စူရဟ်များအားလုံး

စူရဟ် 114

Mankind

سُورَةُ النَّاسِ

An-Naas · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ أَعُوذُ بِرَبِّ ٱلنَّاسِ

    စကားအသုံးအနှုန်း: Qul a'uzu birabbin naas

    (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ ကျွန်တော်မျိုးသည် အကာအကွယ်ယူပါ၏။ လူခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အားဖြင့်။

  2. 2

    مَلِكِ ٱلنَّاسِ

    စကားအသုံးအနှုန်း: Malikin naas

    လူခပ်သိမ်းတို့၏ ဘုရင်မင်းမြတ်ဖြစ်တော်မူသော (အရှင်မြတ်အားဖြင့်)။

  3. 3

    إِلَٰهِ ٱلنَّاسِ

    စကားအသုံးအနှုန်း: Ilaahin naas

    လူခပ်သိမ်းတို့၏ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်တော်မူသော(အရှင်မြတ်အားဖြင့်)။

  4. 4

    مِن شَرِّ ٱلْوَسْوَاسِ ٱلْخَنَّاسِ

    စကားအသုံးအနှုန်း: Min sharril was waasil khannaas

    မကောင်းသော အကြံအစည်များကို ထည့်သွင်းတတ်သော၊ နောက်ဆုတ်သော၊ (ရှိုင်တွာန်မိစ္ဆာကောင်)၏ ဘေးအန္တရာယ်မှ)။

  5. 5

    ٱلَّذِى يُوَسْوِسُ فِى صُدُورِ ٱلنَّاسِ

    စကားအသုံးအနှုန်း: Al lazee yuwas wisu fee sudoorin naas

    အကြင်(ရှိုင်တွာန်မိစ္ဆာကောင်သည်) လူတို့၏စိတ်နှလုံးတွင်းသို့ မကောင်းသော အကြံအစည်ကို ထည့်သွင်းလေ့ရှိ၏။

  6. 6

    مِنَ ٱلْجِنَّةِ وَٱلنَّاسِ

    စကားအသုံးအနှုန်း: Minal jinnati wan naas

    (ထိုရှိုင်တွာန်မိစ္ဆာကောင်သည်) ဂျင်န်(န်)သတ္တဝါတို့အနက်မှဖြစ်စေ၊ လူတို့အနက်မှဖြစ်စေ။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။