သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ سَأَلَ سَآئِلٌۢ بِعَذَابٍۢ وَاقِعٍۢ
စကားအသုံးအနှုန်း: Sa ala saaa'ilum bi'azaa binw-waaqi'
တောင်းဆိုသူတစ်ဦးသည် ကျရောက်အံ့သောပြစ်ဒဏ်ကို တောင်းဆို၏။
- 2
لِّلْكَٰفِرِينَ لَيْسَ لَهُۥ دَافِعٌۭ
စကားအသုံးအနှုန်း: Lilkaafireen laisa lahoo daafi'
ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အပေါ်ဝယ် ယင်းပြစ်ဒဏ်ကို တွန်းလှန် ဖယ်ရှားအံ့သောသူ ဟူ၍တစ်ဦးတစ်ယောက်မျှပင်မရှိပြီ။
- 3
مِّنَ ٱللَّهِ ذِى ٱلْمَعَارِجِ
စကားအသုံးအနှုန်း: Minal laahi zil ma'aarij
လှေကား အဆင့်အထစ် အဆင့်အတန်းများကို ပိုင်ဆိုင်တော်မူသော ၎င်းအရှင်မြတ်ထံတော်မှ (ကျရောက်မည်)ဖြစ်သော။
- 4
تَعْرُجُ ٱلْمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيْهِ فِى يَوْمٍۢ كَانَ مِقْدَارُهُۥ خَمْسِينَ أَلْفَ سَنَةٍۢ
စကားအသုံးအနှုန်း: Ta'rujul malaaa'ikatu war Roohu ilaihi fee yawmin kaana miqdaaruhoo khamseena alfa sanah
မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ (ရုဟ်)အသက်ဇီဝိန်များသည်လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြပေသည်။ အကြင်နေ့တွင် ယင်းနေ့၏ အတိုင်းအတာသည် ဤပစ္စက္ခ၏ နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။
- 5
فَٱصْبِرْ صَبْرًۭا جَمِيلًا
စကားအသုံးအနှုန်း: Fasbir ssabran jameelaa
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ကောင်းမွန်သောခန္တီတရားကို ထားရှိပါလေ။
- 6
إِنَّهُمْ يَرَوْنَهُۥ بَعِيدًۭا
စကားအသုံးအနှုန်း: Inaahum yarawnahoo ba'eedaa
ဧကန်မလွဲ ၎င်းတို့သည် ယင်းပြစ်ဒဏ်နေ့ကို ဝေးသည်ဟု မြင်ကြ၏။
- 7
وَنَرَىٰهُ قَرِيبًۭا
စကားအသုံးအနှုန်း: Wa naraahu qareebaa
ငါအရှင်မြတ်မှာမူ ယင်းပြစ်ဒဏ်နေ့ကို အနီး၌ပင် မြင်နေတော်မူပေသတည်း။
- 8
يَوْمَ تَكُونُ ٱلسَّمَآءُ كَٱلْمُهْلِ
စကားအသုံးအနှုန်း: Yawma takoonus samaaa'u kalmuhl
(ယင်းပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်အံ့၊) ထိုနေ့တွင် မိုးကောင်းကင်မှာ ဆီအနည်အရည်ကျိုထားသော (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) တွင်းထွက်သတ္တုကဲ့သို့ ဖြစ်သွားပေမည်။
- 9
وَتَكُونُ ٱلْجِبَالُ كَٱلْعِهْنِ
စကားအသုံးအနှုန်း: Wa takoonul jibaalu kal'ihn
၎င်းပြင် တောင်များမှာ အရောင်ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။
- 10
وَلَا يَسْـَٔلُ حَمِيمٌ حَمِيمًۭا
စကားအသုံးအနှုန်း: Wa laa yas'alu hameemun hameemaa
၎င်းပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်ပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။
- 11
يُبَصَّرُونَهُمْ ۚ يَوَدُّ ٱلْمُجْرِمُ لَوْ يَفْتَدِى مِنْ عَذَابِ يَوْمِئِذٍۭ بِبَنِيهِ
စကားအသုံးအနှုန်း: Yubassaroonahum; ya waddul mujrimu law yaftadee min 'azaabi yawma'izim bibaneeh
(စင်စစ်) ၎င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရပေမည်။ (ထိုနေ့တွင်) အပြစ်ရှိသောသူသည် ထိုနေ့၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) မိမိ သားများအားလည်းကောင်း၊
- 12
وَصَٰحِبَتِهِۦ وَأَخِيهِ
စကားအသုံးအနှုန်း: Wa saahibatihee wa akheeh
