စူရဟ်များအားလုံး

စူရဟ် 79

Those who drag forth

سُورَةُ النَّازِعَاتِ

An-Naazi'aat · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَٱلنَّٰزِعَٰتِ غَرْقًۭا

    စကားအသုံးအနှုန်း: Wan naazi 'aati gharqa

    (ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက်ဇီဝိန်များကို) ပြင်းထန်စွာ ဆွဲငင်နုတ်ထုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

  2. 2

    وَٱلنَّٰشِطَٰتِ نَشْطًۭا

    စကားအသုံးအနှုန်း: Wan naa shi taati nashta

    ၎င်းပြင် အထုံးအဖွဲ့ကို ဖြေပေးကြသော(ဝါ)မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ အသက်ဇီဝိန်များကို လွယ်ကူ (ညင်သာ)စွာ နုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူ၏။

  3. 3

    وَٱلسَّٰبِحَٰتِ سَبْحًۭا

    စကားအသုံးအနှုန်း: Wass saabi-haati sabha

    ၎င်းပြင် (ရေကူးသကဲ့သို့) လျင်မြန်စွာကူး၍သွားကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

  4. 4

    فَٱلسَّٰبِقَٰتِ سَبْقًۭا

    စကားအသုံးအနှုန်း: Fass saabi qaati sabqa

    တဖန် လျင်မြန်စွာပြေးကြသော(ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

  5. 5

    فَٱلْمُدَبِّرَٰتِ أَمْرًۭا

    စကားအသုံးအနှုန်း: Fal mu dab-bi raati amra

    တဖန် အရေးကိစ္စအဝဝတို့ကို နေရာတကျဖြစ်အောင် စီမံကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။

  6. 6

    يَوْمَ تَرْجُفُ ٱلرَّاجِفَةُ

    စကားအသုံးအနှုန်း: Yawma tarjufur raajifa

    အကြင်နေ့တွင် တုန်လှုပ်စေသောအရာ(ဝါ)ပထမအကြိမ် တံပိုးခရာမှုတ်ခြင်းသည် တုန်လှုပ်စေမည်ဖြစ်၏။

  7. 7

    تَتْبَعُهَا ٱلرَّادِفَةُ

    စကားအသုံးအနှုန်း: Tatba'u har raadifa

    နောက်မှလာသောအရာ(ဝါ) ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်းသည် ယင်းတုန်လှုပ်စေသောအရာ (ဝါ) ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း၏နောက်မှ လိုက်၍လာမည်ဖြစ်၏။

  8. 8

    قُلُوبٌۭ يَوْمَئِذٍۢ وَاجِفَةٌ

    စကားအသုံးအနှုန်း: Quloobuny-yau maaiziw-waaji-fa

    ထိုနေ့တွင်ကား မြောက်မြားစွာသော စိတ်နှလုံးများသည် ချောက်ချားလျက်ရှိကြပေမည်။

  9. 9

    أَبْصَٰرُهَا خَٰشِعَةٌۭ

    စကားအသုံးအနှုန်း: Absaa ruhaa khashi'ah

    ထို (စိတ်နှလုံးရှင်)တို့၏ မျက်စိများကား အောက်သို့စိုက်လျက် ရှိကြပေမည်။

  10. 10

    يَقُولُونَ أَءِنَّا لَمَرْدُودُونَ فِى ٱلْحَافِرَةِ

    စကားအသုံးအနှုန်း: Ya qoo loona a-inna lamar doo doona fil haafirah

    ၎င်းတို့က "အသို့ပါနည်း၊ ကျွန်ုပ်တို့သည် မူလအခြေအနေသို့ တဖန်ပြန်၍ အမှန်ပင် ရောက်ရှိကြမည်လော၊" ဟု ပြောဆိုကြလေသည်။

  11. 11

    أَءِذَا كُنَّا عِظَٰمًۭا نَّخِرَةًۭ

    စကားအသုံးအနှုန်း: Aizaa kunna 'izaa man-nakhirah

    ကျွန်ုပ်တို့သည် ဆွေးမြည့်သော အရိုးများသာကျန်ရှိသောအခါ (မူလအတိုင်း ပြန်လည်ရှင်ကြရဦးမည်)လော။

  12. 12

    قَالُوا۟ تِلْكَ إِذًۭا كَرَّةٌ خَاسِرَةٌۭ

    စကားအသုံးအနှုန်း: Qaalu tilka izan karratun khaasirah.

