သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ عَمَّ يَتَسَآءَلُونَ
စကားအသုံးအနှုန်း: 'Amma Yatasaa-aloon
ထို (ကိယာမတ်ကို မယုံကြည်သောသူတို့သည်)မည်သည့်အရာနှင့်စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက် ရှိကြသနည်း။
- 2
عَنِ ٱلنَّبَإِ ٱلْعَظِيمِ
စကားအသုံးအနှုန်း: 'Anin-nabaa-il 'azeem
၎င်းတို့သည် အကြင် ကြီးကျယ်လှစွာသော(ကိယာမတ်၏)အကြောင်းသတင်းကို (မေးမြန်းလျက် ရှိကြကုန်၏)။
- 3
ٱلَّذِى هُمْ فِيهِ مُخْتَلِفُونَ
စကားအသုံးအနှုန်း: Allazi hum feehi mukh talifoon
၎င်းတို့သည် ယင်းအကြောင်းသတင်းနှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့် အယူဝါဒ) ကွဲလွဲနေသူများ ဖြစ်ကြကုန်၏။
- 4
كَلَّا سَيَعْلَمُونَ
စကားအသုံးအနှုန်း: Kallaa sa y'alamoon
(၎င်းတို့သည် ကိယာမတ် ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြ၏။) (ထိုသို့) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် မုချ ဆိုက်ရောက်လာမည်ဖြစ်ရာ) ၎င်းတို့သည် မကြာမြင့်မီပင် (ယင်းကိယာမသ်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်)သိရှိရပေမည်။
- 5
ثُمَّ كَلَّا سَيَعْلَمُونَ
စကားအသုံးအနှုန်း: Thumma kallaa sa y'alamoon
ထို့နောက်တဖန် (ငါအရှင်မြတ် ထပ်မံ မိန့်ကြားတော်မူအံ့၊ ၎င်းတို့သည် ကိယာမတ်ဖြစ်မည် မဟုတ်ဟု ထင်မှတ်နေကြ၏၊) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် အမှန်ပင်ဆိုက်ရောက်လာမည် ဖြစ်ပေရာ) ၎င်းတို့သည် (မျက်ဝါးထင်ထင်တွေ့မြင်) သိရှိကြရမည်သာ။
- 6
أَلَمْ نَجْعَلِ ٱلْأَرْضَ مِهَٰدًۭا
စကားအသုံးအနှုန်း: Alam naj'alil arda mihaa da
(စင်စစ် ကိယာမတ်မဖြစ်နိုင်ဟု ငြင်းပယ်ခြင်းသည် ငါအရှင်မြတ်၏ တန်ခိုးတော်ကို ငြင်းပယ် စော်ကားခြင်းသာ ဖြစ်ပေသည်။ ငါအရှင်မြတ်၏ ထူးကဲ ဆန်းပြားလှစွာသော တန်ခိုးတော်ကို ၎င်းတို့သည် မတွေ့ကြလေသလော၊)ငါအရှင်မြတ်သည်သာလျှင် ပထဝီမြေကို (လူသတ္တဝါ အပေါင်းတို့၏အကျိုးငှာ) အခင်း ပြုလုပ်တော်မူခဲ့သည် မဟုတ်လော။
- 7
وَٱلْجِبَالَ أَوْتَادًۭا
စကားအသုံးအနှုန်း: Wal jibaala au taada
၎င်းပြင် (ငါအရှင်မြတ်သည်ပင် ယင်းပထဝီ မြေတည်ငြိမ်အံ့သောငှာ) တောင်များကို သတ်များ၊ ငုတ်များ၊(ပြုလုပ်တော်မူခဲ့သည် မဟုတ်လော)။
- 8
وَخَلَقْنَٰكُمْ أَزْوَٰجًۭا
စကားအသုံးအနှုန်း: Wa khalaq naakum azwaaja
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် အသင်တို့အား (ယောက်ျားနှင့် မိန်းမဟူ၍) အစုံ၊ အစုံ (စုံတွဲများ) ဖန်ဆင်းတော်မူခဲ့၏။
- 9
وَجَعَلْنَا نَوْمَكُمْ سُبَاتًۭا
စကားအသုံးအနှုန်း: Waja'alnan naumakum subata
၎င်းပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့၏အိပ်စက်ခြင်းကို (အသင်တို့အဖို့) အပန်းဖြေမှု ပြုလုပ်တော်မူခဲ့၏။
- 10
وَجَعَلْنَا ٱلَّيْلَ لِبَاسًۭا
စကားအသုံးအနှုန်း: Waja'alnal laila libasa
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညဉ့်ကို(အသင်တို့အကျိုးငှာ) ဝတ်ရုံ(အကာအကွယ်) ပြုလုပ်တော်မူခဲ့၏။
- 11
وَجَعَلْنَا ٱلنَّهَارَ مَعَاشًۭا