မိမိကြင်ဖော်အားလည်းကောင်း၊ မိမိညီအစ်ကိုများအားလည်းကောင်း၊
- 13
وَفَصِيلَتِهِ ٱلَّتِى تُـْٔوِيهِ
စကားအသုံးအနှုန်း: Wa faseelathil latee tu'weeh
မိမိအား ခိုလှုံနေထိုင်ရာ နေရာပေးသောဆွေမျိုးသားချင်းကိုလည်းကောင်း၊
- 14
وَمَن فِى ٱلْأَرْضِ جَمِيعًۭا ثُمَّ يُنجِيهِ
စကားအသုံးအနှုန်း: Wa man fil ardi jamee'an summa yunjeeh
ပထဝီမြေဝယ် ရှိကုန်သောသူ အားလုံးတို့အားလည်းကောင်း၊ အစားထိုး လျော်ကြေးပေးပြီးနောက် ထိုလျော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းလေစွဟု အာသာဆန္ဒရှိပေမည်။
- 15
كَلَّآ ۖ إِنَّهَا لَظَىٰ
စကားအသုံးအနှုန်း: Kallaa innahaa lazaa
(ထိုသို့) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်ယင်း(ငရဲမီး)မှာ ဟုန်းဟုန်းတောက်လျက်ရှိသော၊
- 16
نَزَّاعَةًۭ لِّلشَّوَىٰ
စကားအသုံးအနှုန်း: Nazzaa'atal lishshawaa
အရေကို ခွာပစ်အံ့သော မီးတောက်မီးလျှံပင်ဖြစ်ပေသည်။
- 17
تَدْعُوا۟ مَنْ أَدْبَرَ وَتَوَلَّىٰ
စကားအသုံးအနှုန်း: Tad'oo man adbara wa tawallaa
ယင်းမီးကား (လောကီဘဝ၌ အီမာန် သက်ဝင်ယုံကြည်ခြင်းမပြုဘဲ) မျက်နှာလွှဲ ကျောခိုင်း၍ ထွက်သွားခဲ့သော၊
- 18
وَجَمَعَ فَأَوْعَىٰٓ
စကားအသုံးအနှုန်း: W jama'a fa aw'aa
(ပစ္စည်းဥစ္စာ) စုဆောင်း၍ လုံခြုံစွာ သိုမှီး ထိန်းသိမ်းခဲ့သောသူများအား ခေါ်ယူပေမည်။
- 19
۞ إِنَّ ٱلْإِنسَٰنَ خُلِقَ هَلُوعًا
စကားအသုံးအနှုန်း: Innal insaana khuliqa haloo'aa
စင်စစ်ဧကန် "မနုဿ" လူသားမှာ လွန်စွာစိတ်စောသူ၊ သည်းမခံနိုင်သောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။
- 20
إِذَا مَسَّهُ ٱلشَّرُّ جَزُوعًۭا
စကားအသုံးအနှုန်း: Izaa massahush sharru jazoo'aa
၎င်း၌ ဘေးဒုက္ခသက်ရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။
- 21
وَإِذَا مَسَّهُ ٱلْخَيْرُ مَنُوعًا
စကားအသုံးအနှုန်း: Wa izaa massahul khairu manoo'aa
သို့ရာတွင် ၎င်း၌ ချောင်လည်မှု ကောင်းစားမှု သက်ရောက်သောအခါ လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်၏။
- 22
إِلَّا ٱلْمُصَلِّينَ
စကားအသုံးအနှုန်း: Illal musalleen
သို့ရာတွင် "ဆွလာတ်" ဝတ်ပြုသူတို့မှာမူ ကား(ထိုကဲ့သို့ မဟုတ်ကြချေ။)
- 23
ٱلَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَآئِمُونَ
စကားအသုံးအနှုန်း: Allazeena hum 'alaa Salaatihim daaa'imoon
အကြင်("ဆွလာတ်" ဝတ်ပြုသူ)တို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုပေါ်၌ စွဲမြဲလျက် ရှိကြကုန်၏။
- 24
وَٱلَّذِينَ فِىٓ أَمْوَٰلِهِمْ حَقٌّۭ مَّعْلُومٌۭ
စကားအသုံးအနှုန်း: Wallazeena feee amwaalihim haqqum ma'loom
၎င်းပြင် အကြင်("ဆွလာတ်"ဝတ်ပြု)သူတို့သည် ၎င်းတို့၏ပစ္စည်းဥစ္စာများ၌ သိရှိသတ်မှတ်ပြီးဖြစ်သော အခွင့်အရေးသည်ရှိပေ၏။
- 25
لِّلسَّآئِلِ وَٱلْمَحْرُومِ
စကားအသုံးအနှုန်း: Lissaaa 'ili walmahroom
တောင်းရမ်းသောသူ၏အဖို့ လည်းကောင်း၊(သိက္ခာကို စောင့်စည်းသောအားဖြင့်)တောင်းရမ်းခြင်း မပြုသောသူ၏အဖို့လည်းကောင်း၊
- 26
وَٱلَّذِينَ يُصَدِّقُونَ بِيَوْمِ ٱلدِّينِ
စကားအသုံးအနှုန်း: Wallazeena yusaddiqoona bi yawmid Deen
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် အစားပေးမည့်နေ့ကို ဟုတ်မှန်သည်ဟု ယုံကြည်ထောက်ခံကြကြကုန်၏။
