သော့များ: J နောက်တစ်ခု ayah · Kု ayah
- 1
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Allazeena kafaroo wa saddoo'an sabeelil laahi adalla a'maalahum
အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ ထိုအရှင် မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူမည်။
- 2
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ وَءَامَنُوا۟ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍۢ وَهُوَ ٱلْحَقُّ مِن رَّبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّـَٔاتِهِمْ وَأَصْلَحَ بَالَهُمْ
စကားအသုံးအနှုန်း: Wallazeena aamanoo wa 'amilus saalihaati wa aamanoo bimaa nuzzila 'alaa Muhammadinw-wa huwal haqqu mir Rabbihim kaffara 'anhum saiyiaatihim wa aslaha baalahum
သို့ရာတွင် အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြ၏။ ကောင်းမှုများကို ကျင့်မူဆောက်တည်ခဲ့ကြ၏။ (နဗီတမန်တော်)မုဟမ္မဒ်၏အပေါ်၌ ချပေးတော်မူခြင်း ခံခဲ့ရသည့်အရာကို စင်စစ် ထိုအရာသည် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ချပေးခြင်းခံရသော)အမှန်တရားပင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုအရှင်မြတ်သည် ၎င်းတို့၏မကောင်းမှုများကို ၎င်းတို့မှ ပပျောက်စေတော်မူမည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်ပေးတော်မူပေမည်။
- 3
ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُوا۟ ٱتَّبَعُوا۟ ٱلْبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُوا۟ ٱتَّبَعُوا۟ ٱلْحَقَّ مِن رَّبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ لِلنَّاسِ أَمْثَٰلَهُمْ
စကားအသုံးအနှုန်း: Zaalika bi annal lazeena kafarut taba'ul baatila wa annal lazeena aamanut taba'ul haqqa mir Rabbihim; kazaalika yadribul laahu linnaasi amsaalahum
ဤသို့ဖြစ်ရခြင်းမှာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အမှားကို လိုက်နာခဲ့ကြသောကြောင့် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှာ အမှန်တရားကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် လူတို့၏အကျိုးငှာ ၎င်းတို့၏ အခြေအနေများကို ခိုင်းနှိုင်း မိန့်ကြားထားတော်မူပေသတည်း။
- 4
فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ فَضَرْبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثْخَنتُمُوهُمْ فَشُدُّوا۟ ٱلْوَثَاقَ فَإِمَّا مَنًّۢا بَعْدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنْهُمْ وَلَٰكِن لِّيَبْلُوَا۟ بَعْضَكُم بِبَعْضٍۢ ۗ وَٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Fa-izaa laqeetumul lazeena kafaroo fadarbar riqaab, hattaaa izaa askhan tumoohum fashuddul wasaaq, fa immaa mannnam ba'du wa immaa fidaaa'an hattaa tada'al harbu awzaarahaa; zaalika wa law yashaaa'ul laahu lantasara minhum wa laakil laiyabluwa ba'dakum biba'd; wallazeena qutiloo fee sabeelil laahi falany yudilla a'maalahum
ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။
- 5
سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ
စကားအသုံးအနှုန်း: Sa-yahdeehim wa yusihu baalahum
ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်၍ ပေးတော်မူပေမည်။
- 6
وَيُدْخِلُهُمُ ٱلْجَنَّةَ عَرَّفَهَا لَهُمْ
စကားအသုံးအနှုန်း: Wa yudkhiluhumul jannata 'arrafahaa lahum
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အား’ဂျန္နတ်’သုခဘုံသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုအရှင်မြတ်သည် ယင်း ‘ဂျန္နတ်’သုခဘုံကို ၎င်းတို့အား(ကောင်းစွာ) သိထားစေတော်မူမည်ဖြစ်၏။