စကားအသုံးအနှုန်း: Waja'alnan nahara ma 'aasha
ထို့မှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် နေ့ကို(အသင်တို့အဖို့) အသက်မွေးဝမ်းကျောင်းပြုရန် အချိန် ပြုလုပ်တော်မူခဲ့၏။
- 12
وَبَنَيْنَا فَوْقَكُمْ سَبْعًۭا شِدَادًۭا
စကားအသုံးအနှုန်း: Wa banaina fauqakum sab 'an shi daada
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ်ကို ဆောက်လုပ်တော်မူခဲ့၏။
- 13
وَجَعَلْنَا سِرَاجًۭا وَهَّاجًۭا
စကားအသုံးအနှုန်း: Waja'alna siraajaw wah haaja
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်းတောက်ပလှစွာသော ဆီမီးတစ်ခုကိုဖန်ဆင်းတော်မူခဲ့၏။
- 14
وَأَنزَلْنَا مِنَ ٱلْمُعْصِرَٰتِ مَآءًۭ ثَجَّاجًۭا
စကားအသုံးအနှုန်း: Wa anzalna minal m'usiraati maa-an saj-jaaja
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။
- 15
لِّنُخْرِجَ بِهِۦ حَبًّۭا وَنَبَاتًۭا
စကားအသုံးအနှုန်း: Linukh rija bihee habbaw wana baata
(ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။
- 16
وَجَنَّٰتٍ أَلْفَافًا
စကားအသုံးအနှုန်း: Wa jan naatin alfafa
၎င်း ပြင် ပူးကပ်ထူထပ်သော ဥယျာဉ်များ(ပေါက်ရောက်စေတော်မူရန်လည်း) ဖြစ်ပေသတည်း။
- 17
إِنَّ يَوْمَ ٱلْفَصْلِ كَانَ مِيقَٰتًۭا
စကားအသုံးအနှုန်း: Inna yaumal-fasli kana miqaata
ဧကန်မလွဲ စီရင်ဆုံးဖြတ်မည့်နေ့ကား သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတစ်ခုပင် ဖြစ်ပေသည်၊
- 18
يَوْمَ يُنفَخُ فِى ٱلصُّورِ فَتَأْتُونَ أَفْوَاجًۭا
စကားအသုံးအနှုန်း: Yauma yun fakhu fis-soori fataa toona afwaaja
အကြင်နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုအခါ အသင်တို့သည် အစုလိုက်၊ အစုလိုက် လာကြပေမည်။
- 19
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتْ أَبْوَٰبًۭا
စကားအသုံးအနှုန်း: Wa futiha tis samaa-u fakaanat abwaaba
၎င်းပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် ပွင့်သွားပေမည်။ ထိုအခါ ယင်းမိုးကောင်းကင်၌ တံခါးများသာ ဖြစ်သွားကြပေမည်။
- 20
وَسُيِّرَتِ ٱلْجِبَالُ فَكَانَتْ سَرَابًا
စကားအသုံးအနှုန်း: Wa suyyi raatil jibaalu fa kaanat saraaba
ထို့ပြင် (ထိုနေ့တွင်) တောင်များသည် ရွေ့လျားစေခြင်းကို ခံကြရပေမည်။ ထိုအခါ ယင်းတောင်များသည် သဲ(များပမာ) (လင်းလျှပ်ပမာ) ဖြစ်သွားကြပေမည်။
- 21
إِنَّ جَهَنَّمَ كَانَتْ مِرْصَادًۭا
စကားအသုံးအနှုန်း: Inna jahan nama kaanat mirsaada
ဧကန်အမှန် ဂျဟန္နမ်ငရဲသည် (ကျူးလွန် ဆိုးသွမ်းသူတို့အဖို့) ချောင်းမြောင်းရာဌာနပင် ဖြစ်ပေသည်။
- 22
لِّلطَّٰغِينَ مَـَٔابًۭا
စကားအသုံးအနှုန်း: Lit taa gheena ma aaba
လွန်စွာ ဆိုးသွမ်း ပြစ်မှုကျူးလွန်သူတို့၏ ပြန်လည်ရာစခန်း(လည်း) ဖြစ်ပေသည်။
- 23
لَّٰبِثِينَ فِيهَآ أَحْقَابًۭا
စကားအသုံးအနှုန်း: Laa bitheena feehaa ahqaaba
(၎င်းတို့သည်) ယင်းဂျဟန္နမ်ငရဲ၌ အဆုံးမရှိသော အချိန်ကာလတိုင်အောင် နေထိုင်ကြရပေမည်။
- 24
لَّا يَذُوقُونَ فِيهَا بَرْدًۭا وَلَا شَرَابًا
