သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَرَءَيْتَ ٱلَّذِى يُكَذِّبُ بِٱلدِّينِ
စကားအသုံးအနှုန်း: Ara-aital lazee yu kazzibu bid deen
အသင်သည် အစားပေးခြင်း(၏နေ့)ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေ သလော။
- 2
فَذَٰلِكَ ٱلَّذِى يَدُعُّ ٱلْيَتِيمَ
စကားအသုံးအနှုန်း: Fa zaalikal lazi yadu'ul-yateem
ထိုသူပင် ဘမဲ့ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။
- 3
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ
စကားအသုံးအနှုန်း: Wa la ya huddu 'alaa ta'amil miskeen
၎င်းပြင် ထိုသူသည် သူဆင်းရဲတို့အား အစားအစာကျွေးမွေးရန် တိုက်တွန်း နှိုးဆော်ခြင်းလည်း မပြုပေ။
- 4
فَوَيْلٌۭ لِّلْمُصَلِّينَ
စကားအသုံးအနှုန်း: Fa wai lul-lil mu salleen
သို့ဖြစ်ပေရာ (အကြင်သို့သော) ဆွလာတ်ဝတ်ပြုသူတို့၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။
- 5
ٱلَّذِينَ هُمْ عَن صَلَاتِهِمْ سَاهُونَ
စကားအသုံးအနှုန်း: Al lazeena hum 'an salaatihim sahoon
ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာတ် ဝတ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။
- 6
ٱلَّذِينَ هُمْ يُرَآءُونَ
စကားအသုံးအနှုန်း: Al lazeena hum yuraa-oon
အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် (မိမိ တို့၏ဆွလာတ်ဝတ်ပြုမှုစသော ကောင်းမှုများကို) ပြစားကြကုန်၏။
- 7
وَيَمْنَعُونَ ٱلْمَاعُونَ
စကားအသုံးအနှုန်း: Wa yamna'oonal ma'oon
ထိုမှတပါး ၎င်းတို့သည် အသေးအဖွဲ အသုံးအဆောင် ပစ္စည်းများကိုပင် (သူတစ်ပါးတို့အား ငှားရမ်းခြင်းမပြုရန်) ပိတ်ပင် တားမြစ်ကြကုန် သတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။