (မကြည်မသာ မျက်နှာသုန်မှုန်စွာဖြင့် မျက်နှာလွှဲ၍ နေခဲ့လေသည်။)

  2. 2

    أَن جَآءَهُ ٱلْأَعْمَىٰ

    စကားအသုံးအနှုန်း: An jaa-ahul 'a-maa

    မိမိထံသို့ မျက်စိမမြင်သောသူ ဝင်ရောက်၍ လာခဲ့သောကြောင့်။

  3. 3

    وَمَا يُدْرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ

    စကားအသုံးအနှုန်း: Wa maa yudreeka la'allahu yaz zakkaa.

    အသင် သိပါသလော၊ စင်စစ် မျက်စိမမြင်သောသူသည် စင်ကြယ်သန့်ရှင်းသူ ဖြစ်တန်ရာသည်။

  4. 4

    أَوْ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكْرَىٰٓ

    စကားအသုံးအနှုန်း: Au yaz zak karu fatanfa 'ahuz zikraa.

    သို့တည်းမဟုတ် ထိုသူသည် တရားရသွားနိုင်ပေသည်။ (ဆင်ခြင်နိုင်ပေသည်)။ သို့ဖြစ်လျှင် ဆုံးမ ဩဝါဒပေးခြင်းသည် ထိုသူအား အကျိုးဖြစ်ထွန်းစေနိုင်မည်။

  5. 5

    أَمَّا مَنِ ٱسْتَغْنَىٰ

    စကားအသုံးအနှုန်း: Amma manis taghnaa

    မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူဂရုမစိုက်ခဲ့ချေ။

  6. 6

    فَأَنتَ لَهُۥ تَصَدَّىٰ

    စကားအသုံးအနှုန်း: Fa-anta lahu tasaddaa

    သို့ပါလျက် အသင်သည် ထိုသူအား ဂရုစိုက်အရေးပေးသည်။

  7. 7

    وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ

    စကားအသုံးအနှုန်း: Wa ma 'alaika allaa yaz zakka.

    စင်စစ်သော်ကား ထိုသူ မစင်ကြယ်သည့်အတွက် အသင့်အပေါ်၌ မည်သို့မျှ အပြစ်မရှိချေ။

  8. 8

    وَأَمَّا مَن جَآءَكَ يَسْعَىٰ

    စကားအသုံးအနှုန်း: Wa amma man jaa-aka yas'a

    သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် အသင့်ထံသို့ အပြေးအလွှားရောက်ရှိလာခဲ့လေသည်။

  9. 9

    وَهُوَ يَخْشَىٰ

    စကားအသုံးအနှုန်း: Wahuwa yakhshaa,

    ထိုမှတစ်ပါး ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်ခဲ့ပေသည်။

  10. 10

    فَأَنتَ عَنْهُ تَلَهَّىٰ

    စကားအသုံးအနှုန်း: Fa-anta 'anhu talah haa.

    သို့ပါလျက် အသင်သည် ထိုသူအား အရေးမပေး လျစ်လျူရှုခဲ့ပေသည်။

  11. 11

    كَلَّآ إِنَّهَا تَذْكِرَةٌۭ

    စကားအသုံးအနှုန်း: Kalla innaha tazkirah

    (အို-နဗီတမန်တော်၊ အသင်သည်) ဤသို့ အလျင်းမပြုပါလေနှင့်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ဆုံးမဩဝါဒပင်ဖြစ်ပေသည်။

  12. 12

    فَمَن شَآءَ ذَكَرَهُۥ

    စကားအသုံးအနှုန်း: Faman shaa a zakarah

    သို့ဖြစ်ပေရာ အလိုရှိသောသူသည် ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သားပေလိမ့်မည်။

  13. 13

    فِى صُحُفٍۢ مُّكَرَّمَةٍۢ

    စကားအသုံးအနှုန်း: Fi suhufim mukar rama,

    (ယင်းဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အရွက်များပေါ်၌ (ရေးသားပြီး)ဖြစ်၏။

  14. 14

    مَّرْفُوعَةٍۢ مُّطَهَّرَةٍۭ

    စကားအသုံးအနှုန်း: Marfoo'atim mutah hara,

    (ယင်းအရွက်များသည်) မြင့်မြတ်သော၊ စင်ကြယ်သန့်ရှင်းသော(အရွက်များ ဖြစ်သည်)။

  15. 15

    بِأَيْدِى سَفَرَةٍۢ

    စကားအသုံးအနှုန်း: Bi'aidee safara

    (ယင်းအရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်တို့၏ လက်တွင်း၌ရှိ၏။

  16. 16

    كِرَامٍۭ بَرَرَةٍۢ

    စကားအသုံးအနှုန်း: Kiraamim bararah.

