သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ يَٰٓأَيُّهَا ٱلْكَٰفِرُونَ
စကားအသုံးအနှုန်း: Qul yaa-ai yuhal kaafiroon
(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အို-"ကာဖိရ်" ငြင်းပယ်သူအပေါင်းတို့။
- 2
لَآ أَعْبُدُ مَا تَعْبُدُونَ
စကားအသုံးအနှုန်း: Laa a'budu ma t'abudoon
ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည် မဟုတ်ပေ။
- 3
وَلَآ أَنتُمْ عَٰبِدُونَ مَآ أَعْبُدُ
စကားအသုံးအနှုန်း: Wa laa antum 'aabidoona maa a'bud
၎င်းပြင် အသင်တို့သည်လည်း ငါ ကိုးကွယ်လျက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြသူများ မဟုတ်ပေ။
- 4
وَلَآ أَنَا۠ عَابِدٌۭ مَّا عَبَدتُّمْ
စကားအသုံးအနှုန်း: Wa laa ana 'abidum maa 'abattum
ထို့ပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူ မဟုတ်ပေ။
- 5
وَلَآ أَنتُمْ عَٰبِدُونَ مَآ أَعْبُدُ
စကားအသုံးအနှုန်း: Wa laa antum 'aabidoona ma a'bud
ထိုနည်းတူစွာ အသင်တို့သည်လည်း ငါ ကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
- 6
لَكُمْ دِينُكُمْ وَلِىَ دِينِ
စကားအသုံးအနှုန်း: Lakum deenukum wa liya deen.
(စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။