စူရဟ်များအားလုံး

စူရဟ် 63

The Hypocrites

سُورَةُ المُنَافِقُونَ

Al-Munaafiqoon · မီနန်

သော့များ: J နောက်တစ်ခု ayah · Kု ayah

အသံ
  1. 1

    بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ إِذَا جَآءَكَ ٱلْمُنَٰفِقُونَ قَالُوا۟ نَشْهَدُ إِنَّكَ لَرَسُولُ ٱللَّهِ ۗ وَٱللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشْهَدُ إِنَّ ٱلْمُنَٰفِقِينَ لَكَٰذِبُونَ

    စကားအသုံးအနှုန်း: Izaa jaaa'akal munaafiqoona qaaloo nashhadu innaka la rasoolul laah; wallaahu ya'lamu innaka la rasooluhoo wallaahu yashhadu innal munaafiqeena lakaaziboon

    ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် အသင့်ထံလာခဲ့ကြသောအခါ ‘မုချဧကန် အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဖြစ်ကြောင်း ကျွန်တော်များ သက်သေခံကြပါသည်’ ဟု ပြောဆိုကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင် ထိုအရှင်မြတ်၏ ရစူလ်တမန်ဖြစ်ကြောင်း ကောင်းစွာသိရှိတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့မှာ မုသာဝါဒီများ ဖြစ်ကြောင်း သက်သေခံတော်မူ၏။

  2. 2

    ٱتَّخَذُوٓا۟ أَيْمَٰنَهُمْ جُنَّةًۭ فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ

    စကားအသုံးအနှုန်း: Ittakhazoo aymaanahum junnatan fasaddoo 'an sabeelil laah; innahum saaa'a maa kaanoo ya'maloon

    ၎င်းတို့သည်ကား မိမိတို့၏ကျိန်ဆိုချက်များကို အကာအကွယ်ပြုလုပ်ပြီးလျှင်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးပိတ်ပင်ခဲ့ကြလေ၏။ ဧကန်စင်စစ် ၎င်းတို့၏ ပြုမူချက်များမှာ လွန်စွာ ဆိုးရွားလှ၏။

  3. 3

    ذَٰلِكَ بِأَنَّهُمْ ءَامَنُوا۟ ثُمَّ كَفَرُوا۟ فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ

    စကားအသုံးအနှုန်း: Zaalika bi annahum aamanoo summa kafaroo fatubi'a 'alaa quloobihim fahum laa yafqahoon

    ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ၎င်းတို့သည် နားလည်ကြသည် မဟုတ်ပြီ။

  4. 4

    ۞ وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِن يَقُولُوا۟ تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌۭ مُّسَنَّدَةٌۭ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ ٱلْعَدُوُّ فَٱحْذَرْهُمْ ۚ قَٰتَلَهُمُ ٱللَّهُ ۖ أَنَّىٰ يُؤْفَكُونَ

    စကားအသုံးအနှုန်း: Wa izaa ra aytahum tu'jibuka ajsaamuhum wa iny yaqooloo tasma' liqawlihim kaannahum khushubum musannadah; yahsaboona kulla saihatin 'alaihim; humul 'aduwwu fahzarhum; qaatalahumul laahu annaa yu'fakoon

    ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား တွေ့မြင်သောအခါ ၎င်းတို့၏ လုံးရပ်သဏ္ဌာန်များသည် အသင်၏အမြင်၌ လှပစွာ မြင်ရပေမည်။ ထိုနည်းတူစွာ အကယ်၍ ၎င်းတို့သည် စကားစမည် ပြောဆိုကြလျှင် အသင်သည် ၎င်းတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေမည်။ ၎င်းတို့မှာ မှီ၍ထားသော သစ်တုံးများကဲ့သို့ပင် ဖြစ်ကြကုန်၏။ ဟစ်အော်သံ(ကြားရ)တိုင်း မိမိတို့နှင့်ဆန့်ကျင်၍ (ဟစ်အော်သည်ဟု) ထင်မှတ်ကြ၏။ ၎င်းတို့သည်ပင် ရန်သူများ ဖြစ်ကြ၏။ သို့ဖြစ်ရာ အသင်သည် ၎င်းတို့နှင့် ကင်းရှင်းစွာ နေပါလေ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေ။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်၍ ထွက်သွားကြသနည်း။

  5. 5

    وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ يَسْتَغْفِرْ لَكُمْ رَسُولُ ٱللَّهِ لَوَّوْا۟ رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُم مُّسْتَكْبِرُونَ

    စကားအသုံးအနှုန်း: Wa izaa qeela lahum ta'aalaw yastaghfir lakum rasoolul laahi lawwaw ru'oo sahum wa ra aytahum yasuddoona wa hum mustakbiroon

    ၎င်းပြင် ထိုသူတို့အား 'အသင်တို့သည် လာကြလေကုန်၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည် အသင်တို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးမည်'ဟု ပြောဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ဦးခေါင်းများကို လှုပ်ခါကြကုန်၏။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မာန်မာနထောင်လွှားကြလျက် ပြန်လှည့်၍ သွားကြသည်ကို တွေ့မြင်ရပေမည်။

  6. 6

    سَوَآءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَن يَغْفِرَ ٱللَّهُ لَهُمْ ۚ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْفَٰسِقِينَ

    စကားအသုံးအနှုန်း: Sawaaa'un 'alaihim as taghfarta lahum am lam tastaghfir lahum lany yaghfiral laahu lahum; innal laaha laa yahdil qawmal faasiqeen

    အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားခြင်းမပြုသည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