    (ထိုကောင်းကင်တမန်များသည်) ဂုဏ်အင်ဒြပ်ထူးကဲကြသော၊ သူတော်စင်များဖြစ်ကြကုန်သော (ကောင်းကင်တမန်များ ဖြစ်ကြပေသတည်း)။

  17. 17

    قُتِلَ ٱلْإِنسَٰنُ مَآ أَكْفَرَهُۥ

    စကားအသုံးအနှုန်း: Qutilal-insanu maa akfarah.

    မနူဿလူသားသည် ပျက်စီးပါစေ၊ (ပျက်စီးချိမ့်သတည်း)။ ၎င်းသည် အဘယ်မျှလောက် ကျေးဇူးကန်းဘိသနည်း။

  18. 18

    مِنْ أَىِّ شَىْءٍ خَلَقَهُۥ

    စကားအသုံးအနှုန်း: Min aiyyi shai-in Khalaq

    ထိုအရှင်မြတ်သည် ၎င်းအား မည်သည့်အရာဖြင့် ဖန်ဆင်းတော်မူပါသနည်း။

  19. 19

    مِن نُّطْفَةٍ خَلَقَهُۥ فَقَدَّرَهُۥ

    စကားအသုံးအနှုန်း: Min nutfah; khalaqahu faqad-darah.

    ထိုအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင် မြတ်သည် ၎င်းအား နှိုင်းချိန်တိုင်းဆခန့်မှန်း၍ ပြုလုပ်တော်မူ၏။

  20. 20

    ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ

    စကားအသုံးအနှုန်း: Thummas sabeela yas-sarah

    ထို့နောက် ထိုအရှင်မြတ်သည် ၎င်း၏အဖို့ လမ်းကို လွယ်ကူစေတော်မူ၏။

  21. 21

    ثُمَّ أَمَاتَهُۥ فَأَقْبَرَهُۥ

    စကားအသုံးအနှုန်း: Thumma amatahu fa-aqbarah

    ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား သေဆုံးစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းအား သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။

  22. 22

    ثُمَّ إِذَا شَآءَ أَنشَرَهُۥ

    စကားအသုံးအနှုန်း: Thumma iza shaa-a ansharah

    ထို့နောက်တဖန် ထိုအရှင်မြတ်သည် အလိုရှိတော်မူသောအခါ ၎င်းအား ရှင်ပြန်ထစေတော်မူမည်။

  23. 23

    كَلَّا لَمَّا يَقْضِ مَآ أَمَرَهُۥ

    စကားအသုံးအနှုန်း: Kalla lamma yaqdi maa amarah.

    ထိုလူသားသည် ၎င်းအား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ခြင်း အလျင်း မရှိချေ။

  24. 24

    فَلْيَنظُرِ ٱلْإِنسَٰنُ إِلَىٰ طَعَامِهِۦٓ

    စကားအသုံးအနှုန်း: Falyanzuril insanu ilaa ta-amih

    ပြီးနောက် လူသားသည် မိမိ အစားအစာကို(ပြန်လည်)ကြည့်ရှု ဆင်ခြင်အပ်ပေသည်။

  25. 25

    أَنَّا صَبَبْنَا ٱلْمَآءَ صَبًّۭا

    စကားအသုံးအနှုန်း: Anna sabab nalmaa-a sabba.

    ဧကန်မလွဲ ငါအရှင်မြတ်သည် (မိုး)ရေကို (အံ့ဘွယ်သရဲ) ရွာသွန်းစေတော်မူ၏။

  26. 26

    ثُمَّ شَقَقْنَا ٱلْأَرْضَ شَقًّۭا

    စကားအသုံးအနှုန်း: Thumma sha qaqnal-arda shaqqa.

    ထိုနောက် ငါအရှင်မြတ်သည် ပထဝီမြေကို (အံ့ဘွယ်သရဲ) ခွဲတော်မူ၏။

  27. 27

    فَأَنۢبَتْنَا فِيهَا حَبًّۭا

    စကားအသုံးအနှုန်း: Fa ambatna feeha habba

    တဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ ကောက်ပဲသီးနှံကို ပေါက်ရောက်စေတော်မူ၏။

  28. 28

    وَعِنَبًۭا وَقَضْبًۭا

    စကားအသုံးအနှုန်း: Wa 'inabaw-wa qadba

    စပျစ်ပင်ကိုလည်းကောင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်ကိုလည်းကောင်း။

  29. 29

    وَزَيْتُونًۭا وَنَخْلًۭا

    စကားအသုံးအနှုန်း: Wa zaitoonaw wanakh la'

    သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကိုလည်းကောင်း။

  30. 30

    وَحَدَآئِقَ غُلْبًۭا

    စကားအသုံးအနှုန်း: Wa hadaa-iqa ghulba

    (သစ်ပင်ပန်းပင်များ)ထူထပ်သော ဥယျာဉ်များကိုလည်းကောင်း။

  31. 31

    وَفَٰكِهَةًۭ وَأَبًّۭا

    စကားအသုံးအနှုန်း: Wa faki hataw-wa abba.

