သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ يَٰٓأَيُّهَا ٱلنَّبِىُّ إِذَا طَلَّقْتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا۟ ٱلْعِدَّةَ ۖ وَٱتَّقُوا۟ ٱللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّآ أَن يَأْتِينَ بِفَٰحِشَةٍۢ مُّبَيِّنَةٍۢ ۚ وَتِلْكَ حُدُودُ ٱللَّهِ ۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدْ ظَلَمَ نَفْسَهُۥ ۚ لَا تَدْرِى لَعَلَّ ٱللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًۭا
စကားအသုံးအနှုန်း: Yaaa ayyuhan nabiyyu izaa tallaqtummun nisaaa'a fatalliqoohunna li'iddatihinna wa ahsul'iddata; wattaqul laaha rabbakum laa tukhri joohunna mim bu-yootihinna wa laa yakhrujna illaaa any yaateema bifaahishatim mubaiyinah; wa tilka hudoodul laah; wa many yata'adda hudoodal laahi faqad zalama nafsha; laa tadree la'allal laaha yuhdisu ba'dazaalika amraa
အို-နဗီတမန်တော်၊(အသင်သည် လူသားတို့အား ပြောကြားလိုက်ပါလေ)။ အသင်တို့သည် ဇနီးမိန်းမများအား တွလာက်ပေးကွာရှင်း(ရန်ရည်ရွယ်) သောအခါ ၎င်းတို့၏'အစ်ဒ္ဒသ်'ရက်များ (စ၍ရေတွက်နိုင်သော)အချိန်ကာလ၌ ‘တွလာက်’ပေးကွာရှင်း ကြလေကုန်။ ၎င်းပြင် အသင်တို့သည် 'အစ်ဒ္ဒသ်' ရက်များကို ရေတွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထင်ရှားစွာသော စက်ဆုပ်ရွံ့ရှာမှု တစ်စုံတစ်ရာကို ယင်းဇနီးမိန်းမများ ကျူးလွန်ကြသည်မှတစ်ပါး အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏နေအိမ်များမှ ထွက်စေခြင်းကို မပြုကြကုန်လင့်။ ၎င်းတို့ ကိုယ်တိုင်လည်း (နေအိမ်များမှ)မထွက်ကြရပေ။ စင်စစ်သော်ကား ထိုသည် အလ္လာဟ်အရှင်မြတ် (သတ်မှတ် ပြဋ္ဌာန်းတော်မူသော) စည်းကမ်းချက်များပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်မူ ဧကန်မလွဲ ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ခဲ့ချေပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စ တစ်စုံတစ်ရာကို အသစ်ဖန်တီး၍ ပေးတော်မူမည် ဖြစ်တန်ရာသည်ကို အသင် မသိပြီတကား။
- 2
فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍۢ وَأَشْهِدُوا۟ ذَوَىْ عَدْلٍۢ مِّنكُمْ وَأَقِيمُوا۟ ٱلشَّهَٰدَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِۦ مَن كَانَ يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْءَاخِرِ ۚ وَمَن يَتَّقِ ٱللَّهَ يَجْعَل لَّهُۥ مَخْرَجًۭا
စကားအသုံးအနှုန်း: Fa izaa balaghna ajalahunna fa amsikoohunna bima'roofin aw faariqoohunna bima'roofinw wa ashhidoo zawai 'adlim minkum wa aqeemush shahaadata lillaah; zaalikum yoo'azu bihee man kaana yu'minu billaahi wal yawmil aakhir; wa many yattaqil laaha yaj'al lahoo makhrajaa
တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်ကြလေကုန်။ သို့တည်းမဟုတ် အသင်တို့သည်(တရားတော်၏)စည်းကမ်းနှင့်အညီ ၎င်းတို့နှင့် ခွဲခွာကြလေကုန်။ ၎င်းအပြင် အသင်တို့သည် မိမိတို့အနက်မှ သမာဓိရှိသောသူ နှစ်ယောက်ကို သက်သေထားကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ ဖြောင့်မှန်စွာ သက်သေထွက်ဆိုကြလေကုန်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်သောသူအား ဆုံးမဩဝါဒပေးခြင်းပင် ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။
- 3
وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى ٱللَّهِ فَهُوَ حَسْبُهُۥٓ ۚ إِنَّ ٱللَّهَ بَٰلِغُ أَمْرِهِۦ ۚ قَدْ جَعَلَ ٱللَّهُ لِكُلِّ شَىْءٍۢ قَدْرًۭا
စကားအသုံးအနှုန်း: Wa yarzuqhu min haisu laa yahtasib; wa many yatawakkal 'alal laahi fahuwa husbuh; innal laaha baalighu amrih; qad ja'alal laahu likulli shai'in qadraa
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
- 4
وَٱلَّٰٓـِٔى يَئِسْنَ مِنَ ٱلْمَحِيضِ مِن نِّسَآئِكُمْ إِنِ ٱرْتَبْتُمْ فَعِدَّتُهُنَّ ثَلَٰثَةُ أَشْهُرٍۢ وَٱلَّٰٓـِٔى لَمْ يَحِضْنَ ۚ وَأُو۟لَٰتُ ٱلْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ ٱللَّهَ يَجْعَل لَّهُۥ مِنْ أَمْرِهِۦ يُسْرًۭا
စကားအသုံးအနှုန်း: Wallaaa'ee ya'isna minal maheedi min nisaaa 'ikum inir tabtum fa'iddatuhunna salaasatu ashhurinw wallaaa'ee lam yahidn; wa ulaatul ahmaali ajaluhunna any yada'na hamlahun; wa many yattaqil laaha yaj'al lahoo min armrihee yusraa
၎င်းပြင် အသင်တို့၏(ကွာရှင်းပြီးဖြစ်သော) ဇနီးမိန်းမတို့အနက် ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောမိန်းမများသည် အကယ်၍(၎င်းတို့၏ ‘အစ်ဒ္ဒတ်’နှင့်စပ်လျဉ်း၍) အသင်တို့သည် ဒွိဟသံသယ ဖြစ်ခဲ့ကြလျှင် ၎င်းတို့၏'အစ်ဒ္ဒတ်'မှာ သုံးလ (တိတိ)ဖြစ်၏။ ထိုနည်းတူစွာ ရာသီပန်းပွင့်ဖူးခဲ့သည် မရှိသေးသောမိန်းမများ(၏ ‘အစ်ဒ္ဒတ်’မှာ)လည်း(သုံးလတိတိပင်)။ ထိုမှတစ်ပါး ကိုယ်ဝန်ရှိသော မိန်းမများသည် ၎င်းတို့၏(‘အစ်ဒ္ဒတ်’ရက်) အပိုင်းအခြားမှာ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်း၏အရေးကိစ္စကို လွယ်ကူအောင် ပြုလုပ်၍ ပေးတော်မူမည်ဖြစ်၏။
- 5
ذَٰلِكَ أَمْرُ ٱللَّهِ أَنزَلَهُۥٓ إِلَيْكُمْ ۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرْ عَنْهُ سَيِّـَٔاتِهِۦ وَيُعْظِمْ لَهُۥٓ أَجْرًا
စကားအသုံးအနှုန်း: Zaalika amrul laahi anzalahoo ilaikum; wa many yattaqil laaha yukaffir 'anhu saiyi aatihee wa yu'zim lahoo ajraa
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။
- 6
أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَآرُّوهُنَّ لِتُضَيِّقُوا۟ عَلَيْهِنَّ ۚ وَإِن كُنَّ أُو۟لَٰتِ حَمْلٍۢ فَأَنفِقُوا۟ عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَـَٔاتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا۟ بَيْنَكُم بِمَعْرُوفٍۢ ۖ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُۥٓ أُخْرَىٰ
