စူရဟ်များအားလုံး

စူရဟ် 113

The Daybreak

سُورَةُ الفَلَقِ

Al-Falaq · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ أَعُوذُ بِرَبِّ ٱلْفَلَقِ

    စကားအသုံးအနှုန်း: Qul a'uzoo bi rabbil-falaq

    (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ၊ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင် မြတ်အားဖြင့် အကာအကွယ်ယူပါ၏။

  2. 2

    مِن شَرِّ مَا خَلَقَ

    စကားအသုံးအနှုန်း: Min sharri ma khalaq

    ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော (ခပ်သိမ်းကုန်သော)အဖန်ဆင်းခံတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

  3. 3

    وَمِن شَرِّ غَاسِقٍ إِذَا وَقَبَ

    စကားအသုံးအနှုန်း: Wa min sharri ghasiqin iza waqab

    အမှောင်အတိ ဖြစ်လာသောအခါ (ဖြစ်တတ်သော) ယင်းအမှောင်၏ ဘေးအန္တရာယ်များမှလည်း ကောင်း။

  4. 4

    وَمِن شَرِّ ٱلنَّفَّٰثَٰتِ فِى ٱلْعُقَدِ

    စကားအသုံးအနှုန်း: Wa min sharrin-naffaa-thaati fil 'uqad

    အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောမိန်းမတို့၏ ဘေးအန္တရာယ်များမှလည်းကောင်း။

  5. 5

    وَمِن شَرِّ حَاسِدٍ إِذَا حَسَدَ

    စကားအသုံးအနှုန်း: Wa min shar ri haasidin iza hasad

    မနာလို ငြူစူသောသူသည် မနာလိုငြူစူသောအခါ (ဖြစ်တတ်သော) ဘေးအန္တရာယ်များမှလည်းကောင်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Daybreak — Islam Word