    သို့ဖြစ်လျှင် ယင်း(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အဖို့) ဆုံးရှုံးသော ရှင်ပြန်ထခြင်းပင် ဖြစ်ချေမည်ဟု ပြောဆိုကြလေသည်။

  13. 13

    فَإِنَّمَا هِىَ زَجْرَةٌۭ وَٰحِدَةٌۭ

    စကားအသုံးအနှုန်း: Fa inna ma hiya zajratuw-waahida

    စင်စစ် ထိုအရာကား ပြင်းထန်လှစွာသော အသံတစ်ခုသာလျှင် ဖြစ်ပေမည်။

  14. 14

    فَإِذَا هُم بِٱلسَّاهِرَةِ

    စကားအသုံးအနှုန်း: Faizaa hum biss saahirah

    ထိုအခါ လူအားလုံးတို့သည် မြေမျက်နှာပြင်သို့ ရုတ်တရက်ပင် ရှိလာကြအံ့သတည်း။

  15. 15

    هَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ

    စကားအသုံးအနှုန်း: Hal ataaka hadeethu Musaa

    (အို-နဗီတမန်တော်)အသင့်ထံ(နဗီတမန်တော်)မူစာ၏အကြောင်း အတ္တုပ္ပတ္တိသည် ရောက်လာခဲ့လေပြီလော။

  16. 16

    إِذْ نَادَىٰهُ رَبُّهُۥ بِٱلْوَادِ ٱلْمُقَدَّسِ طُوًى

    စကားအသုံးအနှုန်း: Iz nadaahu rabbuhu bil waadil-muqad dasi tuwa

    တရံရောအခါဝယ် ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို(နဗီတမန်တော်)မူစာအား "တွုဝါ" အမည်ရှိ ထူးမြတ်သော တောင်ကြားအရပ်၌ ဟစ်ခေါ်တော်မူခဲ့၏။

  17. 17

    ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ

    စကားအသုံးအနှုန်း: Izhab ilaa fir'auna innahu taghaa.

    အသင်သည် ဖစ်ရ်အောင်န်၏ထံသို့ သွားပါလေ။ ဧကန်မလွဲ ထိုဖစ်ရ်အောင်န်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်လျက် ရှိနေလေပြီ။

  18. 18

    فَقُلْ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ

    စကားအသုံးအနှုန်း: Faqul hal laka ilaa-an tazakka.

    သို့ဖြစ်ပေရာ အသင်သည် (၎င်း၏ထံသို့ သွားရောက်ပြီးလျှင် ဤသို့)ပြောကြားပါလေ။ (အို-ဖစ်ရ်အောင်န်)အသင်၌ မိမိ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရန်လည်းကောင်း။

  19. 19

    وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ

    စကားအသုံးအနှုန်း: Wa ahdi yaka ila rabbika fatakh sha

    ကျွန်ုပ်သည် အသင့်အား အသင်၏အရှင်မြတ်အထံတော်သို့ လမ်းညွှန်၍ပေးရန်လည်းကောင်း၊ ဆန္ဒ ရှိလေသလော။ သို့ဖြစ်လျှင် အသင်သည်(ထိုအရှင်မြတ်အား)ကြောက်ရွံ့ရိုသေသောသူ ဖြစ်လာပေမည်။

  20. 20

    فَأَرَىٰهُ ٱلْءَايَةَ ٱلْكُبْرَىٰ

    စကားအသုံးအနှုန်း: Fa araahul-aayatal kubra.

    ထိုနောက် ထို(နဗီတမန်တော်)မူစာသည် ၎င်းဖစ်ရ်အောင်န်အား အကြီးကျယ်ဆုံးသော သက်သေ လက္ခဏာတန်ခိုးတော်ကို ပြသခဲ့လေသည်။

  21. 21

    فَكَذَّبَ وَعَصَىٰ

    စကားအသုံးအနှုန်း: Fa kazzaba wa asaa.

    သို့ပါလျက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့သည့်ပြင် (ထိုနဗီတမန်တော်မူစာ၏ ဟောကြားချက်များကိုလည်း) ဖီဆန်ခဲ့လေသည်။

  22. 22

    ثُمَّ أَدْبَرَ يَسْعَىٰ

    စကားအသုံးအနှုန်း: Thumma adbara yas'aa.

