သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ تَبَّتْ يَدَآ أَبِى لَهَبٍۢ وَتَبَّ
စကားအသုံးအနှုန်း: Tab bat yadaa abee Lahabinw-wa tabb
အဗူလဟဗ်၏ လက်နှစ်ဖက်သည် ကျိုးပဲ့ပျက်စီးစေသား။ ထို့ပြင် ၎င်းကိုယ်တိုင်လည်း ပျက်စီးစေသား။
- 2
مَآ أَغْنَىٰ عَنْهُ مَالُهُۥ وَمَا كَسَبَ
စကားအသုံးအနှုန်း: Maa aghna 'anhu maaluhu wa ma kasab
၎င်း၏ ပစ္စည်းဥစ္စာသည်လည်း ၎င်း၏အဖို့ အသုံးဝင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းရှာဖွေ ဆည်းပူးခဲ့သော (အမြတ်အစွန်း၊ သားသမီး)သည်လည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။
- 3
سَيَصْلَىٰ نَارًۭا ذَاتَ لَهَبٍۢ
စကားအသုံးအနှုန်း: Sa yas laa naran zaata lahab
မကြာမြင့်မီပင် ၎င်း ကိုယ်တိုင်လည်း ဟုန်းဟုန်းတောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။
- 4
وَٱمْرَأَتُهُۥ حَمَّالَةَ ٱلْحَطَبِ
စကားအသုံးအနှုန်း: Wam ra-atuh hamma latal-hatab
မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း မီးဆိုက်ရန် ထင်းစည်းကို ထမ်းရွက်လျက် (တစ်နည်း) ဆူးခက်ကို ထမ်းရွက်လျက်ရှိသော ၎င်း၏ဇနီးဖြစ်သူသည်လည်း (တစ်နည်း) ၎င်း၏ဇနီးဖြစ်သူသည်လည်း ဆူးခက်ကိုထမ်းရွက်လျက် (တစ်နည်း) ၎င်း၏ကုန်းချောသူ ဇနီးသည်လည်း။
- 5
فِى جِيدِهَا حَبْلٌۭ مِّن مَّسَدٍۭ
စကားအသုံးအနှုန်း: Fee jeediha hab lum mim-masad
ထိုဇနီးဖြစ်သူသည် လည်ကုပ်၌ စွန်ပလွံလျှော်ကို ကောင်းစွာကျစ်ထားသော ကြိုးတစ်ချောင်းလည်း ရှိချေအံ့သတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။