စူရဟ်များအားလုံး

စူရဟ် 75

The Resurrection

سُورَةُ القِيَامَةِ

Al-Qiyaama · မက္ကန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ لَآ أُقْسِمُ بِيَوْمِ ٱلْقِيَٰمَةِ

    စကားအသုံးအနှုန်း: Laaa uqsimu bi yawmil qiyaamah

    ငါ အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

  2. 2

    وَلَآ أُقْسِمُ بِٱلنَّفْسِ ٱللَّوَّامَةِ

    စကားအသုံးအနှုန်း: Wa laaa uqsimu bin nafsil lawwaamah

    ထိုမှတစ်ပါး ငါအရှင်မြတ်သည် (မိမိကိုယ်ကို)လွန်စွာ ပြစ်တင်ဆုံးမတတ်သောစိတ်ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

  3. 3

    أَيَحْسَبُ ٱلْإِنسَٰنُ أَلَّن نَّجْمَعَ عِظَامَهُۥ

    စကားအသုံးအနှုန်း: Ayahsabul insaanu al lan najm'a 'izaamah

    လူသားသည် ၎င်း၏အရိုးများကို ငါအရှင်မြတ် စုပေါင်းတော်မူမည်မဟုတ်ဟု ထင်မှတ်၍နေ လေသလော။

  4. 4

    بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّىَ بَنَانَهُۥ

    စကားအသုံးအနှုန်း: Balaa qaadireena 'alaaa an nusawwiya banaanah

    အဘယ်ကြောင့် မဟုတ်ပါသနည်း။ ငါအရှင်မြတ်သည် ထိုလူသား၏ လက်ဆစ်ခြေဆစ်များကိုပင်လျှင် မူလအခြေအနေအတိုင်း ပြန်၍ပြုပြင်ဖန်ဆင်းရန် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

  5. 5

    بَلْ يُرِيدُ ٱلْإِنسَٰنُ لِيَفْجُرَ أَمَامَهُۥ

    စကားအသုံးအနှုန်း: Bal yureedul insaanu liyafjura amaamah

    စင်စစ်မှာကား လူသားသည် မိမိရှေ့အနာဂတ်ကာလ၌ဖြစ်အံ့သော "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်လို၏။(တစ်နည်း) စင်စစ်မှာကား လူသားသည် အနာဂတ်ကာလ၌လည်း ပြစ်မှုဒုစရိုက် ကျူးလွန်လို၏။

  6. 6

    يَسْـَٔلُ أَيَّانَ يَوْمُ ٱلْقِيَٰمَةِ

    စကားအသုံးအနှုန်း: Yas'alu ayyyaana yawmul qiyaamah

    ထိုလူသားက ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု မေးမြန်း၏။

  7. 7

    فَإِذَا بَرِقَ ٱلْبَصَرُ

    စကားအသုံးအနှုန်း: Fa izaa bariqal basar

    စင်စစ်မှာကား အကြင်အခါဝယ် မျက်စိများမိန်းမောတွေဝေ ထိုင်းမှိုင်း၍ သွားပေမည်။

  8. 8

    وَخَسَفَ ٱلْقَمَرُ

    စကားအသုံးအနှုန်း: We khasafal qamar

    ၎င်းပြင် "လ" သည် အလင်းရောင် ကင်းမဲ့၍သွားပေမည်။

  9. 9

    وَجُمِعَ ٱلشَّمْسُ وَٱلْقَمَرُ

    စကားအသုံးအနှုန်း: Wa jumi'ash shamusu wal qamar

    ထိုမှတစ်ပါး "နေ"နှင့်"လ" တို့သည် ပေါင်းစပ်ခြင်းကို ခံကြရပေမည်။ (တစ်နည်း) "နေ" နှင့် "လ"တို့သည် တစ်မျိုး တစ်စားတည်း ဖြစ်စေခြင်းကို ခံကြရပေမည်။