    ထို့နောက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဆူပူ သောင်းကျန်းရန်) ကြိုးပမ်းလေတော့သည်။

  23. 23

    فَحَشَرَ فَنَادَىٰ

    စကားအသုံးအနှုန်း: Fa hashara fanada.

    ထို့နောက် ထိုဖစ်ရ်အောင်န်သည် (ပဉ္စလက်ဆရာများကိုလည်းကောင်း၊ စစ်သည် ရဲမက်တို့ကို လည်းကောင်း၊) စုရုံးပြီးလျှင် (အသံကျယ်စွာ) ဟစ်အော်ခဲ့လေသည်။

  24. 24

    فَقَالَ أَنَا۠ رَبُّكُمُ ٱلْأَعْلَىٰ

    စကားအသုံးအနှုန်း: Faqala ana rabbu kumul-a'laa.

    ထို့နောက် ၎င်း(ဖစ်ရ်အောင်န်)က "ကျွန်ုပ်သည်ပင် အသင်တို့၏ မြင့်မြတ်ဆုံးသောအရှင် ဖြစ်သည်" ဟုပြောဆို(ကြေညာ)ခဲ့လေသည်။

  25. 25

    فَأَخَذَهُ ٱللَّهُ نَكَالَ ٱلْءَاخِرَةِ وَٱلْأُولَىٰٓ

    စကားအသုံးအနှုန်း: Fa-akha zahul laahu nakalal aakhirati wal-oola.

    သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား အာခိရတ်တမလွန်ဘဝ၏ ပြစ်ဒဏ်၌လည်းကောင်း၊ လောကီဘဝ၏ပြစ်ဒဏ်၌လည်းကောင်း၊ ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသည်။

  26. 26

    إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّمَن يَخْشَىٰٓ

    စကားအသုံးအနှုန်း: Inna fee zaalika la'ibratal limaiy-yaksha

    ဧကန်မလွဲ ထို(အကြောင်းအတ္တုပ္ပတ္တိ)၌(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူ အဖို့သတိပေး နှိုးဆော်ချက်သည် အမှန်ပင် ရှိပေသတည်း။

  27. 27

    ءَأَنتُمْ أَشَدُّ خَلْقًا أَمِ ٱلسَّمَآءُ ۚ بَنَىٰهَا

    စကားအသုံးအနှုန်း: A-antum a shaddu khalqan amis samaa-u banaaha.

    အသို့ပါနည်း၊ အသင်တို့အား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ ခဲယဉ်းလေသလော။ ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်ကိုပြုလုပ်(ဖန်ဆင်း)တော်မူခဲ့၏။

  28. 28

    رَفَعَ سَمْكَهَا فَسَوَّىٰهَا

    စကားအသုံးအနှုန်း: Raf'a sam kaha fasaw waaha

    ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။

  29. 29

    وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَىٰهَا

    စကားအသုံးအနှုန်း: Wa aghtasha lailaha wa akhraja duhaaha.

    ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။

  30. 30

    وَٱلْأَرْضَ بَعْدَ ذَٰلِكَ دَحَىٰهَآ

    စကားအသုံးအနှုန်း: Wal arda b'ada zaalika dahaaha.

    ၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။

  31. 31

    أَخْرَجَ مِنْهَا مَآءَهَا وَمَرْعَىٰهَا

    စကားအသုံးအနှုန်း: Akhraja minha maa-aha wa mar 'aaha.

    ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။

  32. 32

    وَٱلْجِبَالَ أَرْسَىٰهَا

    စကားအသုံးအနှုန်း: Wal jibala arsaaha.

    ၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။

  33. 33

    مَتَٰعًۭا لَّكُمْ وَلِأَنْعَٰمِكُمْ

    စကားအသုံးအနှုန်း: Mataa'al lakum wali an 'aamikum.

    အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင်တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့၏အကျိုးငှာ လည်းကောင်း။

  34. 34

    فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلْكُبْرَىٰ

    စကားအသုံးအနှုန်း: Fa-izaa jaaa'atit taaam matul kubraa.

