သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قٓ ۚ وَٱلْقُرْءَانِ ٱلْمَجِيدِ
စကားအသုံးအနှုန်း: Qaaaf; wal Qur aanil Majeed
‘ကားဖ်’၊ (ငါအရှင်မြတ်သည်) အထူးဂုဏ် ဝိသေသနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။
- 2
بَلْ عَجِبُوٓا۟ أَن جَآءَهُم مُّنذِرٌۭ مِّنْهُمْ فَقَالَ ٱلْكَٰفِرُونَ هَٰذَا شَىْءٌ عَجِيبٌ
စကားအသုံးအနှုန်း: Bal 'ajibooo an jaa'ahum munzirum minhum faqaalal kaafiroona haazaa shai'un 'ajeeb
စင်စစ်မှာကား ၎င်းတို့သည် မိမိတို့ထံ မိမိတို့အနက်မှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိ၍ လာခဲ့သည်ကိုပင် အံ့ဩလျက်ရှိနေကြကုန်၏။ သို့ဖြစ် ပေရာ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သောသူတို့က ပြောဆိုခဲ့ကြသည်မှာ ဤသည်လွန်စွာ အံ့ဖွယ်အကြောင်းပင် ဖြစ်သည်။
- 3
أَءِذَا مِتْنَا وَكُنَّا تُرَابًۭا ۖ ذَٰلِكَ رَجْعٌۢ بَعِيدٌۭ
စကားအသုံးအနှုန်း: 'A-izaa mitnaa wa kunnaa turaaban zaalika raj'um ba'eed
ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေကြီးဖြစ်သွားခဲ့ကြသောအခါ (ရှင်ပြန်ထကြရဦးမည်လော၊) ထိုသည်ကား အလွန်တရာဝေးလံစွာသော ပြန်လည်ခြင်းပင်။[ ထိုသို့ ပြန်လည်ရှင်ထခြင်းသည် (အသိဉာဏ်နှင့်) အလွန်ဝေးလံပေသည်။
- 4
قَدْ عَلِمْنَا مَا تَنقُصُ ٱلْأَرْضُ مِنْهُمْ ۖ وَعِندَنَا كِتَٰبٌ حَفِيظٌۢ
စကားအသုံးအနှုန်း: Qad 'alimnaa maa tanqu-sul-ardu minhum wa 'indanaa Kitaabun Hafeez
မြေကြီးက ၎င်းတို့(၏ ကိုယ်ခန္ဓာများ)အနက်မှ(စား၍) လျော့နည်းစေမည့် အစိတ်အပိုင်းကို ဧကန်မလွဲ ငါအရှင်မြတ်သည် သိရှိတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်အထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသောမှတ်တမ်း စာအုပ်သည်လည်းရှိနေပေသည်။
- 5
بَلْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ فَهُمْ فِىٓ أَمْرٍۢ مَّرِيجٍ
စကားအသုံးအနှုန်း: Bal kazzaboo bilhaqqi lammaa jaaa'ahum fahum feee amrim mareej
စင်စစ်မှာကား ထိုသူတို့သည် ၎င်းတို့ထံ အမှန်တရား ရောက်ရှိ၍ လာခဲ့သောအခါ ယင်းအမှန်တရားကိုပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် မတည်ငြိမ်သော အခြေအနေ၌ပင် ရှိနေကြကုန်သတည်း။
- 6
أَفَلَمْ يَنظُرُوٓا۟ إِلَى ٱلسَّمَآءِ فَوْقَهُمْ كَيْفَ بَنَيْنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٍۢ
စကားအသုံးအနှုန်း: Afalam yanzurooo ilas samaaa'i fawqahum kaifa banainaahaa wa zaiyannaahaa wa maa lahaa min furooj
၎င်းတို့သည် မိမိတို့၏အထက်၌ မိုးကောင်းကင်ကို မကြည့်မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို မည်သို့ ပြုလုပ်ထားတော်မူသနည်း။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်ကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်း။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်၌ အဟ၊ အကွဲ၊ အအက် များဟူ၍လည်း အလျှင်းမရှိပြီတကား။