စကားအသုံးအနှုန်း: Laa ya zooqoona feeha bar daw walaa sharaaba
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲ၌ မည်သည့် အေးချမ်း၊ အေးဆေး၊ အေးမြမှုကိုမျှ၊ မြည်းစမ်းကြရမည် မဟုတ်ပေ။၎င်းပြင် မည်သည့်သောက်သုံးရာ ပစ္စည်းကိုမျှလည်း မြည်းစမ်းကြရမည် မဟုတ်ပေ။
- 25
إِلَّا حَمِيمًۭا وَغَسَّاقًۭا
စကားအသုံးအနှုန်း: Illa hamee maw-wa ghas saaqa
ပွက်ပွက်ဆူလျက်ရှိသော ရေပူနှင့် ပြည်ပုပ်ကိုသာ (မြည်းစမ်းကြရပေမည်)။
- 26
جَزَآءًۭ وِفَاقًا
စကားအသုံးအနှုန်း: Jazaa-aw wi faaqa
(ဤသည် ၎င်းတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များနှင့်)လျော်ညီစွာ အစားပေးခြင်းပင် ဖြစ်ပေသည်။
- 27
إِنَّهُمْ كَانُوا۟ لَا يَرْجُونَ حِسَابًۭا
စကားအသုံးအနှုန်း: Innahum kaanu laa yarjoona hisaaba
ဧကန်မလွဲ ၎င်းတို့သည် မည်သည့်စစ်ဆေးမှုကိုမျှ ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။ မျှော်လင့်ခဲ့ကြသည် မဟုတ်ပေ။
- 28
وَكَذَّبُوا۟ بِـَٔايَٰتِنَا كِذَّابًۭا
စကားအသုံးအနှုန်း: Wa kazzabu bi aayaa tina kizzaba
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ဇွတ်ငြင်းခဲ့ ကြပေသည်။
- 29
وَكُلَّ شَىْءٍ أَحْصَيْنَٰهُ كِتَٰبًۭا
စကားအသုံးအနှုန်း: Wa kulla shai-in ahsai naahu kitaa ba
စင်စစ် ငါအရှင်မြတ်သည်(၎င်းတို့၏ အပြုအမူတို့ကို) အသီးသီး ရေးသားလျက် စေ့ငုစွာ ရေတွက်မှတ်သားတော်မူခဲ့သည်။
- 30
فَذُوقُوا۟ فَلَن نَّزِيدَكُمْ إِلَّا عَذَابًا
စကားအသုံးအနှုန်း: Fa zooqoo falan-nazee dakum ill-laa azaaba
သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့အား ယင်းအပြုအမူတို့ကို ပြသတော်မူ၍) အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်းစမ်း ကြလေကုန်။ စင်စစ် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အသင်တို့၌ ပိုမိုစေတော်မူမည်မဟုတ်(ဟု မိန့်ကြားတော်မူအံ့သတည်း)။
- 31
إِنَّ لِلْمُتَّقِينَ مَفَازًا
စကားအသုံးအနှုန်း: Inna lil mutta qeena mafaaza
ဧကန်မလွဲ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေ ခန့်ညားသောသူတို့အဖို့ အောင်မြင်မှုသည် ရှိပေသည်။
- 32
حَدَآئِقَ وَأَعْنَٰبًۭا
စကားအသုံးအနှုန်း: Hadaa-iqa wa a'anaa ba
(၎င်းတို့ အေးချမ်းသာယာစွာ စားသောက် နေထိုင် သွားလာကြအံ့သောငှာ) ဥယျာဉ်များသည်လည်းကောင်း၊ စပျစ်သီးများသည်လည်းကောင်း၊ (ရှိကြပေမည်)။
- 33
وَكَوَاعِبَ أَتْرَابًۭا
စကားအသုံးအနှုန်း: Wa kaawa 'iba at raaba
သက်တူရွယ်တူ ပျိုကညာများသည်လည်းကောင်း၊
- 34
وَكَأْسًۭا دِهَاقًۭا
စကားအသုံးအနှုန်း: Wa ka'san di haaqa
(အရက်ဖြင့်) ပြည့်လျှံလျက်ရှိသော ခွက်များသည်လည်းကောင်း၊ (ရှိကြပေသည်)။
- 35
لَّا يَسْمَعُونَ فِيهَا لَغْوًۭا وَلَا كِذَّٰبًۭا
စကားအသုံးအနှုန်း: Laa yasma'oona fiha lagh waw walaa kizzaba
ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်သိမ်ဖျင်းသော စကားကိုမျှလည်းကောင်း၊ မည်သည့် မုသား စကားကိုမျှလည်းကောင်း၊ ကြားကြရမည် မဟုတ်ပေ။
- 36
جَزَآءًۭ مِّن رَّبِّكَ عَطَآءً حِسَابًۭا