    အကြင်အခါဝယ် ထိုကြီးကျယ်လှစွာသော ဘေးဒုက္ခကြီးသည် ဆိုက်ရောက်လာခဲ့ပေမည်။

  35. 35

    يَوْمَ يَتَذَكَّرُ ٱلْإِنسَٰنُ مَا سَعَىٰ

    စကားအသုံးအနှုန်း: Yauma Yata zakkarul insaanu ma sa'aa.

    (ဝါ)အကြင်နေ့တွင် လူသားတို့သည် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သမျှတို့ကို သတိရကြပေမည်။

  36. 36

    وَبُرِّزَتِ ٱلْجَحِيمُ لِمَن يَرَىٰ

    စကားအသုံးအနှုန်း: Wa burrizatil-jaheemu limany-yaraa.

    ၎င်းပြင် "ဂျဟန္နမ်" ငရဲသည် ကြည့်ရှုသောသူတို့၏ရှေ့ဝယ် ထင်ရှားစွာ ပေါ်လာစေခြင်းကို ခံရပေမည်။

  37. 37

    فَأَمَّا مَن طَغَىٰ

    စကားအသုံးအနှုန်း: Fa ammaa man taghaa.

    ထိုအခါ အကြင်သူသည် လွန်စွာ သွေဖည်(သောင်းကျန်း)ခဲ့လေသည်။

  38. 38

    وَءَاثَرَ ٱلْحَيَوٰةَ ٱلدُّنْيَا

    စကားအသုံးအနှုန်း: Wa aasaral hayaatad dunyaa

    ၎င်းပြင် ထိုသူသည် လောကီဘဝကို ဦးစားပေးခဲ့လေသည်။

  39. 39

    فَإِنَّ ٱلْجَحِيمَ هِىَ ٱلْمَأْوَىٰ

    စကားအသုံးအနှုန်း: Fa innal jaheema hiyal maawaa.

    သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျဟန္နမ်" ငရဲသာ လျှင်(ထိုသူ၏)ခိုကိုးရာဌာန ဖြစ်ချိမ့်မည်။

  40. 40

    وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفْسَ عَنِ ٱلْهَوَىٰ

    စကားအသုံးအနှုန်း: Wa ammaa man khaafa maqaama Rabbihee wa nahan nafsa 'anil hawaa

    သို့ရာတွင် အကြင်သူသည် မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် စိတ်ကိုလည်း (မကောင်းသော) အလိုဆန္ဒများမှ တားမြစ်ခဲ့လေသည်။

  41. 41

    فَإِنَّ ٱلْجَنَّةَ هِىَ ٱلْمَأْوَىٰ

    စကားအသုံးအနှုန်း: Fa innal jannata hiyal maawaa

    သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသည်သာလျှင် (ထိုသူ၏)ခိုကိုးရာဖြစ်အံ့သတည်း၊

  42. 42

    يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا

    စကားအသုံးအနှုန်း: Yas'aloonaka 'anis saa'ati ayyaana mursaahaa

    (အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့သည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်အံ့နည်းဟု မေးမြန်းကြကုန်၏။

  43. 43

    فِيمَ أَنتَ مِن ذِكْرَىٰهَآ

    စကားအသုံးအနှုန်း: Feema anta min zikraahaa

    ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ (ဆိုက်ရောက်မည့်အကြောင်းကို) ထုတ်ဖော် ပြောပြခြင်းသည် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။

  44. 44

    إِلَىٰ رَبِّكَ مُنتَهَىٰهَآ

    စကားအသုံးအနှုန်း: Ilaa Rabbika muntahaa haa

    ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့(နှင့်စပ်လျဉ်းသောအသိပညာ)၏ အဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌သာ ဖြစ်ပေသည်။

  45. 45

    إِنَّمَآ أَنتَ مُنذِرُ مَن يَخْشَىٰهَا

    စကားအသုံးအနှုန်း: Innamaaa anta munziru maiy yakshaahaa

    အသင်သည် ယင်း "ကိယာမသ်" ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောက လောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့သတည်း။

  46. 46

    كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوٓا۟ إِلَّا عَشِيَّةً أَوْ ضُحَىٰهَا

    စကားအသုံးအနှုန်း: Ka annahum Yawma yarawnahaa lam yalbasooo illaa 'ashiyyatan aw duhaahaa

    ၎င်းတို့သည် ယင်းကိယာမတ်ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောကလောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့ သတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။