  10. 10

    يَقُولُ ٱلْإِنسَٰنُ يَوْمَئِذٍ أَيْنَ ٱلْمَفَرُّ

    စကားအသုံးအနှုန်း: Yaqoolul insaanu yaw ma 'izin aynal mafarr

    ထိုနေ့တွင် လူသားသည် (ကျွန်ုပ်)အဘယ်သို့ ပြေးရပါမည်နည်းဟု ပြောဆိုပေမည်။

  11. 11

    كَلَّا لَا وَزَرَ

    စကားအသုံးအနှုန်း: Kallaa laa wazar

    အလျှင်း မဟုတ်။ ခိုလှုံရာဟူ၍ အလျှင်း ရှိလိမ့်မည် မဟုတ်ပေ။

  12. 12

    إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمُسْتَقَرُّ

    စကားအသုံးအနှုန်း: Ilaa rabbika yawma 'izinil mustaqarr

    ထိုနေ့တွင် နေထိုင်ရာဌာနဟူသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော် ၌သာလျှင် ရှိချေမည်။

  13. 13

    يُنَبَّؤُا۟ ٱلْإِنسَٰنُ يَوْمَئِذٍۭ بِمَا قَدَّمَ وَأَخَّرَ

    စကားအသုံးအနှုန်း: Yunabba 'ul insaanu yawma 'izim bimaa qaddama wa akhkhar

    ထိုနေ့တွင် လူသားသည် မိမိ တင်ကြို ပို့နှင့်ခဲ့သည်ကိုလည်းကောင်း၊ မိမိ နောက်ချန်ရစ်ခဲ့သည်ကိုလည်းကောင်း၊ ပြောပြခြင်းကို ခံရပေမည်။

  14. 14

    بَلِ ٱلْإِنسَٰنُ عَلَىٰ نَفْسِهِۦ بَصِيرَةٌۭ

    စကားအသုံးအနှုန်း: Balil insaanu 'alaa nafsihee baseerah

    စင်စစ်မှာကား လူသားသည် မိမိကိုယ်ကို မိမိကောင်းစွာ မြင်သူဖြစ်မည်။ (တစ်နည်း) စင်စစ်မှာကား လူသား၏ ခန္ဓာကိုယ်၌ပင် သက်သေရှိနေပေမည်။

  15. 15

    وَلَوْ أَلْقَىٰ مَعَاذِيرَهُۥ

    စကားအသုံးအနှုန်း: Wa law alqaa ma'aazeerah

    စင်စစ် ၎င်းသည် မိမိ အကြောင်းပြချက်များကို(မည်မျှပင်) တင်ပြငြားအံ့လည်း။

  16. 16

    لَا تُحَرِّكْ بِهِۦ لِسَانَكَ لِتَعْجَلَ بِهِۦٓ

    စကားအသုံးအနှုန်း: Laa tuharrik bihee lisaa naka lita'jala bih

    အသင်သည် (ကောင်းကင်တမန် ဂျစ်ဗ်ရီလ်သည် ကုရ်အာန်ကျမ်းလာ အာယတ်တော်များကို ရွတ်ဖတ်တော်မူသည့်အခါ) အသင်၏လျှာကို(ယင်း အာယတ်တော်များကို) အလျှင်အမြန် (ကျက်မှတ်)ရယူရန် အလို့ငှာ မလှုပ်လေနှင့်။

  17. 17

    إِنَّ عَلَيْنَا جَمْعَهُۥ وَقُرْءَانَهُۥ

    စကားအသုံးအနှုန်း: Inna 'alainaa jam'ahoo wa qur aanah

    ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို စုပေါင်းခြင်းသည်လည်းကောင်း၊ ထိုနည်းတူစွာ (ယင်းကုရ်အာန်ကျမ်းမြတ်ကို) ဖတ်စေခြင်းသည်လည်းကောင်း၊ ငါအရှင်မြတ်၏ တာဝန်ဖြစ်၏။

  18. 18

    فَإِذَا قَرَأْنَٰهُ فَٱتَّبِعْ قُرْءَانَهُۥ

    စကားအသုံးအနှုန်း: Fa izaa qaraanaahu fattabi' qur aanah

    သို့ဖြစ်ပေရာ အကြင်အခါဝယ် ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) ဖတ်ကြားတော် မူခဲ့အံ့။ထိုအခါ (ယင်းကုရ်အာန်၏ ဖတ်ကြားချက်ကို) အသင်သည် လိုက်(၍ဖတ်)ပါလေ။ နားထောင်ပါလေ။

  19. 19

    ثُمَّ إِنَّ عَلَيْنَا بَيَانَهُۥ

    စကားအသုံးအနှုန်း: Summa inna 'alainaa bayaanah

    ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ရှင်းပြခြင်းမှာလည်း ဧကန်အမှန် ငါအရှင်မြတ်၏ တာဝန်သာဖြစ်၏။