- 7
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تَنصُرُوا۟ ٱللَّهَ يَنصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ
စကားအသုံးအနှုန်း: Yaaa ayyuhal lazeena aamanooo in tansurul laaha yansurkum wa yusabbit aqdaamakum
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏သာသနာကိုလည်းကောင်း ထိုအရှင်မြတ်၏ ရစူလ်တမန်တော်)အား(လည်းကောင်း၊) ကူညီကြလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ကူညီတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏ခြေများကို(စစ်မက်တိုက်ခိုက်ရာ၌) မြဲမြံကြံ့ခိုင်စေတော်မူပေမည်။
- 8
وَٱلَّذِينَ كَفَرُوا۟ فَتَعْسًۭا لَّهُمْ وَأَضَلَّ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Wallazeena kafaroo fata's al lahum wa adalla a'maalahum
‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့၌မူ ပျက်စီးခြင်းသာလျှင် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကိုလည်း ထိုအရှင်မြတ်သည် အချည်းနှီး ဖြစ်စေတော်မူပေမည်။
- 9
ذَٰلِكَ بِأَنَّهُمْ كَرِهُوا۟ مَآ أَنزَلَ ٱللَّهُ فَأَحْبَطَ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Zaalika bi annahum karihoo maaa anzalal laahu faahbata a'maalahum
ဤသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူသော (အမိန့်ပညတ်တို့)ကို ၎င်းတို့ စက်ဆုပ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့ပေသတည်း။
- 10
۞ أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۚ دَمَّرَ ٱللَّهُ عَلَيْهِمْ ۖ وَلِلْكَٰفِرِينَ أَمْثَٰلُهَا
စကားအသုံးအနှုန်း: Afalam yaseeroo fil ardi fayanzuroo kaifa kaana 'aaqibatul lazeena min qablihim; dammaral laahu 'alaihim wa lilkaafireena amsaaluhaa
၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မြင်ကြပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေးသူဟောင်းတို့အား ဖျက်ဆီးတော်မူခဲ့၏။ စင်စစ်သော်ကား (ဤ)’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့၌(လည်း)ယင်းကဲ့သို့သော အဖြစ်အပျက်များပင် ဖြစ်ပေါ်အံ့သတည်း။
- 11
ذَٰلِكَ بِأَنَّ ٱللَّهَ مَوْلَى ٱلَّذِينَ ءَامَنُوا۟ وَأَنَّ ٱلْكَٰفِرِينَ لَا مَوْلَىٰ لَهُمْ
စကားအသုံးအနှုန်း: Zaalika bi annal laaha mawlal lazeena aamanoo wa annal kaafireena laa mawlaa lahum
ယင်းသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် လည်းကောင်း၊ 'ကာဖိရ်' သွေဖည်ငြင်းပယ်သောသူတို့၌ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင်ဟူ၍ အလျှင်း မရှိသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။
- 12
إِنَّ ٱللَّهَ يُدْخِلُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ جَنَّٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ ۖ وَٱلَّذِينَ كَفَرُوا۟ يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ ٱلْأَنْعَٰمُ وَٱلنَّارُ مَثْوًۭى لَّهُمْ
စကားအသုံးအနှုန်း: Innal-laaha yudkhilul lazeena aamanoo wa 'amilus saalihaati Jannaatin tajree min tahtihal anhaaru wallazeena kafaroo yatamatta'oona wa yaakuloona kamaa taakuluian'aamu wan Naaru maswallahum
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏ အောက်၌ ရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့မှာကား ခြေလေးချောင်းတိရစ္ဆာန်တို့စား(သောက်)ကြသကဲ့သို့ပင်(လောကီဘဝ၌သာလျှင်) စည်းစိမ်ခံခြင်း ကိုလည်းကောင်း၊ စား(သောက်၊ နေထိုင်)ခြင်းကို လည်းကောင်း၊ ပြုလုပ်၍နေကြကုန်၏။ စင်စစ်မှာမူကား (ငရဲ)မီးသာလျှင် ၎င်းတို့၏ နေရာထိုင်ခင်း (အစစ်အမှန်) ဖြစ်ပေသည်။