- 7
وَٱلْأَرْضَ مَدَدْنَٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍۭ بَهِيجٍۢ
စကားအသုံးအနှုန်း: Wal arda madadnaahaa wa alqainaa feehaa rawaasiya wa ambatnaa feehaa min kulli zawjim baheej
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။
- 8
تَبْصِرَةًۭ وَذِكْرَىٰ لِكُلِّ عَبْدٍۢ مُّنِيبٍۢ
စကားအသုံးအနှုန်း: Tabsiratanw wa zikraa likulli 'abdim muneeb
(ထိုအလုံးစုံတို့မှာ) သံဝေဂရသော ကျွန်တိုင်းအဖို့ ဆင်ခြင်သုံးသပ်အပ်သောအရာ သည်လည်းကောင်း၊တရားရယူအပ်သောအရာ သည်လည်းကောင်း၊ ဖြစ်ပေသည်။
- 9
وَنَزَّلْنَا مِنَ ٱلسَّمَآءِ مَآءًۭ مُّبَٰرَكًۭا فَأَنۢبَتْنَا بِهِۦ جَنَّٰتٍۢ وَحَبَّ ٱلْحَصِيدِ
စကားအသုံးအနှုန်း: Wa nazzalnaa minas samaaa'i maaa'am mubaarakan fa ambatnaa bihee jannaatinw wa habbal haseed
ထိုမှတပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော(မိုး)ရေကို ရွာသွန်းစေတော်မူ၏။ တစ်ဖန် ထိုရေဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များကိုလည်းကောင်း၊ ရိတ်သိမ်းပြီးဖြစ်သော ကောက်ပင် မျိုးနွယ်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။
- 10
وَٱلنَّخْلَ بَاسِقَٰتٍۢ لَّهَا طَلْعٌۭ نَّضِيدٌۭ
စကားအသုံးအနှုန်း: Wannakhla baasiqaatil laha tal'un nadeed
ထိုနည်းတူစွာ ရှည်လျားမြင့်မားသော စွန်ပလွံပင်များကို (ပေါက်ရောက်စတော်မူရာ) ယင်းစွန်ပလွံပင်များ၌ ပြွတ်၍သီးနေသော အခိုင်များရှိနေပေသည်။
- 11
رِّزْقًۭا لِّلْعِبَادِ ۖ وَأَحْيَيْنَا بِهِۦ بَلْدَةًۭ مَّيْتًۭا ۚ كَذَٰلِكَ ٱلْخُرُوجُ
စကားအသုံးအနှုန်း: Rizqal lil'ibaad, wa ahyainaa bihee baldatam maitaa; kazaalikal khurooj
ကျွန်များအဖို့ စားနပ်ရိက္ခာအဖြစ် ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် သေလွန်ခြောက်သွေ့ လျက်ရှိသောမြေကို ရှင်စေတော်မူ၏။ (လူအပေါင်းတို့ရှင်၍) ပြန်ထွက်ခြင်းမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ချေအံ့သတည်း။
- 12
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍۢ وَأَصْحَٰبُ ٱلرَّسِّ وَثَمُودُ
စကားအသုံးအနှုန်း: Kazzabat qablahum qawmu Noohinw wa Ashaabur Rassi wa Samood
ထိုသူတို့အလျင် ‘နူဟ်’၏အမျိုးသားတို့သည်လည်းကောင်း၊ ရတ်စ်(စ်)၌ နေထိုင်သူတို့သည် လည်းကောင်း၊’ဆမူဒ်’ အမျိုးသားတို့သည်လည်း ကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
- 13
وَعَادٌۭ وَفِرْعَوْنُ وَإِخْوَٰنُ لُوطٍۢ
စကားအသုံးအနှုန်း: Wa 'Aadunw wa Fir'awnu wikhwaanu loot
