စူရဟ်များအားလုံး

စူရဟ် 102

The Rivalry in world increase

سُورَةُ التَّكَاثُرِ

At-Takaathur · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَلْهَىٰكُمُ ٱلتَّكَاثُرُ

    စကားအသုံးအနှုန်း: Al haaku mut takathur

    (ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့်စပ်လျဉ်း၍ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင်ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။

  2. 2

    حَتَّىٰ زُرْتُمُ ٱلْمَقَابِرَ

    စကားအသုံးအနှုန်း: Hatta zurtumul-maqaabir

    နောက်ဆုံးတွင် အသင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ခဲ့ကြရလေသည်။

  3. 3

    كَلَّا سَوْفَ تَعْلَمُونَ

    စကားအသုံးအနှုန်း: Kalla sawfa ta'lamoon

    သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။

  4. 4

    ثُمَّ كَلَّا سَوْفَ تَعْلَمُونَ

    စကားအသုံးအနှုန်း: Thumma kalla sawfa ta'lamoon

    တဖန် သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။

  5. 5

    كَلَّا لَوْ تَعْلَمُونَ عِلْمَ ٱلْيَقِينِ

    စကားအသုံးအနှုန်း: Kalla law ta'lamoona 'ilmal yaqeen

    အကယ်၍သာ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော် အလျှင်း (လျစ်လျူရူပေါ့တန်ကြမည်) မဟုတ်ပေ။

  6. 6

    لَتَرَوُنَّ ٱلْجَحِيمَ

    စကားအသုံးအနှုန်း: Latara-wun nal jaheem

    မလွဲဧကန် အသင်တို့သည် ဂျဟန္နမ်ငရဲကို တွေ့မြင်ကြပေမည်။

  7. 7

    ثُمَّ لَتَرَوُنَّهَا عَيْنَ ٱلْيَقِينِ

    စကားအသုံးအနှုန်း: Thumma latara wunnaha 'ainal yaqeen

    ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်းဂျဟန္နမ်ငရဲကို မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြပေမည်။

  8. 8

    ثُمَّ لَتُسْـَٔلُنَّ يَوْمَئِذٍ عَنِ ٱلنَّعِيمِ

    စကားအသုံးအနှုန်း: Thumma latus alunna yauma-izin 'anin na'eem

    ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။

The Rivalry in world increase — Islam Word