စကားအသုံးအနှုန်း: Askinoohunna min haisu sakantum minw wujdikum wa laa tudaaarroohunna litudaiyiqoo 'alaihinn; wa in kunna ulaati hamlin fa anfiqoo 'alihinna hattaa yada'na hamlahunn; fain arda'na lakum fa aatoo hunna ujoorahunna waatamiroo bainakum bima'roofinw wa in ta'aasartum fasaturdi'u lahooo ukhraa
အသင်တို့သည် ထို(ကွာရှင်းပြီး ဖြစ်ကြသော)မိန်းမများအား မိမိတို့ နေထိုင်ရာတွင် မိမိတို့၏ ကြွယ်ဝ မှုနှင့်လျော်ညီ (နေထိုင်ရန်)အိမ်ပေးကြလေကုန်။ ထို့အပြင် အသင်တို့သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေခြင်းငှာ ၎င်းတို့အား ဒုက္ခမပေးကြကုန်လင့်။ ထိုမှတစ်ပါး အကယ်၍ ထိုမိန်းမများမှာ ကိုယ်ဝန်ရှိသူများ ဖြစ်ခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ကြသည်အထိ သုံးစွဲကြလေကုန်။ တစ်ဖန် အကယ်၍ ၎င်းတို့သည် အသင်တို့အကျိုးငှာ(အသင်တို့၏ကလေးကို)နို့တိုက်ကျွေးခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့အား ၎င်းတို့အခများကို ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း သင့်လျော်စွာ ညှိနှိုင်းတိုင်ပင်ကြလေကုန်။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်း မညီမညွတ် မပြေမလည် ဖြစ်ခဲ့ကြလျှင် ထို(ဖခင်)၏အကျိုးငှာ အခြားမိန်းမ တစ်ဦးတစ်ယောက်သည် နို့တိုက်ကျွေးရမည်ဖြစ်၏။
- 7
لِيُنفِقْ ذُو سَعَةٍۢ مِّن سَعَتِهِۦ ۖ وَمَن قُدِرَ عَلَيْهِ رِزْقُهُۥ فَلْيُنفِقْ مِمَّآ ءَاتَىٰهُ ٱللَّهُ ۚ لَا يُكَلِّفُ ٱللَّهُ نَفْسًا إِلَّا مَآ ءَاتَىٰهَا ۚ سَيَجْعَلُ ٱللَّهُ بَعْدَ عُسْرٍۢ يُسْرًۭا
စကားအသုံးအနှုန်း: Liyuntiq zoo sa'atim min sa'atihee wa man qudira 'alaihi riquhoo falyunfiq mimmaaa aataahul laah; laa yukalliful laahu nafsan illaa maaa aataahaa; sa yaj'alul laahu ba'da'usriny yusraa
ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှု နှင့်လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွား ဥစ္စာကျပ်တည်းသော သူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း)အနက်မှ သုံးစွဲရပေမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် မိမိချီးမြှင့်ပေးသနားတော်မူသည်ထက်ပို၍ တာဝန်ပေးသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်တွင် မကြာမြင့်မီပင် ချောင် လည်မှုကို ဖန်တီး၍ ပေးသနားတော်မူအံ့သတည်း။
- 8
وَكَأَيِّن مِّن قَرْيَةٍ عَتَتْ عَنْ أَمْرِ رَبِّهَا وَرُسُلِهِۦ فَحَاسَبْنَٰهَا حِسَابًۭا شَدِيدًۭا وَعَذَّبْنَٰهَا عَذَابًۭا نُّكْرًۭا
စကားအသုံးအနှုန်း: Wa ka ayyim min qaryatin 'atat 'an amri Rabbihaa wa Rusulihee fahaasabnaahaa hisaaban shadeedanw wa 'azzabnaahaa 'azaaban nukraa
စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများ(၌နေထိုင်သောသူတို့)သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ၏ အမိန့်များကိုလည်းကောင်း၊ ဖီဆန်တော်လှန်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း မြို့(သူ)ရွာ(သား)တို့အား ပြင်းထန်စွာ စစ်ဆေးတော်မူသည့်ပြင် ၎င်းတို့အား ဆိုးရွားလှသော ပြစ်ဒဏ်ကို တပ်ရိုက်စီရင်တော်မူခဲ့သည်။
- 9
فَذَاقَتْ وَبَالَ أَمْرِهَا وَكَانَ عَٰقِبَةُ أَمْرِهَا خُسْرًا