ထိုမှတပါး ‘အာဒ်’ အမျိုးသားတို့သည်လည်းကောင်း၊ ‘ဖစ်ရ်အောင်န်’သည်လည်းကောင်း၊ ‘လူ(တ်)’၏ ညီအစ်ကိုတို့သည်လည်းကောင်း၊
- 14
وَأَصْحَٰبُ ٱلْأَيْكَةِ وَقَوْمُ تُبَّعٍۢ ۚ كُلٌّۭ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ
စကားအသုံးအနှုန်း: Wa Ashaabul Aykati wa qawmu Tubba'; kullun kazzabar Rusula fahaqqa wa'eed
ထို့ပြင် (အိုက်ကဟ်)တောအုပ်၌ နေထိုင်သူတို့သည်လည်းကောင်း၊ ‘သွဗ္ဗအ်’ အမျိုးသားသည်လည်းကောင်း၊ အားလုံးတို့သည်ပင် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ချိန်းချက်မှုသည်(၎င်းတို့အပေါ်၌) သက်ရောက်ခဲ့၏။
- 15
أَفَعَيِينَا بِٱلْخَلْقِ ٱلْأَوَّلِ ۚ بَلْ هُمْ فِى لَبْسٍۢ مِّنْ خَلْقٍۢ جَدِيدٍۢ
စကားအသုံးအနှုန်း: Afa'a yeenaa bilkhalqil awwal; bal hum fee labsim min khalqin jadeed
ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောကြောင့် ပင်ပန်း နွမ်းနယ်တော်မူခဲ့လေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ ယုံမှားသံသယ၌ ရှိနေကြကုန်သတည်း။
- 16
وَلَقَدْ خَلَقْنَا ٱلْإِنسَٰنَ وَنَعْلَمُ مَا تُوَسْوِسُ بِهِۦ نَفْسُهُۥ ۖ وَنَحْنُ أَقْرَبُ إِلَيْهِ مِنْ حَبْلِ ٱلْوَرِيدِ
စကားအသုံးအနှုန်း: Wa laqad khalaqnal insaana wa na'lamu maa tuwaswisu bihee nafsuhoo wa Nahnu aqrabu ilaihi min hablil wareed
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မနူဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၌ ၎င်း၏စိတ်က မသိမသာ ပေါ်ပေါက်စေသောအရာကိုလည်း သိတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်း၏လည်ချောင်းသွေးကြောထက်ပင် ၎င်းနှင့် ပိုမိုနီးကပ်စွာ ရှိနေတော်မူ၏။
- 17
إِذْ يَتَلَقَّى ٱلْمُتَلَقِّيَانِ عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌۭ
စကားအသုံးအနှုန်း: 'Iz yatalaqqal mutalaqqi yaani 'anil yameeni wa 'anish shimaali qa'eed
(အို-နဗီတမန်တော် သတိပေးပါလေ။) အကြင်အခါဝယ် အကြင်အခါ၌ မှတ်သားသူနှစ်ဦးသည် (ထိုမနုဿလူသား၏) လယ်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ ထိုင်၍ မှတ်သားလျက် ရှိကြ၏။
- 18
مَّا يَلْفِظُ مِن قَوْلٍ إِلَّا لَدَيْهِ رَقِيبٌ عَتِيدٌۭ
စကားအသုံးအနှုန်း: Maa yalfizu min qawlin illaa ladaihi raqeebun 'ateed
ထိုမနုဿလူသားသည်(နှုတ်ဖြင့်)မည်သည့်စကားကိုမျှ မြွက်ဟသည်ဟူ၍မရှိချေ။ သို့ရာတွင် ချောင်းမြောင်း၍ နေသူတစ်ဦးသည် ၎င်း၏အနီး၌ပင် အသင့်ရှိနေ၏။
- 19
وَجَآءَتْ سَكْرَةُ ٱلْمَوْتِ بِٱلْحَقِّ ۖ ذَٰلِكَ مَا كُنتَ مِنْهُ تَحِيدُ
စကားအသုံးအနှုန်း: Wa jaaa'at kullu nafsim ma'ahaa saaa'iqunw wa shaheed
စင်စစ်သော်ကား ‘မရဏ’ သေခြင်းတရား၏ မိန်းမောမှုသည် မှန်ကန်စွာ ရောက်လာခဲ့ချေပြီ။ ထိုသည်ပင် အကြင်အရာတည်း။ အသင်သည် ၎င်းမှ(လွတ်မြောက်ရန်)တိမ်းရှောင်လျက် ရှိခဲ့၏။