  20. 20

    كَلَّا بَلْ تُحِبُّونَ ٱلْعَاجِلَةَ

    စကားအသုံးအနှုန်း: Kallaa bal tuhibboonal 'aajilah

    မှတ်ယူကြလေကုန်။ စင်စစ်မှာကား အသင်တို့သည် လောကီဘဝကို နှစ်သက်ကြကုန်၏။

  21. 21

    وَتَذَرُونَ ٱلْءَاخِرَةَ

    စကားအသုံးအနှုန်း: Wa tazaroonal Aakhirah

    ၎င်း ပြင် အသင်တို့သည် "အာခိရတ်"တမလွန်ဘဝကို စွန့်လွှတ်ကြကုန်၏။

  22. 22

    وُجُوهٌۭ يَوْمَئِذٍۢ نَّاضِرَةٌ

    စကားအသုံးအနှုန်း: Wujoohuny yawma 'izin naadirah

    ထိုနေ့တွင် များစွာသော မျက်နှာတို့မှာ ရွှင်လန်းလျက် ရှိကြပေမည်။

  23. 23

    إِلَىٰ رَبِّهَا نَاظِرَةٌۭ

    စကားအသုံးအနှုန်း: Ilaa rabbihaa naazirah

    မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဖူးမြော်လျက် ရှိကြပေမည်။

  24. 24

    وَوُجُوهٌۭ يَوْمَئِذٍۭ بَاسِرَةٌۭ

    စကားအသုံးအနှုန်း: Wa wujoohuny yawma 'izim baasirah

    သို့ရာတွင် များစွာသော မျက်နှာတို့မှာမူကား ညှိုးနွမ်းလျက်ပင် ရှိကြပေမည်။

  25. 25

    تَظُنُّ أَن يُفْعَلَ بِهَا فَاقِرَةٌۭ

    စကားအသုံးအနှုန်း: Tazunnu any yuf'ala bihaa faaqirah

    ၎င်းတို့၌ ခါးရိုးကျိုးစေမည့် ပြစ်ဒဏ်ကို ခံရမည်ကို ကောင်းမွန်စွာ သိလျက်ရှိကြကုန် အံ့သတည်း။

  26. 26

    كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِىَ

    စကားအသုံးအနှုန်း: Kallaaa izaa balaghatit taraaqee

    မှတ်ယူကြလေကုန်၊ အကြင်အခါဝယ် အသက်ဇီဝိန်သည် ညှပ်ရိုးများသို့ ရောက်ရှိ၍သွားလေ၏။

  27. 27

    وَقِيلَ مَنْ ۜ رَاقٍۢ

    စကားအသုံးအနှုန်း: Wa qeela man raaq

    ၎င်း ပြင် (ထိုဝေဒနာရှင်၏ အနီးအနား၌ ရှိသူတို့က) မန်းမှုတ်မည့်သူ ရှိပါသလောဟု ဟစ်အော် ကြပေမည်။

  28. 28

    وَظَنَّ أَنَّهُ ٱلْفِرَاقُ

    စကားအသုံးအနှုန်း: Wa zanna annahul firaaq

    ၎င်းပြင် ဧကန်စင်စစ် ဤအချိန်ကား (လောကီဘဝမှ) စွန့်ခွာရမည့်အချိန်ဖြစ်သည်ဟု ထိုသူ ယုံကြည် လျက်ရှိပေမည်။

  29. 29

    وَٱلْتَفَّتِ ٱلسَّاقُ بِٱلسَّاقِ

    စကားအသုံးအနှုန်း: Waltaffatis saaqu bissaaq

    ထို့ပြင် ခြေသလုံးသည် ခြေသလုံးနှင့်ကပ်သွားပေမည်။ (တစ်နည်း) ထို့ပြင် ဒုက္ခသည် ဒုက္ခပေါ်၌ ထပ်ဆင့်၍ သွားပေမည်။