    သစ်သီးဝလံများကိုလည်းကောင်း၊ ကျွဲ၊ နွားတိရစ္ဆာန်အစာကိုလည်းကောင်း၊ (ပေါက်ရောက်စေတော်မူ၏)။

  32. 32

    مَّتَٰعًۭا لَّكُمْ وَلِأَنْعَٰمِكُمْ

    စကားအသုံးအနှုန်း: Mata'al-lakum wa li-an'amikum.

    အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင် တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များ၏ အကျိုးငှာလည်းကောင်း၊

  33. 33

    فَإِذَا جَآءَتِ ٱلصَّآخَّةُ

    စကားအသုံးအနှုန်း: Faiza jaa-atis saakhah.

    တဖန် နားပင်းစေသောအသံသည် (ထွက် ပေါ်၍) လာသောအခါ။

  34. 34

    يَوْمَ يَفِرُّ ٱلْمَرْءُ مِنْ أَخِيهِ

    စကားအသုံးအနှုန်း: Yauma yafir-rul mar-u min akheeh

    အကြင်နေ့တွင် လူသည်ထွက်ပြေး (တိမ်းရှောင်)အံ့၊ မိမိညီအစ်ကို၏ထံမှလည်းကောင်း။

  35. 35

    وَأُمِّهِۦ وَأَبِيهِ

    စကားအသုံးအနှုန်း: Wa ummihee wa abeeh

    မိမိအမိထံမှလည်းကောင်း၊ မိမိအဘထံမှ လည်းကောင်း။

  36. 36

    وَصَٰحِبَتِهِۦ وَبَنِيهِ

    စကားအသုံးအနှုန်း: Wa sahi batihee wa baneeh.

    မိမိဇနီး ကြင်ယာ၏ထံမှလည်းကောင်း၊ မိမိသားသမီးထံမှလည်းကောင်း။

  37. 37

    لِكُلِّ ٱمْرِئٍۢ مِّنْهُمْ يَوْمَئِذٍۢ شَأْنٌۭ يُغْنِيهِ

    စကားအသုံးအနှုန်း: Likul limri-im-minuhm yaumaa-izin shaa nuy-yughneeh

    ထိုနေ့တွင်ကား လူတိုင်းလူတိုင်း၌ (အခြား မည်သည့်တစုံတရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်း၍ နေစေသော အရေးကိစ္စတခုစီ ရှိနေမည်ဖြစ်၏။

  38. 38

    وُجُوهٌۭ يَوْمَئِذٍۢ مُّسْفِرَةٌۭ

    စကားအသုံးအနှုန်း: Wujoo huny-yauma-izim-musfira;

    ထိုနေ့တွင် မြောက်မြားစွာသောမျက်နှာတို့မှာ လင်းဝင်းတောက်ပလျက် ရှိကြပေမည်။

  39. 39

    ضَاحِكَةٌۭ مُّسْتَبْشِرَةٌۭ

    စကားအသုံးအနှုန်း: Dahi katum mustab shirah

    ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။

  40. 40

    وَوُجُوهٌۭ يَوْمَئِذٍ عَلَيْهَا غَبَرَةٌۭ

    စကားအသုံးအနှုန်း: Wa wujoohuy yauma-izin 'alaiha ghabar a

    ထိုမှတစ်ပါး မြောက်မြားစွာသော မျက်နှာတို့အပေါ်၌မူကား မြူမှုန်များသည် ရှိနေပေမည်။

  41. 41

    تَرْهَقُهَا قَتَرَةٌ

    စကားအသုံးအနှုန်း: Tarhaquha qatarah.

    ထိုမျက်နှာများအပေါ်၌ အမှောင်သည် ဖုံးလွှမ်းလျက် ရှိပေမည်။

  42. 42

    أُو۟لَٰٓئِكَ هُمُ ٱلْكَفَرَةُ ٱلْفَجَرَةُ

    စကားအသုံးအနှုန်း: Ulaa-ika humul-kafa ratul-fajarah.

    ထိုသူတို့သည်သာလျှင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၊ ဆိုးသွမ်းသူများ ဖြစ်ကြကုန်သတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

He Frowned — Islam Word