- 20
وَنُفِخَ فِى ٱلصُّورِ ۚ ذَٰلِكَ يَوْمُ ٱلْوَعِيدِ
စကားအသုံးအနှုန်း: Wa nufikha fis Soor; zaalika yawmul wa'eed
ထိုမှတစ်ပါး တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုသည်ပင် ချိန်းချက်ထားသောနေ့ ဖြစ်၏။
- 21
وَجَآءَتْ كُلُّ نَفْسٍۢ مَّعَهَا سَآئِقٌۭ وَشَهِيدٌۭ
စကားအသုံးအနှုန်း: Wa jaaa'at kullu nafsim ma'ahaa saaa'iqunw wa shaheed
ထိုမှတစ်ပါး လူတိုင်းသည် ‘မဟ်ရှရ်’(စုရုံးရာဌာနသို့)လာရပေမည်။ (ထိုအခါ) ၎င်းနှင့်အတူ မောင်းနှင်သူတစ်ဦးနှင့် သက်သေတစ်ဦးရှိကြပေမည်။
- 22
لَّقَدْ كُنتَ فِى غَفْلَةٍۢ مِّنْ هَٰذَا فَكَشَفْنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلْيَوْمَ حَدِيدٌۭ
စကားအသုံးအနှုန်း: Laqad kunta fee ghaf latim min haazaa fakashafnaa 'anka ghitaaa'aka fabasarukal yawma hadeed
ဧကန်မလွဲ အသင်သည် ဤနေ့နှင့် စပ်လျဉ်း၍ ပေါ့ဆမှု၌ ရှိနေခဲ့ပေသည်။ သို့ဖြစ်ပေရာ (ယခုမူ) ငါအရှင်မြတ်သည် အသင့်အပေါ်မှ အကွယ်အကာကို ဖယ်ရှား၍ ပေးတော်မူလိုက်ပြီ။ ထို့ကြောင့် ယနေ့သော်ကား အသင်၏ မြင်နိုင်သောသတ္တိမှာ ထိုးဖောက်၍ မြင်နိုင်စွမ်းရှိနေပြီ ဖြစ်ပေသတည်း။
- 23
وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَىَّ عَتِيدٌ
စကားအသုံးအနှုန်း: Wa qaala qareenuhoo haazaa maa ladaiya 'ateed
ထို့ပြင် ၎င်း၏အဖော် (ကောင်းကင်တမန်) ကပြောဆိုပေမည်။ ဤသည် ကျွန်ုပ်၏ထံ၌ အဆင်သင့် ရှိသော(နေ့စဉ်မှတ်တမ်း) ဖြစ်၏။
- 24
أَلْقِيَا فِى جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍۢ
စကားအသုံးအနှုန်း: Alqiyaa fee Jahannama kulla kaffaarin 'aneed
(ထိုအရှင်မြတ်သည် ကောင်းကင်တမန် နှစ်ပါးတို့အား မိန့်ကြားတော်မူပေမည်။) အသင်တို့နှစ်ဦးသည် အကြင်သူတိုင်းအား ‘ဂျဟန္နမ်’ ငရဲဘုံထဲသို့ ပစ်ချကြလေကုန်။ ထိုသူသည် ကျေးဇူးကန်းသော၊ ဇွတ်တရွတ်နိုင်သော၊
- 25
مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍۢ مُّرِيبٍ
စကားအသုံးအနှုန်း: Mannaa'il lilkhayri mu'tadim mureeb
ကောင်းမှု(ပြုခြင်း)မှ တားမြစ်သော စည်းကမ်းကျူးလွန်သော၊ ဒွိဟသံသယဖြစ်သော၊
- 26
ٱلَّذِى جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلْقِيَاهُ فِى ٱلْعَذَابِ ٱلشَّدِيدِ
စကားအသုံးအနှုန်း: Allazee ja'ala ma'al laahi ilaahan aakhara fa alqiyaahu fil'azaabish shadeed
အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသောကိုးကွယ်ရာကို တွဲဖက်သတ်မှတ်သောသူဖြစ်သည်။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ထို(ကဲ့သို့သော)သူအား ပြင်းထန်စွာသော ပြစ်ဒဏ်၌ပစ်ချကြလေကုန်။
- 27
۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطْغَيْتُهُۥ وَلَٰكِن كَانَ فِى ضَلَٰلٍۭ بَعِيدٍۢ