  30. 30

    إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمَسَاقُ

    စကားအသုံးအနှုန်း: Ilaa rabbika yawma'izinil masaaq

    ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ပင် ပြန်သွားရပေမည်။

  31. 31

    فَلَا صَدَّقَ وَلَا صَلَّىٰ

    စကားအသုံးအနှုန်း: Falaa saddaqa wa laa sallaa

    စင်စစ်သော်ကား ထိုလူသားသည် ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့သည်လည်း မဟုတ်ပေ။ "ဆွလာတ်" ဝတ်ပြုခဲ့သည်လည်း မဟုတ်ပေ။

  32. 32

    وَلَٰكِن كَذَّبَ وَتَوَلَّىٰ

    စကားအသုံးအနှုန်း: Wa laakin kazzaba wa tawalla

    သို့ရာတွင် ၎င်းသည် မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခြင်းကိုသာလည်းကောင်း၊ မျက်နှာလွှဲခြင်းကိုသာလည်းကောင်း၊ ပြုခဲ့၏။

  33. 33

    ثُمَّ ذَهَبَ إِلَىٰٓ أَهْلِهِۦ يَتَمَطَّىٰٓ

    စကားအသုံးအနှုန်း: Summa zahaba ilaaa ahlihee yatamatta

    ထို့နောက် ၎င်း သည် မော်ကြွားဟန်ချီလျက် မိမိ အိမ်သူအိမ်သားတို့ထံ သွားခဲ့၏။

  34. 34

    أَوْلَىٰ لَكَ فَأَوْلَىٰ

    စကားအသုံးအနှုန်း: Awlaa laka fa awlaa

    အသင်၌ ပျက်စီးခြင်းအပေါ်ဝယ် ပျက်စီးခြင်းသာရှိပေမည်။

  35. 35

    ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰٓ

    စကားအသုံးအနှုန်း: Summa awlaa laka fa awla

    ထို့နောက် တစ်ဖန် အသင်၌ ပျက်စီးခြင်း အပေါ်ဝယ် ပျက်စီးခြင်းသည်သာ ရှိပေမည်။

  36. 36

    أَيَحْسَبُ ٱلْإِنسَٰنُ أَن يُتْرَكَ سُدًى

    စကားအသုံးအနှုန်း: Ayahsabul insaanu anyytraka sudaa

    လူသားသည် မိမိမှာ ဤအတိုင်း စွန့်လွှတ်ထားခြင်းကို ခံနေရမည်ဟု ထင်မှတ်လေသလော။

  37. 37

    أَلَمْ يَكُ نُطْفَةًۭ مِّن مَّنِىٍّۢ يُمْنَىٰ

    စကားအသုံးအနှုန်း: Alam yaku nutfatam mim maniyyiny yumnaa

    ၎င်း မှာ သွန်းလောင်းခြင်းခံရသော သုတ်ရည်တစ်စက်သာလျှင် ဖြစ်ခဲ့သည်မဟုတ်လော။

  38. 38

    ثُمَّ كَانَ عَلَقَةًۭ فَخَلَقَ فَسَوَّىٰ

    စကားအသုံးအနှုန်း: Summa kaana 'alaqata fakhalaq fasawwaa

    ထို့နောက် ယင်းသုတ်ရည်သည် သွေးခဲဖြစ်ခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် (၎င်း အား) ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် (၎င်း အား) နေသားကျနအောင် ပြုပြင်တော်မူခဲ့၏။

  39. 39

    فَجَعَلَ مِنْهُ ٱلزَّوْجَيْنِ ٱلذَّكَرَ وَٱلْأُنثَىٰٓ

    စကားအသုံးအနှုန်း: Faja'ala minhuz zawjayniz zakara wal unsaa

    ထို့နောက် ထိုအရှင်မြတ်သည် ယင်း(သွေးခဲ ဖြစ်သွားခဲ့သောသုတ်ရည်)ကို ယောက်ျားမိန်းမ(ဟူ၍)နှစ်မျိုးနှစ်စား ပြုလုပ်တော်မူခဲ့၏။

  40. 40

    أَلَيْسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحْۦِىَ ٱلْمَوْتَىٰ

    စကားအသုံးအနှုန်း: Alaisa zaalika biqaadirin 'alaaa any yuhyiyal mawtaa

    ထို(ကဲ့သို့သော)အရှင်မြတ်သည် သူသေတို့အား(တစ်ဖန်ပြန်၍) ရှင်စေတော်မူရန် တတ်စွမ်းနိုင် တော်မူသောအရှင် မဟုတ်ပါသလော။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။