- 13
وَكَأَيِّن مِّن قَرْيَةٍ هِىَ أَشَدُّ قُوَّةًۭ مِّن قَرْيَتِكَ ٱلَّتِىٓ أَخْرَجَتْكَ أَهْلَكْنَٰهُمْ فَلَا نَاصِرَ لَهُمْ
စကားအသုံးအနှုန်း: Wa ka ayyim min qaryatin hiya ashaddu quwwatam min qaryatikal lateee akhrajatka ahlaknaahum falaa naasira lahum
စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများမှာ၊ ခွန်အားဗလအားဖြင့် အသင့်အား နှင်ထုတ်ခဲ့သော အသင်၏မြို့ရွာထက်ပိုမို (ကြီးမား) ပြင်းထန်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့အား ကူညီစောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေတကား။
- 14
أَفَمَن كَانَ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّهِۦ كَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ وَٱتَّبَعُوٓا۟ أَهْوَآءَهُم
စကားအသုံးအနှုန်း: Afaman kaana 'alaa baiyinatim mir Rabbihee kaman zuyyina lahoo sooo'u 'amalihee wattaba'ooo ahwaaa'ahum
သို့ဖြစ်ပေရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာပေါ်၌ ရပ်တည်လျက်ရှိကြသော သူတို့သည် အကြင်သူတို့ကဲ့သို့ ဖြစ်ကြပါမည်လော။ ထိုသူတို့၏ မကောင်းမှုများမှာ ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်နာခဲ့ကြကုန်၏။
- 15
مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۖ فِيهَآ أَنْهَٰرٌۭ مِّن مَّآءٍ غَيْرِ ءَاسِنٍۢ وَأَنْهَٰرٌۭ مِّن لَّبَنٍۢ لَّمْ يَتَغَيَّرْ طَعْمُهُۥ وَأَنْهَٰرٌۭ مِّنْ خَمْرٍۢ لَّذَّةٍۢ لِّلشَّٰرِبِينَ وَأَنْهَٰرٌۭ مِّنْ عَسَلٍۢ مُّصَفًّۭى ۖ وَلَهُمْ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَمَغْفِرَةٌۭ مِّن رَّبِّهِمْ ۖ كَمَنْ هُوَ خَٰلِدٌۭ فِى ٱلنَّارِ وَسُقُوا۟ مَآءً حَمِيمًۭا فَقَطَّعَ أَمْعَآءَهُمْ
စကားအသုံးအနှုန်း: Masalul jannatil latee wu'idal muttaqoona feehaaa anhaarum mim maaa'in ghayri aasininw wa anhaarum mil labanil lam yataghaiyar ta'muhoo wa anhaarum min khamril lazzatil lishshaaribeena wa anhaarum min 'asalim musaffanw wa lahum feeha min kullis samaraati wa maghfiratum mir Rabbihim kaman huwa khaalidun fin naari wa suqoo maaa'an hameeman faqatta'a am'aaa'ahum
‘မွတ္တကီ’ သူတော်စင်များ ကတိပေးခြင်းကို ခံကြရသော ‘ဂျန္နတ်’ သုခဘုံ၏အခြေအနေမှာ(ဤသို့ဖြစ်၏။) ယင်း’ဂျန္နတ်’ သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်လည်းကောင်း၊ အရသာပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့အရသာကောင်းသော အရက်ချောင်းများသည်လည်းကောင်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့အဖို့ယင်း’ဂျန္နတ်’သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ ထိုသူတို့သည်)အကြင်သူတို့ကဲ့သို့ (ဖြစ်နိုင်ကြပါမည်လော။) ထိုသူတို့သည် မီးထဲ၌ အမြဲထာဝရ နေထိုင်ကြအံ့သောသူများပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသောရေ တိုက်ကျွေးခြင်းကို ခံကြရမည်ဖြစ်ပေရာ ထိုရေမှာမူကား ၎င်းတို့၏ အူသိမ်၊ အူမများကိုအပိုင်းပိုင်း ဖြတ်စေအံ့သတည်း။
- 16
وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ حَتَّىٰٓ إِذَا خَرَجُوا۟ مِنْ عِندِكَ قَالُوا۟ لِلَّذِينَ أُوتُوا۟ ٱلْعِلْمَ مَاذَا قَالَ ءَانِفًا ۚ أُو۟لَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ
စကားအသုံးအနှုန်း: Wa minhum mai yastami' ilaika hattaaa izaa kharajoo min 'indika qaaloo lillazeena ootul 'ilma maazaa qaala aanifaa; ulaaa'ikal lazeena taba'al laahu 'alaa quloobihim wattaba'ooo ahwaaa'ahum
စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို ချီးမြှင့်ခံကြရသော ပုဂ္ဂိုလ်တို့အား ယခု ဤသူ(တမန်တော်မြတ်သည်) မည်သည့်စကား ပြောဆိုခဲ့ပါသနည်းဟု မေးမြန်းကြကုန်၏။ ထိုသူတို့သည်ပင်လျှင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာကြကုန်၏။
- 17
وَٱلَّذِينَ ٱهْتَدَوْا۟ زَادَهُمْ هُدًۭى وَءَاتَىٰهُمْ تَقْوَىٰهُمْ
စကားအသုံးအနှုန်း: Wallazeenah tadaw zaadahum hudanw wa aataahum taqwaahum
သို့ရာတွင် တရားလမ်းမှန်ကို ရရှိခဲ့ကြသော သူတို့ကိုမူကား ထိုအရှင်မြတ်သည် ပိုမို၍ပင် တရားလမ်းမှန်ကိုပြသတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့အား တက္ကဝါတရားကိုလည်း ချီးမြှင့်ပေးသနားတော်မူ၏။
- 18
فَهَلْ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأْتِيَهُم بَغْتَةًۭ ۖ فَقَدْ جَآءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَآءَتْهُمْ ذِكْرَىٰهُمْ
စကားအသုံးအနှုန်း: Fahal yanzuroona illas Saa'ata an taatiyahum baghtatan faqad jaaa'a ashraatuhaa; fa-annnaa lahum izaa jaaa'at hum zikraahum
စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။
- 19
فَٱعْلَمْ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱللَّهُ وَٱسْتَغْفِرْ لِذَنۢبِكَ وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ ۗ وَٱللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَىٰكُمْ
စကားအသုံးအနှုန်း: Fa'lam annahoo laaa ilaaha illal laahu wastaghfir lizambika wa lilmu'mineena walmu'minaat; wallaahu ya'lamu mutaqallabakum wa maswaakum
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာ သိရှိယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အားလုံးတို့)၏ လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
- 20
وَيَقُولُ ٱلَّذِينَ ءَامَنُوا۟ لَوْلَا نُزِّلَتْ سُورَةٌۭ ۖ فَإِذَآ أُنزِلَتْ سُورَةٌۭ مُّحْكَمَةٌۭ وَذُكِرَ فِيهَا ٱلْقِتَالُ ۙ رَأَيْتَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ يَنظُرُونَ إِلَيْكَ نَظَرَ ٱلْمَغْشِىِّ عَلَيْهِ مِنَ ٱلْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
စကားအသုံးအနှုန်း: Wa yaqoolul lazeena aamanoo law laa nuzzilat Sooratun fa izaaa unzilat Sooratum Muhkamatunw wa zukira feehal qitaalu ra aytal lazeena fee quloobihim maraduny yanzuroona ilaika nazaral maghshiyyi 'alaihi minal mawti fa'awlaa lahum
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့် မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။
- 21
طَاعَةٌۭ وَقَوْلٌۭ مَّعْرُوفٌۭ ۚ فَإِذَا عَزَمَ ٱلْأَمْرُ فَلَوْ صَدَقُوا۟ ٱللَّهَ لَكَانَ خَيْرًۭا لَّهُمْ
စကားအသုံးအနှုန်း: Taa'atunw wa qawlum ma'roof; fa izaa 'azamal amru falaw sadaqul laaha lakaana khairal lahum
(၎င်းတို့၏) လိုက်နာမှုသည်လည်းကောင်း၊ ပြောဆိုမှုသည်လည်းကောင်း၊ သိရှိပြီးဖြစ်၏။ သို့တစေလည်း ၎င်းတို့သည် အရေးကိစ္စ အလုံးစုံပြဌာန်းပြီး ဖြစ်သောအခါ၌လည်း အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ သစ္စာစောင့်သိကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။
- 22
فَهَلْ عَسَيْتُمْ إِن تَوَلَّيْتُمْ أَن تُفْسِدُوا۟ فِى ٱلْأَرْضِ وَتُقَطِّعُوٓا۟ أَرْحَامَكُمْ
စကားအသုံးအနှုန်း: Fahal 'asaitum in tawallaitum an tufsidoo fil ardi wa tuqatti'ooo arhaamakum
သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (စစ်မက်တိုက်ခိုက်ခြင်းမှ) လွှဲရှောင်ခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် ဆူပူသောင်းကျန်းနိုင်ကြမည် ဟူ၍လည်းကောင်း၊ မိမိတို့ အချင်းချင်း သားချင်းတော်စပ်မှုကို ဖြတ်တောက်နိုင်ကြ မည်ဟူ၍လည်းကောင်း၊ မျှော်လင့်ကြလေသလော။
- 23
أُو۟لَٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ فَأَصَمَّهُمْ وَأَعْمَىٰٓ أَبْصَٰرَهُمْ
စကားအသုံးအနှုန်း: Ulaaa'ikal lazeena la'anahumul laahu fa asammahum wa a'maaa absaarahum
ထိုသူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ တစ်ဖန် ၎င်းတို့အား နားပင်းစေတော်မူခဲ့၏။ထို့ပြင် ၎င်းတို့၏မျက်စိများကို ကန်းစေတော်မူခဲ့၏။
- 24
أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ أَمْ عَلَىٰ قُلُوبٍ أَقْفَالُهَآ
စကားအသုံးအနှုန်း: Afalaa yatadabbaroonal Qur-aana am 'alaa quloobin aqfaaluhaa
သို့ပါလျက် ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို စေ့ငုစွာ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။ သို့တည်းမဟုတ် (၎င်းတို့၏)စိတ်နှလုံးများပေါ်၌ သော့ခလောက်များ(ခတ်ထားလျက်) ရှိနေသလော။
- 25
إِنَّ ٱلَّذِينَ ٱرْتَدُّوا۟ عَلَىٰٓ أَدْبَٰرِهِم مِّنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَى ۙ ٱلشَّيْطَٰنُ سَوَّلَ لَهُمْ وَأَمْلَىٰ لَهُمْ
စကားအသုံးအနှုန်း: Innal lazeenar taddoo 'alaaa adbaarihim mim ba'di maa tabaiyana lahumul hudash Shaitaanu sawwala lahum wa amlaa lahum
ဧကန်စင်စစ် အကြင်သူတို့သည် ၎င်းတို့အဖို့ တရားလမ်းမှန် ထင်ရှားခဲ့ပြီးနောက်တွင် ကျောခိုင်း၍ ပြန်လှည့်သွားကြကုန်၏။ ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူတို့အား ဖြားယောင်းခဲ့လေ၏။ ထိုမှတစ်ပါး ယင်း’ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား မက်လုံးပြခဲ့လေ၏။
- 26
ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لِلَّذِينَ كَرِهُوا۟ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمْ فِى بَعْضِ ٱلْأَمْرِ ۖ وَٱللَّهُ يَعْلَمُ إِسْرَارَهُمْ
စကားအသုံးအနှုန်း: Zaalika bi annahum qaaloo lillazeena karihoo maa nazzalal laahu sanutee'ukum fee ba'dil amri wallaahu ya'lamu israarahum
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူခဲ့သော အမိန့်တော်များကို စက်ဆုပ်ကြသောသူတို့အား ဧကန်အမှန် ကျွန်ုပ်တို့သည် အချို့သောအရေးကိစ္စများ၌ အသင်တို့၏စကားကို လိုက်နာကြမည်ဟု ပြောဆိုခဲ့ကြသောကြောင့်ပင်။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်စွာပြောဆိုမှုကို ကောင်းစွာသိရှိတော်မူ၏။
- 27
فَكَيْفَ إِذَا تَوَفَّتْهُمُ ٱلْمَلَٰٓئِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَٰرَهُمْ
စကားအသုံးအနှုန်း: Fakaifa izaa tawaffat humul malaaa'ikatu yadriboona wujoohahum wa adbaa rahum
သို့ရာတွင် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် ထိုသူတို့၏ မျက်နှာများကိုလည်းကောင်း၊ ထိုသူတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်ကြလျက် ထိုသူတို့၏ အသက်ဇီဝိန်နှုတ်သိမ်းကြသောအခါ (ထိုသူတို့သည်) မည်သည့်အဖြစ်သို့ (ရောက်ရှိကြအံ့နည်း)။
- 28
ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُوا۟ مَآ أَسْخَطَ ٱللَّهَ وَكَرِهُوا۟ رِضْوَٰنَهُۥ فَأَحْبَطَ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Zaalika bi annahumut taba'oo maaa askhatal laaha wa karihoo ridwaanahoo fa ahbata a'maalahum
ထိုသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် မနှစ်မြို့သောနည်းလမ်းကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ နှစ်မြို့မှုကို စက်ဆုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အပြုအမူဆောင်ရွက်ချက်တို့ကို အချည်းနှီးပင် ဖြစ်စေတော်မူခဲ့ပေသတည်း။
- 29
أَمْ حَسِبَ ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ أَن لَّن يُخْرِجَ ٱللَّهُ أَضْغَٰنَهُمْ
စကားအသုံးအနှုန်း: Am hasibal lazeena fee quloobihim maradun al lan yukhrijal laahu adghaanahum
စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် ၎င်းတို့၏ ရန်ငြိုးထားမှုများကို ငါအရှင်မြတ်သည်အလျှင်း ထုတ်ဖော်တော်မူမည်မဟုတ် ဟု ထင်မှတ်နေကြလေသလော။
- 30
وَلَوْ نَشَآءُ لَأَرَيْنَٰكَهُمْ فَلَعَرَفْتَهُم بِسِيمَٰهُمْ ۚ وَلَتَعْرِفَنَّهُمْ فِى لَحْنِ ٱلْقَوْلِ ۚ وَٱللَّهُ يَعْلَمُ أَعْمَٰلَكُمْ
စကားအသုံးအနှုန်း: Wa law nashaaa'u la-arainaakahum fala 'araftahum bi seemaahum; wa lata'rifan nahum fee lahnil qawl; wallaahu ya'lamu a'maalakum
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ အသင်သည် မုချဧကန် ၎င်းတို့အား ၎င်းတို့၏ ရုပ်ရည်လက္ခဏာအမူအရာဖြင့် မုချအတိအကျ သိရှိပေမည်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား (၎င်းတို့၏) စကားပြောဆိုပုံ စကားအသွားအလာဖြင့် (ယခုလည်း) အမှန်ပင် သိရှိပေမည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ကောင်းစွာ သိရှိတော်မူ၏။
- 31
وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ ٱلْمُجَٰهِدِينَ مِنكُمْ وَٱلصَّٰبِرِينَ وَنَبْلُوَا۟ أَخْبَارَكُمْ
စကားအသုံးအနှုန်း: Wa lanabluwannakum hattaa na'lamal mujaahideena minkum wassaabireena wa nabluwa akhbaarakum
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အနက်မှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတို့ကို သိရှိတော်မူသည့် တိုင်အောင်လည်းကောင်း၊ အသင်တို့၏ အခြေအနေများကို စမ်းသပ် (ကြည့်ရှု)တော်မူသည့် တိုင်အောင်လည်းကောင်း၊အသင်တို့အား စမ်းသပ်တော်မူအံ့သတည်း။
- 32
إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ وَشَآقُّوا۟ ٱلرَّسُولَ مِنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْهُدَىٰ لَن يَضُرُّوا۟ ٱللَّهَ شَيْـًۭٔا وَسَيُحْبِطُ أَعْمَٰلَهُمْ
စကားအသုံးအနှုန်း: Innnal lazeena kafaroo wa saddoo 'an sabeelil laahi wa shaaaqqur Rasoola mim ba'di maa tabaiyana lahumul hudaa lany yadurrul laaha shai'anw wa sa yuhbitu a'maalahum
ဧကန်အမှန် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ(လည်း) တားဆီးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ဘက် ပြုလုပ်ခဲ့ကြကုန်၏။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်ချက်တို့ကို အချည်းနှီး ဖြစ်စေတော်မူပေမည်။
- 33
۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ وَلَا تُبْطِلُوٓا۟ أَعْمَٰلَكُمْ
စကားအသုံးအနှုန်း: Yaaa ayyuhal lazeena aamanoo atee'ul laaha wa atee'ur Rasoola wa laa tubtilooo a'maalakum
‘အို-မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို(လည်း) လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏ အပြုအမူ ဆောင်ရွက်ချက်များကို အချည်းနှီး မဖြစ်စေကြကုန်လင့်။
- 34
إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ثُمَّ مَاتُوا۟ وَهُمْ كُفَّارٌۭ فَلَن يَغْفِرَ ٱللَّهُ لَهُمْ
စကားအသုံးအနှုန်း: Innal lazeena kafaroo wa saddoo 'an sabeelil laahi summa maatoo wa hum kuffaarun falany yaghfirallaahu lahum
