သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِأَصْحَٰبِ ٱلْفِيلِ
စကားအသုံးအနှုန်း: Alam tara kaifa fa'ala rabbuka bi ashaabil feel
(အို-နဗီတမန်တော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဆင်ပိုင်ရှင်တို့အား မည်သို့မည်ပုံ ပြုလုပ်တော်မူခဲ့သည်ကို အသင်သည် မသိမမြင် မဆင်ခြင်ခဲ့ပါလေသလော။
- 2
أَلَمْ يَجْعَلْ كَيْدَهُمْ فِى تَضْلِيلٍۢ
စကားအသုံးအနှုန်း: Alam yaj'al kai dahum fee tad leel
ထိုအရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။
- 3
وَأَرْسَلَ عَلَيْهِمْ طَيْرًا أَبَابِيلَ
စကားအသုံးအနှုန်း: Wa arsala 'alaihim tairan abaabeel
ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ငှက်များကို အုပ်စုလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။
- 4
تَرْمِيهِم بِحِجَارَةٍۢ مِّن سِجِّيلٍۢ
စကားအသုံးအနှုန်း: Tar meehim bi hi jaaratim min sij jeel
ထိုငှက်များသည် ၎င်းတို့အား ရွှံ့စေးဖြင့်ပြုလုပ်ထားသော ကျောက်ခဲများဖြင့် ပစ်ခတ်လျက် ရှိခဲ့ကြကုန်၏။
- 5
فَجَعَلَهُمْ كَعَصْفٍۢ مَّأْكُولٍۭ
စကားအသုံးအနှုန်း: Faja 'alahum ka'asfim m'akool
၎င်းနောက် ထိုအရှင်မြတ်သည် ၎င်းတို့အား စားထားပြီးဖြစ်သော ကောက်ရိုးဖတ်များကဲ့သို့ ပြုလုပ်တော်မူခဲ့ပေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။