စူရဟ်များအားလုံး

စူရဟ် 104

The Traducer

سُورَةُ الهُمَزَةِ

Al-Humaza · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ وَيْلٌۭ لِّكُلِّ هُمَزَةٍۢ لُّمَزَةٍ

    စကားအသုံးအနှုန်း: Wai lul-li kulli hu mazatil-lumaza

    နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။

  2. 2

    ٱلَّذِى جَمَعَ مَالًۭا وَعَدَّدَهُۥ

    စကားအသုံးအနှုန်း: Al-lazi jama'a maalaw wa'addadah

    အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။

  3. 3

    يَحْسَبُ أَنَّ مَالَهُۥٓ أَخْلَدَهُۥ

    စကားအသုံးအနှုန်း: Yahsabu anna maalahu akhladah

    ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည် အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။

  4. 4

    كَلَّا ۖ لَيُنۢبَذَنَّ فِى ٱلْحُطَمَةِ

    စကားအသုံးအနှုန်း: Kalla layum ba zanna fil hutamah

    အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။

  5. 5

    وَمَآ أَدْرَىٰكَ مَا ٱلْحُطَمَةُ

    စကားအသုံးအနှုန်း: Wa maa adraaka mal-hutamah

    စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။

  6. 6

    نَارُ ٱللَّهِ ٱلْمُوقَدَةُ

    စကားအသုံးအနှုန်း: Narul laahil-mooqada

    မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့်တော်အရ မွှေးထားတော်မူသောမီးပင်)။

  7. 7

    ٱلَّتِى تَطَّلِعُ عَلَى ٱلْأَفْـِٔدَةِ

    စကားအသုံးအနှုန်း: Al latee tat tali'u 'alalafidah

    အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။

  8. 8

    إِنَّهَا عَلَيْهِم مُّؤْصَدَةٌۭ

    စကားအသုံးအနှုန်း: Innaha 'alaihim moosada

    ဧကန်မလွဲ ထိုမီးသည် ၎င်းတို့အပေါ်၌ ပိတ်ဆို့ပြီး ဖြစ်ပေမည်။

  9. 9

    فِى عَمَدٍۢ مُّمَدَّدَةٍۭ

    စကားအသုံးအနှုန်း: Fee 'amadim-mu mad dadah

    ရှည်လျားစွာသော(မီးကျီး)တိုင်များ၌ (တုပ်နှောင်လျက်)။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Traducer — Islam Word