စကားအသုံးအနှုန်း: Qaala qareenuhoo Rabbanaa maaa atghaituhoo wa laakin kaana fee dalaahim ba'eed
၎င်း၏အဖော်(ရှိုင်တွာန် မိစ္ဆာကောင်)ကပြောဆို(လျှောက်ထား)ပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးသည် ၎င်းအား ဆိုးသွမ်းမိုက်ကန်းစေခဲ့သည် မဟုတ်ပါ။ စင်စစ်မှာ ၎င်းကိုယ်တိုင်သည်ပင်လျှင် ဝေးလံစွာသော လမ်းမှားမှု၌ ရှိနေခဲ့ပါသည်။
- 28
قَالَ لَا تَخْتَصِمُوا۟ لَدَىَّ وَقَدْ قَدَّمْتُ إِلَيْكُم بِٱلْوَعِيدِ
စကားအသုံးအနှုန်း: Qaala laa takhtasimoo ladaayya wa qad qaddamtu ilaikum bilwa'eed
ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။အသင်တို့သည် ငါအရှင်မြတ်၏အထံတော်၌ အငြင်းအခုံ မပြုကြကုန်လင့်။ အမှန်စင်စစ်မှာမူကား ငါအရှင်မြတ်သည် (ပြစ်ဒဏ်နှင့်စပ်လျဉ်း၍) ချိန်းဆိုချက်ကို အသင်တို့ထံသို့ တင်ကြို ပို့နှင့်တော်မူခဲ့ပြီးဖြစ်၏။
- 29
مَا يُبَدَّلُ ٱلْقَوْلُ لَدَىَّ وَمَآ أَنَا۠ بِظَلَّٰمٍۢ لِّلْعَبِيدِ
စကားအသုံးအနှုန်း: Maa yubaddalul qawlu ladaiya wa maaa ana bizal laamil lil'abeed
ငါအရှင်မြတ်အထံတော်၌ စကားပြောင်းလဲသည် ဟူ၍မရှိပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ကျွန်တို့အား မတရားပြုလုပ်တော်မူသော အရှင်လည်း မဟုတ်ပြီ။
- 30
يَوْمَ نَقُولُ لِجَهَنَّمَ هَلِ ٱمْتَلَأْتِ وَتَقُولُ هَلْ مِن مَّزِيدٍۢ
စကားအသုံးအနှုန်း: Yawma naqoolu li'jahannama halim talaati wa taqoolu hal mim mazeed
(အို-နဗီတမန်တော် အသင်သည် သတိရစေပါလေ။) အကြင်နေ့တွင် ငါအရှင်မြတ်သည် ‘ဂျဟန္နမ်’ ငရဲဘုံကို အသင်သည် ပြည့်လေပြီလောဟု မိန့်ကြားတော်မူမည်။ ထိုအခါယင်းဂျဟန္နမ်ငရဲဘုံက ‘နောက်ထပ်ရှိပါသေးသလော’ ဟုလျှောက်ထားပေမည်။
- 31
وَأُزْلِفَتِ ٱلْجَنَّةُ لِلْمُتَّقِينَ غَيْرَ بَعِيدٍ
စကားအသုံးအနှုန်း: Wa uzlifatil jannatu lil muttaqeena ghaira ba'eed
ထိုမှတစ်ပါး ‘ဂျန္နတ်’ သုခဘုံသည် မွတ္တကီ သူတော်စင်များအနီးသို့ ယူလာခြင်းကို ခံရပေမည်။ (ယင်း’ဂျန္နတ်’သုခဘုံမှာ) ဝေးကွာလှမည် မဟုတ်ပေ။
- 32
هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍۢ
စကားအသုံးအနှုန်း: Haaza maa too'adoona likulli awwaabin hafeez
ဤသည် (အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်သူ (ထိုအရှင်မြတ်၏စည်းကမ်း သတ်မှတ်ချက်များကို)စောင့်စည်းသူတိုင်းအဖို့ ဖြစ်သည်ဟူ၍ အသင်တို့ ကတိပေးခြင်း ခံကြရသောအရာပင် ဖြစ်ပေသည်။
- 33
مَّنْ خَشِىَ ٱلرَّحْمَٰنَ بِٱلْغَيْبِ وَجَآءَ بِقَلْبٍۢ مُّنِيبٍ
စကားအသုံးအနှုန်း: Man khashiyar Rahmaana bilghaibi wa jaaa'a biqalbim muneeb
ထိုသူသည် ‘ရဟ်မာန်’ အနန္တကရုဏာတော်ရှင်အား မမြင်ဘဲလျက် ကြောက်ရွံ့ခဲ့၏။ ထိုမှတစ်ပါး ထိုသူသည် ပြန်လှည့်သော စိတ်နှလုံးကို ယူဆောင်လာခဲ့၏။