  7. 7

    هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُوا۟ عَلَىٰ مَنْ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّوا۟ ۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَلَٰكِنَّ ٱلْمُنَٰفِقِينَ لَا يَفْقَهُونَ

    စကားအသုံးအနှုန်း: Humul lazeena yaqooloona laa tunfiqoo 'alaa man inda Rasoolil laahi hatta yanfaddoo; wa lillaahi khazaaa' inus samaawaati wal ardi wa laakinnal munaafiqeena la yafqahoon

    ၎င်းတို့ကပင် ‘အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ထံတော်ပါး၌ ရှိနေကြသော သူတို့အပေါ် ၌ ၎င်းတို့ ကစဉ့်ကလျား ဖြစ်သွားကြသည်အထိ သုံးစွဲခြင်းကို မပြုကြကုန်လင့်’ ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ ပထဝီမြေ ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ အရှင်မြတ်ပိုင်ဆိုင်တော်မူသော ဘဏ္ဍာတော်များသာ ဖြစ်ကုန်၏။ သို့ရာတွင် ‘မုနာဖစ်က်’အယောင်ဆောင် မွတ်စ်လင်မ်တို့သည် နားလည်ကြသည် မဟုတ်ပေ။

  8. 8

    يَقُولُونَ لَئِن رَّجَعْنَآ إِلَى ٱلْمَدِينَةِ لَيُخْرِجَنَّ ٱلْأَعَزُّ مِنْهَا ٱلْأَذَلَّ ۚ وَلِلَّهِ ٱلْعِزَّةُ وَلِرَسُولِهِۦ وَلِلْمُؤْمِنِينَ وَلَٰكِنَّ ٱلْمُنَٰفِقِينَ لَا يَعْلَمُونَ

    စကားအသုံးအနှုန်း: Yaqooloona la'ir raja'naaa ilal madeenati la yukhrijanal a'azzu minhal azall; wa lillaahil 'izzatu wa li Rasoolihee wa lilmu'mineena wa laakinnal munaafiqeena laa ya'lamoon

    ၎င်းတို့ကပင် (ယခုသော်)ကျွန်ုပ်တို့သည် ‘မဒီနာ’မြို့သို့ ပြန်၍သွားခဲ့ကြလျှင် ဂုဏ်အသရေ အားအင်ရှိသူတို့သည် ဂုဏ်အသရေ အားအင်မဲ့သောသူတို့အား ထိုမြို့မှ ဧကန်မလွဲ နှင်ထုတ်ကြပေမည်’ ဟူ၍(လည်း) ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဂုဏ်အသရေ အားအင်ဟူသည် အလ္လာဟ်အရှင်မြတ်၌သာလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၌သာလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့၌သာလည်းကောင်း၊ ရှိပေသည်။ သို့တစေလည်း ‘မုအ်မင်န်’ အယောင်ဆောင်တို့မှာမူကား သိရှိကြသည် မဟုတ်ပေ။

  9. 9

    يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُلْهِكُمْ أَمْوَٰلُكُمْ وَلَآ أَوْلَٰدُكُمْ عَن ذِكْرِ ٱللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُو۟لَٰٓئِكَ هُمُ ٱلْخَٰسِرُونَ

    စကားအသုံးအနှုန်း: Yaaa ayyuhal lazeena aamanoo la tulhikum amwaalukum wa laa awlaadukum 'anzikril laah; wa mai-yaf'al zaalika fa-ulaaa'ika humul khaasiroon

    အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား တသ သတိရခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်း လျစ်လျူရှု ပေါ့တန်စေခြင်း မရှိစေရ။ အသင်တို့ သားသမီးများသည်လည်း လျစ်လျူရှု ပေါ့တန်စေသည် မရှိစေရ။ စင်စစ်သော်ကား မည်သူမဆို ထိုသည်ကို ပြုမူသည်ရှိသော် ထိုကဲ့သို့ သူတို့သည်သာလျှင် ဆုံးရှုံးသူများ ဖြစ်ကုန်၏။

  10. 10

    وَأَنفِقُوا۟ مِن مَّا رَزَقْنَٰكُم مِّن قَبْلِ أَن يَأْتِىَ أَحَدَكُمُ ٱلْمَوْتُ فَيَقُولَ رَبِّ لَوْلَآ أَخَّرْتَنِىٓ إِلَىٰٓ أَجَلٍۢ قَرِيبٍۢ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّٰلِحِينَ

    စကားအသုံးအနှုန်း: Wa anifqoo mim maa razaqnaakum min qabli any-yaatiya ahadakumul mawtu fa yaqoola rabbi law laaa akhkhartaneee ilaaa ajalin qareebin fa assaddaqa wa akum minassaaliheen

    ထိုမှတစ်ပါး အသင်တို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်မလာမီပင် အသင်တို့သည် မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ (လှူဒါန်း)ကြလေကုန်။ ထို('မရဏ' သေခြင်းတရား ရောက်လာသော)အခါ ထိုသူသည် 'အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်တော်မျိုးအား အချိန်ကာလ အနည်းငယ်ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ သို့ ပေးတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးသည် အလှူဒါနပြုသည့်ပြင် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါမည်' ဟု လျှောက်ထားပေမည်။

  11. 11

    وَلَن يُؤَخِّرَ ٱللَّهُ نَفْسًا إِذَا جَآءَ أَجَلُهَا ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ

    စကားအသုံးအနှုန်း: Wa lany yu 'akhkhiral laahu nafsan izaa jaaa'a ajaluhaa; wallaahu khabeerum bimaa ta'maloon

    စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၎င်းနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူသည် မဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

ဘာသာပြန်ထုတ်ဝေမှု- my.ghazi

အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။

စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။

Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။