သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ هُوَ ٱللَّهُ أَحَدٌ
စကားအသုံးအနှုန်း: Qul huwal laahu ahad
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။ (တစ်နည်း) (အို-နဗီတမန်တော်) အသင်သည် ဤသို့ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။
- 2
ٱللَّهُ ٱلصَّمَدُ
စကားအသုံးအနှုန်း: Allah hus-samad
အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။
- 3
لَمْ يَلِدْ وَلَمْ يُولَدْ
စကားအသုံးအနှုန်း: Lam yalid wa lam yoolad
ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရ တော်မူသည်မဟုတ်ပေ။
- 4
وَلَمْ يَكُن لَّهُۥ كُفُوًا أَحَدٌۢ
စကားအသုံးအနှုန်း: Wa lam yakul-lahu kufuwan ahad
ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။