- 34
ٱدْخُلُوهَا بِسَلَٰمٍۢ ۖ ذَٰلِكَ يَوْمُ ٱلْخُلُودِ
စကားအသုံးအနှုန်း: Udkhuloohaa bisalaamin zaalika yawmul khulood
(ထိုကဲ့သို့သော သူတို့သည် ဤသို့ မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်။) အသင်တို့သည် ယင်း’ဂျန္နတ်’သုခဘုံသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ကြလေကုန်။ ဤသည် အမြဲထာဝရ နေထိုင်ရမည့်နေ့ဖြစ်၏။
- 35
لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيْنَا مَزِيدٌۭ
စကားအသုံးအနှုန်း: Lahum maa yashaaa'oona feehaa wa ladainaa mazeed
၎င်းတို့အဖို့ ယင်း’ဂျန္နတ်’ သုခဘုံ၌ ၎င်းတို့ အလိုရှိကြသော အရာဟူ၍ ရှိရုံမျှမက ငါအရှင်မြတ် အထံတော်၌(ထိုထက်) အပိုကျေးဇူးတော်များလည်း ရှိချေသတည်း။
- 36
وَكَمْ أَهْلَكْنَا قَبْلَهُم مِّن قَرْنٍ هُمْ أَشَدُّ مِنْهُم بَطْشًۭا فَنَقَّبُوا۟ فِى ٱلْبِلَٰدِ هَلْ مِن مَّحِيصٍ
စကားအသုံးအနှုန်း: Wa kam ahlaknaa qablahum min qarnin hum ashaddu minhum batshan fanaqqaboo fil bilaad, hal mim mahees
စင်စစ်သော်ကား ငါအရှင်မြတ်သည် ထိုသူတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့မှာ ထိုသူတို့ထက် ရဲစွမ်းသတ္တိခွန်အားဗလ ကြီးမားကြံ့ခိုင်သူများ ဖြစ်ခဲ့ကြ ကုန်၏။ ထိုအခါ ၎င်းတို့သည် အမြို့မြို့အရွာရွာ၌ (ခိုလှုံရာ နေရာများကို)လိုက်လံ ရှာဖွေခဲ့ကြကုန်၏။(သို့တစေလည်း ၎င်းတို့သည်) ထွက်ပြေး တိမ်းရှောင်ရာ နေရာဟူ၍ ရှာဖွေတွေ့ရှိခဲ့ကြလေသလော။
- 37
إِنَّ فِى ذَٰلِكَ لَذِكْرَىٰ لِمَن كَانَ لَهُۥ قَلْبٌ أَوْ أَلْقَى ٱلسَّمْعَ وَهُوَ شَهِيدٌۭ
စကားအသုံးအနှုန်း: Inna fee zaalika lazikraa liman kaana lahoo qalbun aw alqas sam'a wa huwa shaheed
စင်စစ်ဧကန် ဤသည်၌ စိတ်နှလုံးရှိသော သူတို့အဖို့ သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက် ရှိ၍ နားစိုက်သော သူတို့အဖို့ အမှန်ပင် သင်ခန်းစာရှိ၏။
- 38
وَلَقَدْ خَلَقْنَا ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَا فِى سِتَّةِ أَيَّامٍۢ وَمَا مَسَّنَا مِن لُّغُوبٍۢ
စကားအသုံးအနှုန်း: Wa laqad khalaqnas samaawaati wal arda wa maa bainahumaa fee sittati ayyaamin wa maa massanaa mil lughoob
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထိုမိုးများနှင့်မြေကြားရှိ အရာများကို လည်းကောင်း၊ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း ငါအရှင်မြတ်၌ ပင်ပန်းနွမ်းနယ်မှုဟူ၍ အလျှင်း သက်ရောက်ခဲ့သည်မရှိချေ။
- 39
فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ ٱلْغُرُوبِ
စကားအသုံးအနှုန်း: Fasbir 'alaa maa yaqooloona wa sabbih bihamdi Rabbika qabla tuloo'ish shamsi wa qablal ghuroob
