သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا زُلْزِلَتِ ٱلْأَرْضُ زِلْزَالَهَا
စကားအသုံးအနှုန်း: Izaa zul zilatil ardu zil zaalaha
ပထဝီမြေသည် မိမိ ငလျင်လှုပ်ခြင်း၊ မိမိ သွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။
- 2
وَأَخْرَجَتِ ٱلْأَرْضُ أَثْقَالَهَا
စကားအသုံးအနှုန်း: Wa akh rajatil ardu athqaalaha
၎င်းပြင် ပထဝီမြေသည် မိမိ(အတွင်းရှိ သေသူများ၊ ရွှေငွေရတနာအစရှိသော) ဝန်ထုပ်များကို အပြင်သို့ ထုတ်သောအခါ။
- 3
وَقَالَ ٱلْإِنسَٰنُ مَا لَهَا
စကားအသုံးအနှုန်း: Wa qaalal insaanu ma laha
ထို့ပြင် လူက ဤပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။
- 4
يَوْمَئِذٍۢ تُحَدِّثُ أَخْبَارَهَا
စကားအသုံးအနှုန်း: Yawmaa izin tuhad dithu akhbaaraha
ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားများကို ပြောပြပေမည်။
- 5
بِأَنَّ رَبَّكَ أَوْحَىٰ لَهَا
စကားအသုံးအနှုန်း: Bi-anna rabbaka awhaa laha
အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းအား (ယင်းသို့ပင်)အမိန့်ထုတ်ပြန်တော်မူခြင်းကြောင့် ဖြစ်အံ့။
- 6
يَوْمَئِذٍۢ يَصْدُرُ ٱلنَّاسُ أَشْتَاتًۭا لِّيُرَوْا۟ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Yawma iziy yas durun naasu ash tatal liyuraw a'maalahum
ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုး ကွဲလျက် မိမိတို့ကျင့်မူချက်တို့ကို ပြသခြင်း ခံကြရအံ့သောငှာ ပြန်လာကြပေမည်။ (ထွက်ပေါ်လာကြပေမည်)။
- 7
فَمَن يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًۭا يَرَهُۥ
စကားအသုံးအနှုန်း: Famaiy ya'mal mithqala zarratin khai raiy-yarah
သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။
- 8
وَمَن يَعْمَلْ مِثْقَالَ ذَرَّةٍۢ شَرًّۭا يَرَهُۥ
စကားအသုံးအနှုန်း: Wa maiy-y'amal mithqala zarratin sharraiy-yarah
ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။