- 27
وَٱلَّذِينَ هُم مِّنْ عَذَابِ رَبِّهِم مُّشْفِقُونَ
စကားအသုံးအနှုန်း: Wallazeena hum min 'azaabi Rabbihim mushfiqoon
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက် ရှိကြကုန်၏။
- 28
إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍۢ
စကားအသုံးအနှုန်း: Inna 'azaaba Rabbihim ghairu maamoon
စင်စစ်ဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ပြစ်ဒဏ်မှာ စိုးရိမ်ခြင်းကင်းစွာ နေထိုင်နိုင်သော အရာမဟုတ်ပြီ။
- 29
وَٱلَّذِينَ هُمْ لِفُرُوجِهِمْ حَٰفِظُونَ
စကားအသုံးအနှုန်း: Wallazeena hum lifuroo jihim haafizoon
၎င်းပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်၏။
- 30
إِلَّا عَلَىٰٓ أَزْوَٰجِهِمْ أَوْ مَا مَلَكَتْ أَيْمَٰنُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ
စကားအသုံးအနှုန်း: Illaa 'alaaa azwaajihim aw maa malakat aymaanuhum fainnahum ghairu maloomeen
မိမိတို့၏ ဇနီးမိန်းမများမှတစ်ပါး၊ သို့တည်းမဟုတ် မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်သော (တရားဝင်) ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်း သော်ကား (မိမိတို့၏ ဇနီးမိန်းမများနှင့် သော်လည်းကောင်း၊ တရားဝင်ကျွန်မိန်းမများနှင့် သော်လည်းကောင်း၊ ကာယသံသဂ္ဂ ပြုခြင်းအားဖြင့်) ၎င်းတို့မှာ ကဲ့ရဲ့ပြစ်တင်ခြင်း ခံထိုက်သောသူများ မဟုတ်သောကြောင့်ပင်။
- 31
فَمَنِ ٱبْتَغَىٰ وَرَآءَ ذَٰلِكَ فَأُو۟لَٰٓئِكَ هُمُ ٱلْعَادُونَ
စကားအသုံးအနှုန်း: Famanib taghaa waraaa'a zaalika fa ulaaa'ika humul 'aadoon
သို့ရာတွင် ထို(ဇနီးမိန်းမများ သို့မဟုတ် တရားဝင်ကျွန်မိန်းမများ)မှတစ်ပါးကို တောင့်တ ရှာဖွေကြကုန်သောသူများမှာကား (တရားတော်၏) စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သောသူများပင် ဖြစ်ကြကုန်၏။
- 32
وَٱلَّذِينَ هُمْ لِأَمَٰنَٰتِهِمْ وَعَهْدِهِمْ رَٰعُونَ
စကားအသုံးအနှုန်း: Wallazeena hum li amaa naatihim wa 'ahdihim raa'oon
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်း ခံကြရသည်တို့ကိုလည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက်များကိုလည်း ကောင်း၊ စောင့်စည်း ထိန်းသိမ်းသူများပင် ဖြစ်ကြကုန်၏။
- 33
وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمْ قَآئِمُونَ
စကားအသုံးအနှုန်း: Wallazeena hum bishahaadaatihim qaaa'imoon
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏ သက်သေခံချက်များကို တိကျမှန်ကန်စွာ ထွက်ဆိုကြကုန်၏။
- 34
وَٱلَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ
စကားအသုံးအနှုန်း: Wallazeena hum 'alaa salaatihim yuhaafizoon
ထိုမှတစ်ပါး အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုကို အမြဲမပြတ် စောင့်ထိန်းကြကုန်၏။
- 35
أُو۟لَٰٓئِكَ فِى جَنَّٰتٍۢ مُّكْرَمُونَ
စကားအသုံးအနှုန်း: Ulaaa'ika fee jannaatim mukramoon
ထိုသူတို့ကား"ဂျန္နတ်"သုခဘုံများဝယ် ဂုဏ်အသရေရှိစွာ စံစားကြရကုန်အံ့သတည်း။
- 36
فَمَالِ ٱلَّذِينَ كَفَرُوا۟ قِبَلَكَ مُهْطِعِينَ
စကားအသုံးအနှုန်း: Famaa lil lazeena kafaroo qibalaka muhti'een
သို့ဖြစ်ပေရာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ လျှင်မြန်စွာ ပြေးလာလျက်ရှိကြသနည်း။
