သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِنَّآ أَعْطَيْنَٰكَ ٱلْكَوْثَرَ
စကားအသုံးအနှုန်း: Innaa a'taina kal kauthar
(အို-နဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား များပြားလှစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
- 2
فَصَلِّ لِرَبِّكَ وَٱنْحَرْ
စကားအသုံးအနှုန်း: Fa salli li rabbika wanhar
သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ရည်သန်၍ ဆွလာတ်ဝတ်ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် (ထိုအရှင်မြတ်အား ရည်သန်၍ သားကောင်ကို) ကုရ်ဗာနီပြုပါလေ။
- 3
إِنَّ شَانِئَكَ هُوَ ٱلْأَبْتَرُ
စကားအသုံးအနှုန်း: Inna shani-aka huwal abtar
ဧကန်မလွဲ အသင်၏ရန်သူသည်သာလျှင် အညွန့်တုံးသူ ဖြစ်ချေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။