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည်၎င်းတို့၏ ပြောဆိုမှုများနှင့်စပ်လျဉ်း၍ သည်းခံပါလေ။ ထို့ပြင်အသင်သည် နေမထွက်မီလည်းကောင်း၊ နေမဝင်မီလည်းကောင်း၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိပါလေ။
- 40
وَمِنَ ٱلَّيْلِ فَسَبِّحْهُ وَأَدْبَٰرَ ٱلسُّجُودِ
စကားအသုံးအနှုန်း: Wa minal laili fasabbih hu wa adbaaras sujood
ထိုမှတစ်ပါး အသင်သည် ညဉ့်အချိန်၌လည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုများ၏နောက်တွင် လည်းကောင်း၊ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။
- 41
وَٱسْتَمِعْ يَوْمَ يُنَادِ ٱلْمُنَادِ مِن مَّكَانٍۢ قَرِيبٍۢ
စကားအသုံးအနှုန်း: Wastami' yawma yunaa dil munaadi mim makaanin qareeb
ထို့ပြင် (အို-ကြားနာသူ)အသင်သည် နားထောင်လော့၊ အကြင်နေ့တွင် ဟစ်အော်သူ (တစ်ဦး)သည် နီးကပ်စွာသော နေရာမှ ဟစ်အော်မည်။
- 42
يَوْمَ يَسْمَعُونَ ٱلصَّيْحَةَ بِٱلْحَقِّ ۚ ذَٰلِكَ يَوْمُ ٱلْخُرُوجِ
စကားအသုံးအနှုန်း: Yawma yasmaoonas sai hata bilhaqq zaalika yawmul khurooj
အကြင်နေ့တွင် ယင်း(ကြောက်မက်ဖွယ် ကောင်းသော) ဟစ်အော်သံကို (အားလုံးတို့ပင်) မုချဧကန် မှန်ကန်စွာကြားကြရပေမည်။ ထိုနေ့သည် (သင်္ချိုင်းများမှ)ထွက်ကြရမည့်နေ့ပင်။
- 43
إِنَّا نَحْنُ نُحْىِۦ وَنُمِيتُ وَإِلَيْنَا ٱلْمَصِيرُ
စကားအသုံးအနှုန်း: Innaa Nahnu nuhyee wa numeetu wa ilainal maseer
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ရှင်စေတော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်အထံတော်သို့ပင် ပြန်လာကြရပေမည်။
- 44
يَوْمَ تَشَقَّقُ ٱلْأَرْضُ عَنْهُمْ سِرَاعًۭا ۚ ذَٰلِكَ حَشْرٌ عَلَيْنَا يَسِيرٌۭ
စကားအသုံးအနှုန်း: Yawma tashaqqaqul ardu 'anhum siraa'aa; zaalika hashrun 'alainaa yaseer
အကြင်နေ့တွင် (၎င်းတို့)ပြေးလျက်ရှိကြစဉ် မြေသည် ၎င်းတို့အပေါ်မှ ပွင့်ထွက်သွားပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ လွယ်ကူသောစုရုံးခြင်းပင်။
- 45
نَّحْنُ أَعْلَمُ بِمَا يَقُولُونَ ۖ وَمَآ أَنتَ عَلَيْهِم بِجَبَّارٍۢ ۖ فَذَكِّرْ بِٱلْقُرْءَانِ مَن يَخَافُ وَعِيدِ
စကားအသုံးအနှုန်း: Nahnu a'lamu bimaa yaqooloona wa maaa anta 'alihim bijabbaarin fazakkir bil quraani many yakhaafu wa'eed
ငါအရှင်မြတ်သည် ၎င်းတို့ပြောဆိုသမျှတို့ကို အသိတော်မူဆုံးပင်ဖြစ်တော်မူ၏။ စင်စစ်သော်ကား(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အပေါ်၌ အနိုင်အထက်ပြုသူမဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်၏ ချိန်းဆိုချက်ကို ကြောက်ရွံ့သူအား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ဩဝါဒပေးလျက် နေပါလေ။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။