- 37
عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ
စကားအသုံးအနှုန်း: 'Anil yameeni wa 'anish shimaali 'izeen
လက်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ အဖွဲ့လိုက်၊ အဖွဲ့လိုက်၊
- 38
أَيَطْمَعُ كُلُّ ٱمْرِئٍۢ مِّنْهُمْ أَن يُدْخَلَ جَنَّةَ نَعِيمٍۢ
စကားအသုံးအနှုန်း: Ayatma'u kullum ri'im minhum anyyudkhala jannata Na'eem
၎င်းတို့အနက် လူတိုင်းသည် စည်းစိမ်ချမ်းသာနှင့် ပြည်စုံလျက်၊ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရောက် အလိုရမ္မက် ရှိလေသလော။
- 39
كَلَّآ ۖ إِنَّا خَلَقْنَٰهُم مِّمَّا يَعْلَمُونَ
စကားအသုံးအနှုန်း: Kallaaa innaa khalaq nahum mimmaa ya'lamoon
အလျှင်းမဟုတ်၊ ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ သိရှိကြသောအရာဖြင့်(ပင်) ဖန်ဆင်းထားတော်မူသည်။
- 40
فَلَآ أُقْسِمُ بِرَبِّ ٱلْمَشَٰرِقِ وَٱلْمَغَٰرِبِ إِنَّا لَقَٰدِرُونَ
စကားအသုံးအနှုန်း: Falaaa uqsimu bi Rabbil mashaariqi wal maghaaribi innaa laqaadiroon
သို့ဖြစ်ပေရာ နေထွက်ရာ အရပ်များကိုလည်းကောင်း၊ နေဝင်ရာ အရပ်များကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော ငါအရှင်မြတ်သည် ကျိန်ဆို၍ မိန့်ကြားတော်မူ၏။ဧကန်မလွဲ ငါအရှင်မြတ်သည် တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်။
- 41
عَلَىٰٓ أَن نُّبَدِّلَ خَيْرًۭا مِّنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ
စကားအသုံးအနှုန်း: 'Alaaa an nubaddila khairam minhum wa maa Nahnu bimasbooqeen
၎င်းတို့၏အစား ၎င်းတို့ထက် သာလွန်မြင့်မြတ်သောသူအား လဲလှယ်တော်မူရန်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မစွမ်းဆောင်နိုင်တော်မူသော အရှင်မြတ် မဟုတ်ပေ။
- 42
فَذَرْهُمْ يَخُوضُوا۟ وَيَلْعَبُوا۟ حَتَّىٰ يُلَٰقُوا۟ يَوْمَهُمُ ٱلَّذِى يُوعَدُونَ
စကားအသုံးအနှုန်း: Fazarhum yakhoodoo wa yal'aboo hattaa yulaaqoo yaw mahumul lazee yoo'adoon
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့အား မိမိတို့ချိန်းဆိုခြင်း ခံကြရလေသောနေ့နှင့် ရင်ဆိုင်တွေ့ဆုံကြသည်အထိ အချည်းနှီးသောစကားများ ပြောဆိုကြလျက်ရှိကြရန် လည်းကောင်း၊ ကစားခုန်စားလျက် ရှိကြရန်လည်းကောင်း၊ စွန့်ထားပါလေ။
- 43
يَوْمَ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ سِرَاعًۭا كَأَنَّهُمْ إِلَىٰ نُصُبٍۢ يُوفِضُونَ
စကားအသုံးအနှုန်း: Yawma yakhrujoona minal ajdaasi siraa'an ka anna hum ilaa nusubiny yoofidoon
၎င်းတို့သည် ပူဇော်ပသရာသို့ ပြေး၍နေကြဘိသကဲ့သို့ပင် သင်္ချိုင်းများမှထွက်၍ လျင်မြန်စွာ ပြေးကြအံ့သောနေ့နှင့်၊
- 44
خَٰشِعَةً أَبْصَٰرُهُمْ تَرْهَقُهُمْ ذِلَّةٌۭ ۚ ذَٰلِكَ ٱلْيَوْمُ ٱلَّذِى كَانُوا۟ يُوعَدُونَ
စကားအသုံးအနှုန်း: Khaashi'atan absaaruhum tarhaquhum zillah; zaalikal yawmul lazee kaanoo yoo'adoon
၎င်းတို့၏ မျက်စိများမှာ အောက်သို့စိုက်၍ နေကြပေမည်။ ဂုဏ်ရည်သိမ်ဖျင်းမှုသည် ၎င်းတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ ထိုသည် ၎င်းတို့ချိန်းဆိုခြင်း ခံခဲ့ရသောနေ့ပင်ဖြစ်ပေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။