သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا جَآءَ نَصْرُ ٱللَّهِ وَٱلْفَتْحُ
စကားအသုံးအနှုန်း: Iza jaa-a nas rullahi walfath
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်၏ အကူအညီသည်လည်းကောင်း၊ အောင်နိုင်မှုသည်လည်းကောင်း၊ ရောက်ရှိခဲ့သောအခါ။
- 2
وَرَأَيْتَ ٱلنَّاسَ يَدْخُلُونَ فِى دِينِ ٱللَّهِ أَفْوَاجًۭا
စကားအသုံးအနှုန်း: Wa ra-aitan naasa yadkhuloona fee deenil laahi afwajah
၎င်းပြင် အသင်သည် လူတို့အား အလ္လာဟ်အရှင်မြတ်၏ "ဒီန်" သာသနာတော်၌ အသင်းလိုက် အဖွဲ့လိုက် ဝင်ရောက်လျက် ရှိကြသည်ကို တွေ့မြင် သောအခါ။
- 3
فَسَبِّحْ بِحَمْدِ رَبِّكَ وَٱسْتَغْفِرْهُ ۚ إِنَّهُۥ كَانَ تَوَّابًۢا
စကားအသုံးအနှုန်း: Fa sab bih bihamdi rabbika was taghfir, innahu kaana tawwaaba
(ထိုအခါ) အသင်သည် မိမိအား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းအားဖြင့် (ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်း တော်မူကြောင်းမြွက်ဆိုပါလေ။ ထိုမှတပါး အသင်သည် ထိုအရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။ ဧကန်မလွဲ ထို အရှင်မြတ်သည် ဝန်ချ တောင်းပန်မှုကို အလွန်တရာ လက်ခံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။