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီး ပိတ်ပင်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့အဖြစ်နှင့်ပင် သေဆုံးသွားခဲ့ကြကုန်၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်း ခွင့်လွှတ်ချမ်းသာပေးတော်မူမည် မဟုတ်ပေ။
- 35
فَلَا تَهِنُوا۟ وَتَدْعُوٓا۟ إِلَى ٱلسَّلْمِ وَأَنتُمُ ٱلْأَعْلَوْنَ وَٱللَّهُ مَعَكُمْ وَلَن يَتِرَكُمْ أَعْمَٰلَكُمْ
စကားအသုံးအနှုန်း: Falaa tahinoo wa tad'ooo ilas salmi wa antumul a'lawna wallaahu ma'akum wa lany yatirakum a'maalakum
သို့ဖြစ်ပေရာ (အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊)အသင်တို့သည် အားလျှော့ခြင်း မပြုကြကုန်လင့်။(၎င်းတို့အား) စစ်ပြေငြိမ်းရေးသို့ ဖိတ်ခေါ်ခြင်းလည်း မပြုကြကုန်လင့်၊ အမှန်သော်ကား အသင်တို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်များ(၏အကျိုး)ကို အလျှင်း လျော့နည်းစေတော်မူမည် မဟုတ်ပေတကား။
- 36
إِنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌۭ وَلَهْوٌۭ ۚ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْـَٔلْكُمْ أَمْوَٰلَكُمْ
စကားအသုံးအနှုန်း: Innamal hayaatud dunyaa la'ibunw wa lahw; wa in to'minoo wa tattaqoo yu'tikum ujoorakum wa laa yas'alkum amwaalakum
(ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။
- 37
إِن يَسْـَٔلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا۟ وَيُخْرِجْ أَضْغَٰنَكُمْ
စကားအသုံးအနှုန်း: Iny yas'alkumoohaa fa yuhfikum tabkhaloo wa yukhrij adghaanakum
အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့ထံမှ ယင်းပစ္စည်းဥစ္စာများကို တောင်းဆိုတော်မူသည်ရှိသော်၊တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့ထံ အပူတပြင်း တောင်းဆိုတော်မူသည်ရှိသော်၊ အသင်တို့သည် စေးနှဲကြပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည်လည်း အသင်တို့၏ စက်ဆုပ်မှုများကို ထုတ်ဖော်တော်မူပေမည်။
- 38
هَٰٓأَنتُمْ هَٰٓؤُلَآءِ تُدْعَوْنَ لِتُنفِقُوا۟ فِى سَبِيلِ ٱللَّهِ فَمِنكُم مَّن يَبْخَلُ ۖ وَمَن يَبْخَلْ فَإِنَّمَا يَبْخَلُ عَن نَّفْسِهِۦ ۚ وَٱللَّهُ ٱلْغَنِىُّ وَأَنتُمُ ٱلْفُقَرَآءُ ۚ وَإِن تَتَوَلَّوْا۟ يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوٓا۟ أَمْثَٰلَكُم
စကားအသုံးအနှုန်း: haaa antum haaa'ulaaa'i tud'awna litunfiqoo fee sabeelillaahi faminkum many yabkhalu wa many yabkhal fa innamaa yabkhalu 'an nafsih; wallaahu Ghaniyyu wa antumul fuqaraaa'; wa in tatwal law yastabdil qawman ghairakum summa laa yakoonooo amsaalakum
ဟယ်-(အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသောသူများပင်။ သို့ရာတွင် အသင်တို့အနက် အချို့မှာ စေးနှဲသောသူများဖြစ်ကြကုန်၏။ အမှန်သော်ကား မည်သူမဆို စေးနှဲပါမူ ထိုသူသည် မိမိကိုယ်နှင့်ပတ်သက်၍ စေးနှဲသည်သာတည်း။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ရာတွင် အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် (အသင်တို့အား) အသင်တို့၏နေရာတွင် အခြားသောအမျိုးသားတို့ဖြင့် လဲလှယ်တော်မူပေမည်။ ထိုအမျိုးသားတို့မှာကား အသင်တို့နှင့် တူကြမည် မဟုတ်ပေ။
ဘာသာပြန်ထုတ်ဝေမှု- my.ghazi
အခန်းငယ် အသံ- Mishary Rashid Alafasy (128kbps islamic.network CDN မှတဆင့်)။
စာသားနှင့် ဘာသာပြန်များ- api.alquran.cloud · Uthmani အာရဗီ။
Ayah ၏ အဓိပ္ပါယ် မရှင်းလင်းပါက အထူးသဖြင့် ဥပဒေရေးရာနှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စများအတွက် အရည်အချင်းပြည့်မီသော ဆရာတစ်ဦးကို မေးမြန်းပါ။