စကားအသုံးအနှုန်း: Jazaa-am mir-rabbika ataa-an hisaaba
(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လုံလောက်စွာ ချီးမြှင့်တော်မူသော အကျိုးဆုလဒ်ပင်တည်း။
- 37
رَّبِّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلرَّحْمَٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًۭا
စကားအသုံးအနှုန်း: Rabbis samaa waati wal ardi wa maa baina humar rahmaani laa yam likoona minhu khi taaba
(အကြင်အရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏ အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပိုင်ဆိုင်တော်မူသောအရှင် (ရဟ်မာန်) မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ မည်သူတဦးတယောက်မျှပင် ထိုအရှင်မြတ်နှင့် စကားပြောဆိုပိုင်ခွင့်ရှိမည် မဟုတ်ပေ။
- 38
يَوْمَ يَقُومُ ٱلرُّوحُ وَٱلْمَلَٰٓئِكَةُ صَفًّۭا ۖ لَّا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ ٱلرَّحْمَٰنُ وَقَالَ صَوَابًۭا
စကားအသုံးအနှုန်း: Yauma yaqoo mur roohu wal malaa-ikatu saf-fal laa yata kalla moona illa man azina lahur rahmaanu wa qaala sawaaba
အကြင်နေ့တွင် သက်ရှိ အပေါင်းတို့သည်လည်းကောင်း၊ "မလာအီကဟ်" ကောင်းကင်တမန် အပေါင်းတို့သည်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်)စီတန်းမတ်တတ် ရပ်ကြ ပေမည်။ (ထိုနေ့တွင် ၎င်းတို့အနက်)"ရဟ်မာန်" မဟာကရုဏာတော်ရှင်က ခွင့်ပြုတော်မူသော၊ မှန်ကန်သောစကားကို ပြောဆို(အံ့)သောသူမှတစ်ပါး မည်သူတစ်ဦးတယောက်မျှပင် စကားပြောဆိုနိုင်မည် မဟုတ်ပေ။
- 39
ذَٰلِكَ ٱلْيَوْمُ ٱلْحَقُّ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا
စကားအသုံးအနှုန်း: Zaalikal yaumul haqqu faman shaa-at ta khaaza ill-laa rabbihi ma-aaba
ထို(ကိယာမတ်နေ့)သည်ကား မုချ ဆိုက်ရောက်မည့်နေ့ပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အလိုရှိသောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်တွင် (မိမိအဖို့)ပြန်လည်ရာဌာနကို(အဆင်သင့်)ပြုလုပ်၍ ထားရပေမည်။
- 40
إِنَّآ أَنذَرْنَٰكُمْ عَذَابًۭا قَرِيبًۭا يَوْمَ يَنظُرُ ٱلْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ ٱلْكَافِرُ يَٰلَيْتَنِى كُنتُ تُرَٰبًۢا
စကားအသုံးအနှုန်း: In naa anzar naakum azaaban qareebaiy-yauma yan zurul marr-u maa qaddamat yadaahu wa ya qoolul-kaafiru yaa lai tanee kuntu turaaba
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ (ဆိုက်ရောက်မည်ဖြစ်သော) ပြစ်ဒဏ်နှင့် စပ်လျဉ်း၍သတိပေး နှိုးဆော်တော်မူခဲ့ချေပြီ။ ထိုနေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဘက်ဖြင့် ကြိုတင်ပို့နှင့်ခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး (ထိုနေ့တွင်) ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူက "ဪ-ငါသည် မြေကြီး ဖြစ်ခဲ့ရလျှင်၊ ဖြစ်နိုင်လျှင်၊ ကောင်းလေစွတကား၊" ဟု ပြောဆို(ညည်းညူ)အံ့သတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။