စကားအသုံးအနှုန်း: Fazaaqat wabbala amrihaa wa kaana 'aaqibatu amrihaa khusraa
မည်သို့ပင်ဖြစ်စေ ယင်းမြို့(သူ)ရွာ(သား)တို့မှာ မိမိတို့၏ အမှုကိစ္စများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရကုန်၏။ စင်စစ် ၎င်းတို့၏ နောက်ဆုံး အကျိုးမှာ ဆုံးရှုံးမှုပင် ဖြစ်ခဲ့လေ၏။
- 10
أَعَدَّ ٱللَّهُ لَهُمْ عَذَابًۭا شَدِيدًۭا ۖ فَٱتَّقُوا۟ ٱللَّهَ يَٰٓأُو۟لِى ٱلْأَلْبَٰبِ ٱلَّذِينَ ءَامَنُوا۟ ۚ قَدْ أَنزَلَ ٱللَّهُ إِلَيْكُمْ ذِكْرًۭا
စကားအသုံးအနှုန်း: A'addal laahu lahum 'azaaban shadeedan fattaqul laaha yaaa ulil albaab, allazeena aammanoo; qad anzalal laahu ilaikum zikraa
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြင်းထန်လှစွာသော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို-သက်ဝင် ယုံကြည် ခဲ့ကြလေသောဉာဏ်ရှင်တို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံ "ဆုံးမစာ" (ကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးသနားတော်မူခဲ့၏။
- 11
رَّسُولًۭا يَتْلُوا۟ عَلَيْكُمْ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٍۢ لِّيُخْرِجَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ ۚ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَٰلِحًۭا يُدْخِلْهُ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَآ أَبَدًۭا ۖ قَدْ أَحْسَنَ ٱللَّهُ لَهُۥ رِزْقًا
စကားအသုံးအနှုန်း: Rasoolany yatloo 'alaikum aayaatil laahi mubaiyinaatil liyukhrijal lazeena aamanoo wa 'amilus saalihaati minaz zulumaati ilan noor; wa many yu'mim billaahi wa ya;mal saalihany yudkhilhu jannaatin tajree min tahtihal anhaaru khaalideena feehaa abadan qad ahsanal laahu lahoo rizqqq
(ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။
- 12
ٱللَّهُ ٱلَّذِى خَلَقَ سَبْعَ سَمَٰوَٰتٍۢ وَمِنَ ٱلْأَرْضِ مِثْلَهُنَّ يَتَنَزَّلُ ٱلْأَمْرُ بَيْنَهُنَّ لِتَعْلَمُوٓا۟ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ وَأَنَّ ٱللَّهَ قَدْ أَحَاطَ بِكُلِّ شَىْءٍ عِلْمًۢا
စကားအသုံးအနှုန်း: Allaahul lazee khalaq Sab'a Samaawaatinw wa minal ardi mislahunna yatanazzalul amru bainahunna lita'lamooo annal laaha 'alaa kulli shai'in Qadeerunw wa annal laaha qad ahaata bikulli shai'in ilmaa
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် မြေကိုလည်း ယင်းကဲ့သို့ပင်(ဖန်ဆင်းတော်မူခဲ့၏)။ ယင်းမိုးနှင့်မြေတို့ အကြားဝယ် အမိန့်တော်များသည် ဆင်းသက်လေ၏။ (ယင်းသို့ဖြစ်ရခြင်းမှာ)ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း၊ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိပညာဖြင့် အမှန်ပင် ဝန်းခြုံလျက် ရှိတော်မူကြောင်းကိုလည်းကောင်း၊ အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသတည်း။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။