သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْقَارِعَةُ
စကားအသုံးအနှုန်း: Al qaari'ah
ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။
- 2
مَا ٱلْقَارِعَةُ
စကားအသုံးအနှုန်း: Mal qaariah
ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။
- 3
وَمَآ أَدْرَىٰكَ مَا ٱلْقَارِعَةُ
စကားအသုံးအနှုန်း: Wa maa adraaka mal qaari'ah
စင်စစ် ထိုဘေးကြီး ဆိုက်ရောက်ခြင်းဟူသည်(ထိုတီးခေါက်သော အရာဟူသည်) မည်သည့်အရာဖြစ်သည်ကို အသင် သိပါသလော။
- 4
يَوْمَ يَكُونُ ٱلنَّاسُ كَٱلْفَرَاشِ ٱلْمَبْثُوثِ
စကားအသုံးအနှုန်း: Yauma ya koonun naasu kal farashil mabthooth
အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေမည်။
- 5
وَتَكُونُ ٱلْجِبَالُ كَٱلْعِهْنِ ٱلْمَنفُوشِ
စကားအသုံးအနှုန်း: Wa ta koonul jibalu kal 'ihnil manfoosh
ထိုမှတစ်ပါး တောင်များသည် ဖတ်ပြီး အရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။
- 6
فَأَمَّا مَن ثَقُلَتْ مَوَٰزِينُهُۥ
စကားအသုံးအနှုန်း: Fa-amma man thaqulat mawa zeenuh
ထိုအခါ အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် အချိန်စီးခဲ့မူ။
- 7
فَهُوَ فِى عِيشَةٍۢ رَّاضِيَةٍۢ
စကားအသုံးအနှုန်း: Fahuwa fee 'ishatir raadiyah
ထိုသူသည် စိတ်တိုင်းကျစည်းစိမ်၌ (မွေ့လျော်စွာ)ရှိပေမည်။
- 8
وَأَمَّا مَنْ خَفَّتْ مَوَٰزِينُهُۥ
စကားအသုံးအနှုန်း: Wa amma man khaffat mawa zeenuh
သို့ရာတွင် အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် (အချိန်မစီးဘဲ) ပေါ့၍ နေသည်ရှိသော်။
- 9
فَأُمُّهُۥ هَاوِيَةٌۭ
စကားအသုံးအနှုန်း: Fa-ummuhu haawiyah
ထိုသူ၏ နေထိုင်ရာဌာနမှာ နက်ရှိုင်းသောငရဲတွင်းပင် ဖြစ်ပေမည်။
- 10
وَمَآ أَدْرَىٰكَ مَا هِيَهْ
စကားအသုံးအနှုန်း: Wa maa adraaka maa hiyah
စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင် သိပါသလော။
- 11
نَارٌ حَامِيَةٌۢ
စကားအသုံးအနှုန်း: Naarun hamiyah
(ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော (ငရဲ)မီးပင် ဖြစ်ချေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။